အာဆင်နယ်ကို စနေနေ့မှာ အပီမတွယ်ခင် အချိုကျွေး မြှောက်ပင့်နေတဲ့ ပက် ဂွာဒီယိုလာ

မန်စီးတီးအသင်းဟာ ညက ဘရန့်ဖို့ဒ်ကို နိုင်တဲ့ ပွဲ အပြီးမှာ အမှတ်ပေး ဇယား ကို ၈ မှတ် ဖြတ် ဦးဆောင် နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၂၂ နှစ်သစ် အစမှာတော့ မန်စီးတီးက ဒီတလော ရလဒ်ကောင်းတွေ ရနေတဲ့ အာဆင်နယ် အသင်း ရဲ့ အိမ်ကွင်း အမ်းမရိတ်မှာ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။

ဘရန့်ဖိုဒ့် နဲ့ ပွဲအပြီး အင်တာဗျူးမှာ မန်စီးတီး အသင်းဟာ ချန်ပီယံ ဆုရရှိဖို့ အလေးသာ နေပြီလား ဆိုတဲ့ မေးခွန်းကို နည်းပြ ဂွာဒီယိုလာ က ပြောဖို့ စောသေးကြောင်းနဲ့ နောက်ပွဲ ပြိုင်ဘက် အာဆင်နယ် အသင်းအကြောင်း အခုလို မှတ်ချက် ပြုခဲ့ပါတယ်။

” ရမှတ် ၅၄ မှတ်ဖိုး ကစားဖို့ ကျန်နေပါသေးတယ်။ ရမှတ် ၈ မှတ် ၉ မှတ် ကွာနေပြီဆိုပြီး ကျိန်းသေ မှန်းထားလို့ မရပါဘူး ၊ လီဗာပူး က တစ်ပွဲ ကစားဖို့ ကျန်နေပါသေးတယ်။

ဒီဇင်ဘာမှာ ဘယ်အသင်းကိုမှ ချန်ပီယံ အဖြစ် သတ်မှတ်လို့ မရသေးပါဘူး၊ ကျွန်တော်တို့ ရှုံးပွဲတွေ ကြုံရဦးမှာပါ၊ အာဆင်နယ် ချဲလ်ဆီး ဆောက်သမ်တန် တို့လို အသင်းတွေနဲ့လည်း ပွဲကြပ်တွေ ကစားရဖို့ ရှိနေပါသေးတယ်။

ကျွန်တော်တို့ လန်ဒန်မှာ အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရပါဦးမယ်၊ လက်ရှိ ထိပ်သီး အသင်းကြီးတွေထဲက တစ်သင်းလို့လည်း ဆိုနိုင်ပါတယ်၊ ပြီးခဲ့တဲ့ လေး ငါးနှစ်အတွင်း အကောင်းဆုံး အာဆင်နယ် အသင်း နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။

ဒီတော့ ကျွန်တော်တို့ ရှေ့လာမယ့် ပွဲတွေကို ဆက်လက် အာရုံစိုက် ရပါဦးမယ်။ ” လို့ ဂွာဒီယိုလာက ပြောကြား သွားခဲ့ပါတယ်။

ZG

မန္စီးတီးအသင္းဟာ ညက ဘရန္႔ဖို႔ဒ္ကို နိုင္တဲ့ ပြဲ အျပီးမွာ အမွတ္ေပး ဇယား ကို ၈ မွတ္ ျဖတ္ ဦးေဆာင္ ႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ၂၀၂၂ နွစ္သစ္ အစမွာေတာ့ မန္စီးတီးက ဒီတေလာ ရလဒ္ေကာင္းေတြ ရေနတဲ့ အာဆင္နယ္ အသင္း ရဲ႕ အိမ္ကြင္း အမ္းမရိတ္မွာ သြားေရာက္ ကစားရမွာ ျဖစ္ပါတယ္။

ဘရန႔္ဖိုဒ့္ နဲ႔ ပြဲအၿပီး အင္တာဗ်ဴးမွာ မန္စီးတီး အသင္းဟာ ခ်န္ပီယံ ဆုရရွိဖို႔ အေလးသာ ေနၿပီလား ဆိုတဲ့ ေမးခြန္းကို နည္းျပ ဂြာဒီယိုလာ က ေျပာဖို႔ ေစာေသးေၾကာင္းနဲ႕ ေနာက္ပြဲ ျပိဳင္ဘက္ အာဆင္နယ္ အသင္းအေၾကာင္း အခုလုိ မွတ္ခ်က္ ျပဳခဲ့ပါတယ္။

” ရမွတ္ ၅၄ မွတ္ဖိုး ကစားဖို႔ က်န္ေနပါေသးတယ္။ ရမွတ္ ၈ မွတ္ ၉ မွတ္ ကြာေနၿပီဆိုၿပီး က်ိန္းေသ မွန္းထားလို႔ မရပါဘူး ၊ လီဗာပူး က တစ္ပြဲ ကစားဖို႔ က်န္ေနပါေသးတယ္။

ဒီဇင္ဘာမွာ ဘယ္အသင္းကိုမွ ခ်န္ပီယံ အျဖစ္ သတ္မွတ္လို႔ မရေသးပါဘူး၊ ကြၽန္ေတာ္တို႔ ရႈံးပြဲေတြ ႀကဳံရဦးမွာပါ၊ အာဆင္နယ္ ခ်ဲလ္ဆီး ေဆာက္သမ္တန္ တို႔လို အသင္းေတြနဲ႔လည္း ပြဲၾကပ္ေတြ ကစားရဖို႔ ရွိေနပါေသးတယ္။

ကြၽန္ေတာ္တို႔ လန္ဒန္မွာ အာဆင္နယ္ အသင္း နဲ႔ ရင္ဆိုင္ ကစားရပါဦးမယ္၊ လက္ရွိ ထိပ္သီး အသင္းႀကီးေတြထဲက တစ္သင္းလို႔လည္း ဆိုႏိုင္ပါတယ္၊ ၿပီးခဲ့တဲ့ ေလး ငါးႏွစ္အတြင္း အေကာင္းဆုံး အာဆင္နယ္ အသင္း နဲ႔ ရင္ဆိုင္ ကစားရမွာ ျဖစ္ပါတယ္။

ဒီေတာ့ ကြၽန္ေတာ္တို႔ ေရွ႕လာမယ့္ ပြဲေတြကို ဆက္လက္ အာ႐ုံစိုက္ ရပါဦးမယ္။ ” လို႔ ဂြာဒီယိုလာက ေျပာၾကား သြားခဲ့ပါတယ္။