မန်ယူ ဆွေးနွေးနေတဲ့ အာဂျင်တီးနားကြယ်ပွင့်၊ ဒိုလေးသတင်းတွေကို ငြင်းတဲ့ အေးဂျင့်နဲ့ ယနေ့ည မန်ယူ သတင်းများ
မန်စီးတီး ကစားသမားဟောင်း ဒီဂျောင်က လက်ရှိ မန်ယူရဲ့လူစာရင်းဟာ ဖောင်းပွနေပြီး ကျစ်လျစ်မှု မရှိကြောင်း၊ မန်ယူ အနေနဲ့ အနည်းဆုံး ကစားသမား ၆ ယောက် လောက်အထိ ရောင်းချပြီး လိုအပ်တဲ့နေရာတွေမှာ ပြန်လည် အားဖြည့် သင့်ကြောင်း အကြံပြုခဲ့ပါတယ်။
မန်ယူ တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အေးဂျင့်က ရော်နယ်ဒို တစ်ယောက် မန်ယူကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်း တွေကို ငြင်းဆန်ခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ မန်ယူမှာ အလွန် ပျော်ရွှင်နေကြောင်း၊ ဒီရာသီဟာ စီရော်နယ်ဒို အတွက်ခမ်းနားတဲ့ ရာသီဖြစ်မယ်ဆိုတာ သေချာကြောင်း ဂျော့မန်ဒက်စ်က ဆိုခဲ့ပါတယ်။

နာပိုလီအနေနဲ့ အက်စတွန်ဗီလာမှာ အငှားနဲ့ ကစားနေတဲ့ မန်ယူ နောက်ခံလူ တွမ်ဇီဘီကို ခေါ်ယူဖို့ ဆက်သွယ်မှုတွေ ပြုလုပ် နေကြောင်း သတင်းထောက် ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ ဗီလာကလည်း တွမ်ဇီဘီကို အပြီးသတ် ခေါ်ယူမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ဆွေးနွေးနေပါတယ်။
ဘန်လေကို အနိုင် ရရှိခဲ့တဲ့ပွဲမှာ မန်ယူနည်းပြ ရန်နစ်အနေနဲ့ အသင်းရဲ့ ကစားသမား ၄ ယောက်ကို ချီးကျူးခဲ့ပါတယ်။ ရန်နစ်အနေနဲ့ တိုက်စစ် ကစားသမားတွေဖြစ်ကြတဲ့ ကာဗာနီ၊ စီရော်နယ်ဒို၊ ဆန်ချိုနဲ့ ဂရင်းဝုဒ်တို့ကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
စပါးအသင်းဟာ ပွဲကစားခွင့် မရလို့ စိတ်ပျက်နေတဲ့ မန်ယူ ဂိုးသမား ဒင်း ဟန်ဒါဆန်ရဲ့ အခြေအနေကို စောင့်ကြည့် နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ စပါးက ၀ါရင့်ဂိုးသမားလိုရစ်ရဲ့နေရာမှာ အစားထိုးဖို့ ဂိုးသမားသစ် ရှာဖွေနေတာပါ။
မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲရားက သူ့အနေနဲ့ ဒီရာသီမှာ အကောင်းဆုံးပုံစံကို မရသေးကြောင်း၊ သူ့အနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာက ခက်ခဲခဲ့ကြောင်း၊ ဒါပေမဲ့ အစွမ်းကုန်ကြိုးပမ်းနေပြီး ပုံစံကောင်း ပြန်ရမယ် ဆိုတာ သံသယ မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူအနေနဲ့ အာဂျင်တီးနားကြယ်ပွင့် အယ်ဗာရက်ဇ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ ဆွေးနွေးနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားကို ရရှိဖို့ မန်ယူက အပြင်းအထန် ကြိုးပမ်းလျက်ရှိနေပြီး သူ့တန်ကြေးက ယူရိုသန်း ၂၀ ရှိနေတာပါ။
မန်ယူ ဂန္ထ၀င် ကစားသမားဟောင်း ဘရိုင်ယန်ရော့ဆင် က နည်းပြသစ် ရန်နစ်ရဲ့လက်အောက်မှာ ဒီဂီယာအနေနဲ့ ကြီးမားတဲ့ အစိတ်အပိုင်း အဖြစ် ပါဝင်နေပြီး ဒီဂီယာဟာ နောက်တန်းကို ယုံကြည်မှုပေးနိုင်တဲ့ ကစားသမားဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။