ပရီးမီးယားလိဂ် လက်လျှော့လိုက်တဲ့ တူချယ်၊ ချီးကျူးခံရတဲ့ လူကာကူ၊ ဂျိမ်းစ် ဒဏ်ရာနဲ့ ယနေ့ညပိုင်း ချဲလ်ဆီး သတင်းများ
ချဲလ်ဆီးကစားသမားဟောင်း ပိုယက်စ်ကတော့ ဘရိုက်တန်နဲ့ သရေကျခဲ့တဲ့ပွဲမှာ တိုက်စစ်မူှး လူကာကူရဲ့ ခြေစွမ်းဟာ ကောင်းမွန်ခဲ့တယ်လို့ ချီးကျူးလိုက်ပြီး လူကာကူဟာ အမြင့်ဘောတွေမှာ အားကောင်းတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်ကတော့ ပရီးမီးယားလိဂ်ရဲ့ လူစားလဲမှု ၅ ဦး ခွင့်မပြုတဲ့အပေါ် ထပ်မံ အတွ့န်တက်ခဲ့ပြီး သူတို့ဟာ ဆောင်းရာသီမှာ ပွဲစဉ်တွေ ကစားရတာ နှစ်သက်မှု ရှိပေမဲ့ ကစားသမားတွေကိုလည်း ကာကွယ်ပေးဖို့ လိုကြောင်း ပြောဆိုခဲ့ပါတယ်။
တူချယ်က ကိုဗစ် ရိုက်ခတ်မှုမြင့်မားနေတဲ့အချိန်မှာ ပရီးမီးယားလိဂ်အနေနဲ့ ဆောင်းရာသီမှာ ဘာလို့ ပွဲစဉ်တွေ ကစားနေသလဲ ဆိုတာနဲ့ လူစားလဲမှု ၃ ဦးသာ ခွင့်ပြုတဲ့အပေါ် လုံးဝနားမလည်နိုင်အောင်ဖြစ်မိကြောင်း ဝေဖန်ခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ ရီစီဂျိမ်းစ်အနေနဲ့ တံကောက်ကြော ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ ချဲလ်ဆီး နည်းပြတူချယ်က အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။
တူချယ်က ဘရိုက်တန် ဟာ သန်မာတဲ့အသင်းဖြစ်လို့ ဒီပွဲစဉ်က ခက်ခဲမယ်ဆိုတာ သိရှိခဲ့ပေမယ် အသင်းမှာ အစွန် ခံစစ် သမားတွေ အားလုံး ဒဏ်ရာ ရရှိနေပြီး ရီစီဂျိမ်းစ် ရဲ့ ဒဏ်ရာကလည်း ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်တယ်လို့ ညည်းတွားခဲ့ပါတယ်။
ဘရိုက်တန်ကို သရေကျပြီးနောက် ချဲလ်ဆီးနည်းပြတူချယ်က သူတို့အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လက်လျှော့လိုက်ပြီ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဂျွန်တယ်ရီက ချဲလ်ဆီးအသင်းထံ လူငယ်ဖွံ့ဖြိုးရေးနည်းပြအနေနဲ့ ပြန်လည် ရောက်ရှိလာပြီးနောက် သူ့အနေနဲ့ အိမ်ပြန်လာရတဲ့အပေါ် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ လူငယ်ကစားသမားတွေကိုသင်ပြသွားက နည်းပြပိုင်းနဲ့ ပတ်သက်ပြီး ဝမ်းစာဖြည့်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

မန်ယူနောက်ခံလူဟောင်း ပေါလ်ပါကားက ချဲလ်ဆီးလူငယ်ကြယ်ပွင့် ဂယ်လ်မောအနေနဲ့ နော့ဝှစ်ချ်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံရပြီးနောက် ဇန်နဝါရီမှာ ချဲလ်ဆီးထံ ပြန်သင့်ကြောင်း၊ ဂယ်လ်မောဟာ ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲဆိုတာ အားလုံးသိပြီး လှောငြေ်ပာင်မှုတွေနဲ့ မထိုက်တန်ကြောင်းဆိုခဲ့ပါတယ်။
ချဲလ်ဆီးကွင်းလယ်လူဂျော်ဂျင်ဟိုက သူ့အနေနဲ့ အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမား မဖြစ်လိုကြောင်း၊ အသင်းရဲ့ တိုက်စစ်မှူးတွေ အနေနဲ့ ဂိုးတွေသွင်းနိုင်ပြီး ထိပ်တန်း ဂိုးသွင်းရှင်ဖြစ်ဖို့ပဲ မျှော်လင့်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။