နှစ်သစ်ရဲ့ ဦးဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲတွေ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်များ

၂ဝ၂၂ နှစ်သစ်ရဲ့ ဦးဆုံး ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ပွဲတွေ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်တွေ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မန်စီးတီး – အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ နောဝှစ် နဲ့ ကစားပွဲမှာ တစ်ကယ့်ကို အထင်ကြီးအောင် ကစားနိူင်ခဲ့ပါတယ်။ သူတို့က ဒီ အပတ်လယ်မှာ ပွဲ မကစားခဲ့ရတာကြောင့် မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့်ပွဲ မှာ ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင်မှာ သေခြာပါတယ်။ မန်စီးတီး အသင်းအနေနဲ့ ဘရန်းဖိုဒ့်ကို အနိူင်ရရှိတဲ့ပွဲမှာ သူတို့ အကောင်းဆုံး ပုံစံကို ပြသနိူင်ခြင်း မရှိပေမယ့် လိုအပ်တဲ့ အနိူင်ကိုတော့ ရအောင်ယူခု့ပါတယ်။ အခုချိန်မှာ ဒီဇင်ဘာ ပွဲကြပ်ကာလ တွေကို မန်စီးတီးလောက် ခြေစွမ်းတည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်ကျော်နိူင်တာ မတွေ့သေးပါဘူး။ ခြေစွမ်း သိပ်မကောင်းပေမယ့် အနိူင်ပွဲ ကို ရအောင် ရှာနိူင်တာ မန်စီးတီး အသင်း က ချန်ပီယံ ဖြစ်မယ့် ခြေစွမ်းပါ။ အာဆင်နယ် အနေနဲ့ မန်စီးတီးကို ခံစစ်နဲ့ ကစားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီပွဲက ပွဲကြီး ပွဲကောင်းဖြစ်လာမှာ သေခြာပါတယ်။ ၂ ဖက်လုံး တိုက်စစ်ဆင် ကစားမယ့် အသင်းဖြစ်တာကြောင့် ဂိုးတွေ သွင်းမှာ သေခြာပါတယ်။ အာဆင်နယ် ဂိုးသွင်းနိူင်မှာဖြစ်ပေမယ့် မန်စီးတီးက သက်တောင့်သက်သာနဲ့ပဲ အနိူင် ရရှိသွားမှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး ၃ – ၁ အာဆင်နယ်

ဝဒ်ဖိုဒ့် – တောတင်ဟမ် ဟော့စပါး

ဝက်စ်ဟမ်းနဲ့ ပွဲရလဒ် အတွက် ရာနီရေးနီကတော့ စိတ်ပျက်နေမှာ သေခြာပါတယ်။ သူတို့အနေနဲ့ ဦးဆောင်ဂိုး ရခဲ့ပေမယ့် ဝက်စ်ဟမ်း တိုက်စစ် ကို တောင့်မခံနိူင်ပဲ အရှုံးပေးလိုက်ရပါတယ်။ အင်္ဂါနေ့က ဆောက်သင်တမ် နဲ့ သရေကျခဲ့တာကတော့ ကွန်တီ အတွက် လည်း စိတ်ပျက်စရာ ရလဒ်က သေခြာပါတယ်။ ဒါပေမယ့် စပါး က ကွန်တီ လက်အောက်မှာ တစ်ဖြည်းဖြည်းတိုးတက်လာတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒီပွဲမှာ စပါးအနေနဲ့ တိုက်စစ်ဖွင့် ကစားမှာ သေခြာမှာဖြစ်ပေမယ့် လွယ်ကူတဲ့ပွဲတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ စပါးအနေနဲ့ ဝဒ်ဖိုဒ့် နောက်တန်းကို ထိုးဖောက်ပြီး အနိူင်ရမှာသေခြာပါတယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ဝဒ်ဖိုဒ့် ၁ – ၂ တောတင်ဟမ် ဟော့စပါး

ပဲလေစ့် – ဝက်စ်ဟမ်း

ပဲလေ့စ် အနေနဲ့ နေဝှစ် ကို သက်တောင့်သက်တာ အနိူင်ရရှိခဲ့တာ မှန်ပေမယ့် နောဝှစ်က သူတို့ ပြိုင်ဘက်ကောင်း မဟုတ်ပါဘူး။ အီဒိုရတ် ဆီကနေ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးတာ ကျေနပ်စရာကောင်းပါတယ်။ ဝက်စ်ဟမ်းက ဝဒ်ဖိုဒ့်ကို အနိူင် ရရှိပြီး သူတို့ နံပတ် ၄ နေရာအတွက် ပြန်ခြိမ်းခြောက်လာနိူင်ပါပြီ။ ဝက်စ်ဟမ်းက ဘိုဝင် က တစ်ပွဲတစ်ပွဲ ပိုကောင်းလာသလို သူက အင်္ဂလန် နည်းပြ ဆောက်ဂိတ် ရေဒါထဲ ရောက်မှာ သေခြာပါတယ်။ ဒီပွဲက ပွဲကြပ်တစ်ပွဲ ဖြစ်လာမှာဖြစ်သလို သရေနဲ့ပြီးသွားအုန်းမှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ ပဲလေစ့် ၁ – ၁ ဝက်စ်ဟမ်း

ဘရန်းဖိုဒ့် – အက်စတွန် ဗီလာ

ဘရန်းဖိုဒ့် အနေနဲ့ မန်စီးတီးနဲ့ပွဲမှာ နောက်တန်းမှာ အကောင်းဆုံး စုစုစည်းစည်း ကစားနိူင်ခဲ့ပါတယ်။ ဒါပေမယ့် မန်စီးတီးလို ပြိုင်ဘက်ကိုတော့ ဘယ်အသင်းကမှ ဂိုးမပေးရဖို့ ခံဆော့နိူင်မယ်မထင်ဘူး။ ဗီလာ အနေနဲ့ ဂျာရတ် လက်ထက်မှာ ကစားပုံ တိုးတက်လာပါတယ်။ နောက်ထပ် ပွဲစဉ်တွေ အရမ်းခက်ခဲတဲ့ ပွဲတွေလည်း မရှိပါဘူး။ ဒါကြောင့် ဂျာရတ် အနေနဲ့ ၂၀၂၂ အစမှာ နိူင်ပွဲ နဲ့ စတင် ချင်မှာ သေခြာပါတယ်။ ဘရန်းဖိုဒ့်က အိမ်ကွင်းမှာ ရင်ဆိုင်ရခက်ခဲ တဲ့အသင်းဖြစ်ပေမယ့် ဗီလာ အသင်း အနိူင်ရရှိသွားခဲ့ရင် အံ့ဩစရာ အကြာင်း မရှိပါဘူး။

အိုဝင် ခန့်မှန်းရလဒ်။ ။ ဘရန်းဖိုဒ့် ၁ – ၂ အက်စတွန် ဗီလာ

လိဒ် – ဘန်လေ

လိဒ် အနေနဲ့ အသင်းက ကစားသမားတွေ ဒဏ်ရာ ရတဲ့လူ များပြားလွန်းတာကြောင့် ရလဒ်တွေက ကမောက်ကမကို ဖြစ်နေပါတယ်။ ဘန်လေရဲ့ အဓိက ပြသနာကတော့ ဂိုးမသွင်းနိူင်တဲ့ ပြသနာပါပဲ။ သူတို့ အနေနဲ့ ဇန်နဝါရီလမှာ တိုက်စစ်မှူးကို မခေါ်နိူင်ခဲ့ရင်တော့ ဒီပြသနာက ရှင်းလို့ကို ပြီးနိူင်မှာ မဟုတ်ပါဘူး။ ဒီပွဲ ကတော့ တိုက်စစ်အားကောင်းတဲ့ လိဒ်ပဲ နိူင်မှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ လိဒ် ၂ – ၁ ဘန်လေ

အဲဗာတန် – ဘရိုက်တန်

ကျွန်တော့် အနေနဲ့ အဲဗာတန် က ကစားပုံ ကောင်းလာပြီလို့ မြင်ပါတယ်။ သူတို့က တစ်ခြားအသင်းထက်စာရင် နားရက် တော်တော် ရထားတဲ့ အသင်းပါ။ သူတို့အနေနဲ့ လူငယ် ကစားသမားတွေ အပေါ်မှာ မှီခိုနေဖို့လိုပါတယ်။ ဘင်နီတက်ဇ် ကတော့ ကာဗတ် လီဝင် အပါအဝင် သူ့ ပထမအသင်းက ကစားသမားတွေ မြန်မြန်နေကောင်းဖို့ပဲ မျှော်လင့်ရမှာပါပဲ။ ဘရိုက်တန် အနေနဲ့ ချဲလ်ဆီး အသင်းကနေ ၁ မှတ်ကတော့ ရသင့်ပါတယ်။

ဂရေဟမ် ပေါတာကတော့ ဘရိုက်တန်ကို အကောင်းဆုံးတည်ဆောက်ပေးနေပါတယ်။ အဲဗာတန်က ကနဦး ပွဲတွေမှာ ရလဒ်မကောင်းခဲ့ပေမယ့် ခုတော့ ရလဒ်ကောင်းနေပါပြီ ဖြစ်တာကြောင့် အဲဗာတန်ပဲ အနိူင် ရရှိအုန်းမှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ အဲဗာတန် ၂ – ၁ ဘရိုက်တန်

ချဲလ်ဆီး – လီဗာပူး

ချဲလ်ဆီးအသင်းက ဘရိုက်တန်ကို လက်ရှိခြေစွမ်း မမှန်ပဲ သရေကျခဲ့ပါတယ်။ သူတို့က အခွင့်အရေးတွေ အများကြီး ဖန်တီးပေးနိူင်ခဲ့ပေမယ့် ဂိုးသွင်းတိကျခြင်း မရှိပါဘူး။ တူချယ်ရဲ့ ကစားကွက်မှာ နောက်တန်း အစွန် အတွက် အရမ်းကိုအရေးပါတယ်။ ချီဝဲလ်ကို လက်လွှတ်ဆုံးရှုံးလိုက်ရတာ အင်မတန် နစ်နာတဲ့ ဆုံးရှုံးမှုပါပဲ။ ကျွန်တော့် အနေနဲ့ လီဗာပူးအသင်း လက်စတာကို ရှုံးလိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး။

ကလော့ အနေနဲ့ ဒီလို ကစားပုံအတွက် ပျော်ရွှင်မှာ မဟုတ်ပါဘူး။ လီဗာပူး ဒရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ရှမိုက်ကယ် ကောင်းလွန်လို့ ရှုံးခဲ့တာပါ။ ဒီပွဲက ၂ သင်းလုံးအတွက် အရမ်းအရေးပါတဲ့ ပွဲပါ။ ၂ သင်းမှာ ဘယ်အသင်း အမှတ် ဆုံးရှုံးဆုံးရှုံး မန်စီးတီးကို လိုက်မှီဖို့ ပိုခက်ခဲလာမှာသေခြာပါတယ်။ ကျွန်တော့် အနေနဲ့ လီဗာပူး ၂ ပွဲ ဆက်ရှုံးမယ်လို့ မထင်ပါဘူ။ ဒီပွဲက ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ ဒါပေမယ့် တိုက်စစ်ပိုင်းမှာ အားသာနေတဲ့ လီဗာပူး က ပွဲအဖြေပြောင်းပေးပါလိမ့်မယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ချဲလ်ဆီး ၁ – ၂ လီဗာပူး

မန်ယူ – ဝုဗ်

ဒီပွဲက မန်ယူ တိုက်စစ်အတွက် အစမ်းသပ်ခံမယ့် ပွဲဖြစ်လာမှာပါ။ မန်ယူအသင်းက ရင်းနစ် လက်ထက်မှာ ကစားပုံ အကောင်းကြီး မဟုတ်သေးပါဘူး။ ရင်းနစ် အနေနဲ့ ဘုတ်အဖွဲ့နဲ့ ပရိတ်သတ်တွေ အားပေးထောက်ခံမှု ရရှိဖို့အတွက် နိူင်ပွဲ ကောင်းကောင်းလိုအပ်ပါတယ်။ သူ့ ကစားပုံက အရမ်းကြီး အထင်ကြီးစရာ မကောင်းသေးပါဘူး။

သူ့အနေနဲ့ ဆိုးရှားလိုပဲ လက်ရှိ ကစားသမားတွေ နဲ့ အံဝင်ခွင်ကျဖြစ်ပြီး ကစားနိူင်မယ့် ကစားကွက်ကို ရှာဖို့ ခက်ခဲနေဆဲလို့ မြင်ပါတယ်။ ဝုဗ် အသင်းကတော့ ခံစစ်ပိုင်း ကစားပုံနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာ မရှိပါဘူး။ သူတို့က နောက်တန်းမှာ တစ်ကယ့်ကို စုစုစည်းစည်းနဲ့ ထိုးဖောက်ရခက်ခဲတဲ့ နောက်တန်းပါပဲ။ ဒါပေမယ့် ရှေ့တန်းတွေ ဂိုးမသွင်းနိူင်တာက သူတို့ကို အဆင့် ၄ နဲ့ဝေးစေပါတယ်။ မန်ယူအသင်း အနေနဲ့ကတော့ ဒီပွဲမှာ ခက်ခက်ခဲခဲ နဲ့ ပွတ်ကာသီကာနဲ့ပဲ အနိူင်ရရှိသွားအုန်းမှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ မန်ယူ ၁ – ၀ ဝုဗ်