ကလော့ပ်နဲ့ လီဗာပူးအသင်းရဲ့ ပစ်မှတ်စာရင်းထဲ ရောက်လာတဲ့ အာဆယ်နယ် လူငယ် ကြယ်ပွင့်လေး

လီဗာပူးအသင်းရဲ့ ပစ်မှတ်စာရင်းထဲမှာ အာဆင်နယ် အသင်း လူငယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ ပါဝင်လာတယ် လို့ အင်္ဂလန် သတင်းတွေက ဆိုပါတယ်။

အသက် ၂၀ အရွယ်ကစားသမားဟာ အာဆင်နယ် အသင်းရဲ့ အတောက်ပဆုံး ကစားသမားတွေထဲတစ်ဦးအဖြစ် သတ်မှတ်ခံထားရပါတယ်။ ထို စွမ်းဆောင်ရည်တွေကြောင့် လီဗာပူးအသင်းက ခေါ်ယူချင်နေတာဖြစ်ကာ ပစ်မှတ်စာရင်းထဲ ပါဝင်လာပါတယ်။

ဒါ့အပြင် သတင်းတွေအရ ဆာကာဟာ လီဗာပူးကို ပြောင်းနိုင်ချေရှိတယ်လို့ ဖော်ပြနေကြပါတယ်။ အပြောင်းအရွှေ့ သတင်းထောက် ဂယ်ရီက အာဆင်နယ်ဟာ ဆာကာရဲ့အေးဂျင့်နဲ့ စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးပြီးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

“လီဗာပူးက ဆာကာရဲအခြေအနေကို စောင့်ကြည့်နေပါတယ်။ သူတို့က ဆာကာတစ်ယောက် ကမ္ဘာ့အဆင့် ကစားသမား တစ်ဦး ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်”လို့ ဂယ်ရီက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်သားဟာ ဒီရာသီအာဆင်နယ်အတွက် ၅ ပရီးမီးယားလိဂ်သွင်းဂိုး ၅ ဂိုးအထိ သွင်းယူထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ထားကာ နောဝစ်ချ်နဲ့ ဘောက်ဆင်ဒေးပွဲမှာ ၂ ဂိုးသွင်း အထိ သွင်းယူပေး နိုင်ခဲ့ပါတယ်။

ZG

လီဗာပူးအသင္းရဲ႕ ပစ္မွတ္စာရင္းထဲမွာ အာဆင္နယ္ အသင္း လူငယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ ပါဝင္လာတယ္ လို႔ အဂၤလန္ သတင္းေတြက ဆိုပါတယ္။

အသက္ ၂၀ အ႐ြယ္ကစားသမားဟာ အာဆင္နယ္ အသင္းရဲ႕ အေတာက္ပဆုံး ကစားသမားေတြထဲတစ္ဦးအျဖစ္ သတ္မွတ္ခံထားရပါတယ္။ ထို စြမ္းေဆာင္ရည္ေတြေၾကာင့္ လီဗာပူးအသင္းက ေခၚယူခ်င္ေနတာျဖစ္ကာ ပစ္မွတ္စာရင္းထဲ ပါဝင္လာပါတယ္။

ဒါ့အျပင္ သတင္းေတြအရ ဆာကာဟာ လီဗာပူးကို ေျပာင္းႏိုင္ေခ်ရွိတယ္လို႔ ေဖာ္ျပေနၾကပါတယ္။ အေျပာင္းအေ႐ႊ႕ သတင္းေထာက္ ဂယ္ရီက အာဆင္နယ္ဟာ ဆာကာရဲ႕ေအးဂ်င့္နဲ႔ စာခ်ဳပ္သက္တမ္း တိုးဖို႔ ေဆြးေႏြးၿပီးျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

“လီဗာပူးက ဆာကာရဲအေျခအေနကို ေစာင့္ၾကည့္ေနပါတယ္။ သူတို႔က ဆာကာတစ္ေယာက္ ကမာၻ႔အဆင့္ ကစားသမား တစ္ဦး ျဖစ္လာမယ္လို႔ ယုံၾကည္ေနပါတယ္”လို႔ ဂယ္ရီက ေျပာၾကားခဲ့ပါတယ္။

အဂၤလန္သားဟာ ဒီရာသီအာဆင္နယ္အတြက္ ၅ ပရီးမီးယားလိဂ္သြင္းဂိုး ၅ ဂိုးအထိ သြင္းယူထားၿပီးျဖစ္ပါတယ္။ ဒါ့အျပင္ ဂိုးဖန္တီးမႈ ၄ ႀကိမ္ျပဳလုပ္ထားကာ ေနာဝစ္ခ်္နဲ႔ ေဘာက္ဆင္ေဒးပြဲမွာ ၂ ဂိုးသြင္း အထိ သြင္းယူေပး ႏိုင္ခဲ့ပါတယ္။