ဆီနီဂေါသားချင်း ဆိုပေမယ့် မာနေးက တခါတည်း အနီပြ ထုတ်ခံရသင့်တယ်လို့ မန်ဒီ ပြောဆို

ချဲလ်ဆီးအသင်းဂိုးသမား မန်ဒီက ဆီနီဂေါအသင်းဖော် မာနေးဟာ အက်စ်ပီလီကျူတာကို တံတောင်နဲ့ တိုက်ခဲ့တာကြောင့် အထုတ်ခံခဲ့ရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ မာနေးဟာ အက်စ်ပီလီကျူတာကို ပွဲကစားချိန် ၆ စက္ကန့်မှာ တံတောင်နဲ့ တိုက်ခဲ့တာဖြစ်ပြီး ပွဲကတော့ ၂-၂ ဂိုးသရေကျခဲ့ပါတယ်။

အဲ့နောက် မာနေးက လီဗာပူးအတွက် ဦးဆောင်ဂိုးရယူပေးနိုင်ခဲ့ကာ မကြာခင်မှာ အာဖရိကဖလား ပွဲကို သွားရမှာ ဖြစ်ပါတယ်။ မာနေးက ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အမြန်ဆုံး အဝါကတ်ပြသခံခဲ့ရတဲ့ ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

“အဲ့တာက အနီကတ်ပါ။ ရှင်းလင်းနေပါတယ်”လို့ VAR နဲ့ပြန်လည်မကြည့်ရှုတဲ့အပေါ် တူချယ်က ဝေဖန်ပြောကြား ခဲ့ပါတယ်။

မန်ဒီကလည်း ပွဲအပြီးမှာ သူ့ရဲ့နိုင်ငံအသင်းဖော်နဲ့ပတ်သက်ပြီး အမြင်ကို အခုလိုပြောကြားခဲ့ပါတယ်။

“ဆာဒီယိုက ကျွန်တော့်အကိုလိုပါပဲ။ ကျွန်တော်နဲ့တစ်နိုင်ငံတည်းသားတွေပါ။ ပွဲကစားချိန် ၁ မိနစ်အပြီးမှာ သူဟာ ကွင်းထဲမှာ မရှိသင့်တော့ပါဘူး”လို့ မန်ဒီက ပြောကြားခဲ့ပါတယ်။

အခုလိုပြောကြားခဲ့ပေမယ့်လည်း မန်ဒီဟာ အင်စတာဂရမ်မှာ အာဖရိကဖလားပွဲအတွက် မာနေးနဲ့ ခေါင်းချင်းတိုက် နေတဲ့ပုံကို တင်ခဲ့ပါတယ်။ သူတို့ ၂ ဦးဟာ ဆီနီဂေါအသင်းနဲ့အတူ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဇင်ဘာဘွေအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ZG

ခ်ဲလ္ဆီးအသင္းဂိုးသမား မန္ဒီက ဆီနီေဂါအသင္းေဖာ္ မာေနးဟာ အက္စ္ပီလီက်ဴတာကို တံေတာင္နဲ႔ တိုက္ခဲ့တာေၾကာင့္ အထုတ္ခံခဲ့ရသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ မာေနးဟာ အက္စ္ပီလီက်ဴတာကို ပြဲကစားခ်ိန္ ၆ စကၠန႔္မွာ တံေတာင္နဲ႔ တိုက္ခဲ့တာျဖစ္ၿပီး ပြဲကေတာ့ ၂-၂ ဂိုးသေရက်ခဲ့ပါတယ္။

အဲ့ေနာက္ မာေနးက လီဗာပူးအတြက္ ဦးေဆာင္ဂိုးရယူေပးႏိုင္ခဲ့ကာ မၾကာခင္မွာ အာဖရိကဖလား ပြဲကို သြားရမွာ ျဖစ္ပါတယ္။ မာေနးက ပရီးမီးယားလိဂ္ သမိုင္းတစ္ေလွ်ာက္ အျမန္ဆုံး အဝါကတ္ျပသခံခဲ့ရတဲ့ ကစားသမားလည္း ျဖစ္လာခဲ့ပါတယ္။

“အဲ့တာက အနီကတ္ပါ။ ရွင္းလင္းေနပါတယ္”လို႔ VAR နဲ႔ျပန္လည္မၾကည့္ရႈတဲ့အေပၚ တူခ်ယ္က ေဝဖန္ေျပာၾကား ခဲ့ပါတယ္။

မန္ဒီကလည္း ပြဲအၿပီးမွာ သူ႔ရဲ႕ႏိုင္ငံအသင္းေဖာ္နဲ႔ပတ္သက္ၿပီး အျမင္ကို အခုလိုေျပာၾကားခဲ့ပါတယ္။

“ဆာဒီယိုက ကြၽန္ေတာ့္အကိုလိုပါပဲ။ ကြၽန္ေတာ္နဲ႔တစ္ႏိုင္ငံတည္းသားေတြပါ။ ပြဲကစားခ်ိန္ ၁ မိနစ္အၿပီးမွာ သူဟာ ကြင္းထဲမွာ မရွိသင့္ေတာ့ပါဘူး”လို႔ မန္ဒီက ေျပာၾကားခဲ့ပါတယ္။

အခုလိုေျပာၾကားခဲ့ေပမယ့္လည္း မန္ဒီဟာ အင္စတာဂရမ္မွာ အာဖရိကဖလားပြဲအတြက္ မာေနးနဲ႔ ေခါင္းခ်င္းတိုက္ ေနတဲ့ပုံကို တင္ခဲ့ပါတယ္။ သူတို႔ ၂ ဦးဟာ ဆီနီေဂါအသင္းနဲ႔အတူ ဇန္နဝါရီ ၁၀ ရက္ေန႔မွာ ဇင္ဘာေဘြအသင္းနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။