မက်ဆီရဲ့ အသင်းဟောင်း၊ ရီးရဲလ် မဟာပြိုင်ဘက် ဘာစီလိုနာကိုမှ ပြောင်းချင်လို့ လိုက်မေးနေတဲ့ စီ ရော်နယ်ဒို

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရော်နယ်ဒိုဟာ သူ့ကိုခေါ်ယူဖို့အတွက် ဘာစီလိုနာနည်းပြ ဇာဗီနဲ့ နောက်ခံလူ ပီကေးတို့ထံ ဆက်သွယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဘာစီလိုနာဟာ ရော်နယ်ဒိုရဲ့ အသင်းဟောင်း ရီးရဲလ်ရဲ့ မဟာပြိုင်ဘက် ဖြစ်သလို၊ ရော်နယ်ဒိုရဲ့ ပြိုင်ဘက် မက်ဆီရဲ့ အသင်းဟောင်းလည်း ဖြစ်နေတာကြောင့် ဒီသတင်းက ထူးခြားနေပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုဟာ မန်ယူ မှာ မပျော်မရွှင်ဖြစ်နေပြီး သူ့ရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကလည်း ဘာစီလိုနာဥက္ကဌ လာပေါ်တာနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ မွန်ဒိုသတင်းဌာနက ဖော်ပြခဲ့သေးတာပါ။

ဘာစီလိုနာဟာ တိုက်စစ်ပိုင်းအတွက် ပုံမှန်ဂိုးသွင်းပေးနိုင်မယ့် ကစားသမားတယောက်ကို မဖြစ်မနေ လိုအပ်နေပြီး မန်စီးတီး ကစားသမား ဖာရန်တောရက်စ်ကို ခေါ်ယူထားပေမယ့် နောက်ထပ် တိုက်စစ်မှူးတယောက်ကို ရှာဖွေနေပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ပီကေးရဲ့ တဆင့်ခံ မိတ်ဆက်ပေးမှုက တဆင့် ဘာစီလိုနာနည်းပြ ဇာဗီနဲ့ စကားပြောဖြစ်ခဲ့ပြီး အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ လာပေါ်တာတို့အကြား ဆက်ဆံရေးကောင်း ရှိတာကလည်း ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့အတွက် စိတ်ဝင်စားစရာ ဖြစ်လာနေပါတယ်။

ဘာစီလိုနာ ကစားသမားအများစုက ရော်နယ်ဒိုနဲ့ ပတ်သက်တဲ့ ဒီအပြောင်းအရွှေ့သတင်းတွေကို စစချင်းကြားသိချိန်မှာ ဟာသအဖြစ် ထင်မှတ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဒီအရာက အမှန်တကယ် ဖြစ်လာနိုင်ခြေရှိနေတာပါ။

အသက် (၃၆) နှစ်အရွယ် ရော်နယ်ဒိုအနေနဲ့ အရင်တည်းက ဘာစီလိုနာကို ပြောင်းသင့်တယ်လို့ အကြံပြုမှုတွေ ယခင်က ရှိခဲ့ပေမယ့် မက်ဆီရဲ့ အသင်းဟောင်းဖြစ်နေတာ၊ ရော်နယ်ဒိုက ရီးရဲယ်မက်ဒရစ် ဂန္တဝင်ဖြစ်နေတာတွေကြောင့် မဖြစ်နိုင်ဘူးလို့ အားလုံးက ထင်မှတ်ခဲ့ကြပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉး ေရာ္နယ္ဒိုဟာ သူ႔ကိုေခၚယူဖို႔အတြက္ ဘာစီလိုနာနည္းျပ ဇာဗီနဲ႔ ေနာက္ခံလူ ပီေကးတို႔ထံ ဆက္သြယ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ဘာစီလိုနာဟာ ေရာ္နယ္ဒိုရဲ႕ အသင္းေဟာင္း ရီးရဲလ္ရဲ႕ မဟာျပိဳင္ဘက္ ျဖစ္သလို၊ ေရာ္နယ္ဒိုရဲ႕ ျပိဳင္ဘက္ မက္ဆီရဲ႕ အသင္းေဟာင္းလည္း ျဖစ္ေနတာေၾကာင့္ ဒီသတင္းက ထူးျခားေနပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ေရာ္နယ္ဒိုဟာ မန္ယူ မွာ မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး သူ႔ရဲ႕ေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္ကလည္း ဘာစီလိုနာဥကၠဌ လာေပၚတာနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ေနတယ္လို႔ မြန္ဒိုသတင္းဌာနက ေဖာ္ျပခဲ့ေသးတာပါ။

ဘာစီလိုနာဟာ တိုက္စစ္ပိုင္းအတြက္ ပုံမွန္ဂိုးသြင္းေပးႏိုင္မယ့္ ကစားသမားတေယာက္ကို မျဖစ္မေန လိုအပ္ေနၿပီး မန္စီးတီး ကစားသမား ဖာရန္ေတာရက္စ္ကို ေခၚယူထားေပမယ့္ ေနာက္ထပ္ တိုက္စစ္မႉးတေယာက္ကို ရွာေဖြေနပါတယ္။

ေရာ္နယ္ဒိုဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ပီေကးရဲ႕ တဆင့္ခံ မိတ္ဆက္ေပးမႈက တဆင့္ ဘာစီလိုနာနည္းျပ ဇာဗီနဲ႔ စကားေျပာျဖစ္ခဲ့ၿပီး ေအးဂ်င့္ ေဂ်ာ့ခ်္မန္ဒက္စ္နဲ႔ လာေပၚတာတို႔အၾကား ဆက္ဆံေရးေကာင္း ရွိတာကလည္း ေရာ္နယ္ဒိုရဲ႕အေျပာင္းအေ႐ႊ႕အတြက္ စိတ္ဝင္စားစရာ ျဖစ္လာေနပါတယ္။

ဘာစီလိုနာ ကစားသမားအမ်ားစုက ေရာ္နယ္ဒိုနဲ႔ ပတ္သက္တဲ့ ဒီအေျပာင္းအေ႐ႊ႕သတင္းေတြကို စစခ်င္းၾကားသိခ်ိန္မွာ ဟာသအျဖစ္ ထင္မွတ္ခဲ့ၾကေပမယ့္ တကယ္တမ္းမွာေတာ့ ဒီအရာက အမွန္တကယ္ ျဖစ္လာႏိုင္ေျခရွိေနတာပါ။

အသက္ (၃၆) ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုအေနနဲ႔ အရင္တည္းက ဘာစီလိုနာကို ေျပာင္းသင့္တယ္လို႔ အႀကံျပဳမႈေတြ ယခင္က ရွိခဲ့ေပမယ့္ မက္ဆီရဲ႕ အသင္းေဟာင္းျဖစ္ေနတာ၊ ေရာ္နယ္ဒိုက ရီးရဲယ္မက္ဒရစ္ ဂႏၲဝင္ျဖစ္ေနတာေတြေၾကာင့္ မျဖစ္ႏိုင္ဘူးလို႔ အားလုံးက ထင္မွတ္ခဲ့ၾကပါတယ္။