သုံးမကောင်း ရောင်းမစွံ ကစားသမားတွေချင်း လဲကြဖို့ ဆွေးနွေးနေကြတဲ့ မန်ယူနဲ့ ဘာစီလိုနာ

မန်ချက်စတာ ယူနိုက်တက်နဲ့ ဘာစီလိုနာ အသင်းတို့ ဟာ မာရှယ်နဲ့ ဒမ်ဘီလီ တို့ကို အလဲအလှယ်ပြုလုပ်ချင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းထွက်ပေါ် လာပါတယ်။ ထို ကစားသမား ၂ဦးလုံးဟာ အသင်းတွေကနေ ထွက်ခွာဖို့ ကြိုးပမ်းနေကြပြီး အသင်းတွေကလည်း ရောင်းချင်နေကြတာ ဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီနဲ့ မာရှယ် ကို အလဲအလှယ် ပြုလုပ်နိုင်ချေကို ရှာဖွေနေတာလို့ စပိန် သတင်းက ဖော်ပြထားပါတယ်။ မာရှယ် ကလည်း မန်ချက်စတာယူနိုက်တက် ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားတာပါ။

အဲ့ဒါကြောင့် မန်ချက်စတာယူနိုက်တက်ကလည်း ဒီအလဲအလှယ်ပြုလုပ်မယ့် အစီအစဉ်ကို စိတ်ဝင်စားနေ ပါတယ်။ ဒမ်ဘီလီ နဲ့ ဘာစီလိုနာ တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် စာချုပ်သစ် အတွက် သဘောတူညီမှု မရသေးပါဘူး။

ဒမ်ဘီလီ ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း တိုးချင်ပေမယ့် ကတ်တလန်ကလပ် ကတော့ သူ့ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးဖို့ ဆန္ဒ မရှိ ဖြစ်နေတာပါ။ မာရှယ် ကို ခေါ်ယူဖို့ စပိန်ကလပ် ဆီဗီလာ အသင်းက ပစ်မှတ် ထားနေပါတယ်။

ဒါပေမယ့် ဆီဗီလာ အသင်းကတော့ အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုပြုလုပ်ထားတာဖြစ်ပြီး မန်ယူ က ပယ်ချထားပါတယ်။ မာရှယ် ဟာ ဒီရာသီမှာ အသင်းအတွက် ပွဲအနည်းငယ်သာ ပါဝင်ကစားရလို့ စိတ်ပျက်နေပြီး ထွက်ခွာလိုနေတာပါ။

ဘာစီလိုနာအသင်းကို ဒေါ့မွန် အသင်းကနေ ရောက်ပြီးတည်းက ဒဏ်ရာအခြေအနေတွေကြောင့် မကြာခဏ အနား ယူနေခဲ့ရတဲ့ ဒမ်ဘီလီ ဟာ ဒီရာသီမှာလည်း စပိန်ကလပ်အတွက် (၈)ပွဲသာပါဝင်ကစားရသေးတာပါ။ ဘာစီလိုနာ အနေနဲ့ ဒမ်ဘီလီ ကို အခုအပြောင်းအရွှေ့မှာ မရောင်းဘူးဆိုရင် နွေရယသီမှာအလွတ်နဲ့ လက်လွှတ်ရတော့မှာပါ။

ဒမ်ဘီလီ ကို ခေါ်ယူဖို့ အတွက် ဇန်နဝါရီအပြောင်းအရွှေ့မှာ ငွေကြေး အများအပြားအသုံးပြုဖွယ်ရှိတဲ့ နယူးကာဆယ် အသင်းက ပစ်မှတ်ထားနေတာလည်းဖြစ်ပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ ဘာစီလိုနာ အသင္းတို႔ ဟာ မာရွယ္နဲ႔ ဒမ္ဘီလီ တို႔ကို အလဲအလွယ္ျပဳလုပ္ခ်င္ဖ္ို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနတယ္လို႔ သတင္းထြက္ေပၚ လာပါတယ္။ ထို ကစားသမား ၂ဦးလုံးဟာ အသင္းေတြကေန ထြက္ခြာဖို႔ ႀကိဳးပမ္းေနၾကျပီး အသင္းေတြကလည္း ေရာင္းခ်င္ေနၾကတာ ျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ဒမ္ဘီလီနဲ႔ မာရွယ္ ကို အလဲအလွယ္ ျပဳလုပ္ႏိုင္ေခ်ကို ရွာေဖြေနတာလို႔ စပိန္ သတင္းက ေဖာ္ျပထားပါတယ္။ မာရွယ္ ကလည္း မန္ခ်က္စတာယူႏိုက္တက္ ကေန ထြက္ခြာဖို႔ ဆုံးျဖတ္ထားတာပါ။

အဲ့ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္ကလည္း ဒီအလဲအလွယ္ျပဳလုပ္မယ့္ အစီအစဥ္ကို စိတ္၀င္စားေန ပါတယ္။ ဒမ္ဘီလီ နဲ႔ ဘာစီလိုနာ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ အခုရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ စာခ်ဳပ္သစ္ အတြက္ သေဘာတူညီမႈ မရေသးပါဘူး။

ဒမ္ဘီလီ ကေတာ့ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးခ်င္ေပမယ့္ ကတ္တလန္ကလပ္ ကေတာ့ သူ႔ရဲ႕ ေတာင္းဆိုမႈကို လိုက္ေလ်ာေပးဖို႔ ဆႏၵ မရွိ ျဖစ္ေနတာပါ။ မာရွယ္ ကို ေခၚယူဖို႔ စပိန္ကလပ္ ဆီဗီလာ အသင္းက ပစ္မွတ္ ထားေနပါတယ္။

ဒါေပမယ့္ ဆီဗီလာ အသင္းကေတာ့ အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းမႈျပဳလုပ္ထားတာျဖစ္ၿပီး မန္ယူ က ပယ္ခ်ထားပါတယ္။ မာရွယ္ ဟာ ဒီရာသီမွာ အသင္းအတြက္ ပြဲအနည္းငယ္သာ ပါ၀င္ကစားရလို႔ စ္ိတ္ပ်က္ေနၿပီး ထြက္ခြာလိုေနတာပါ။

ဘာစီလိုနာအသင္းကို ေဒါ့မြန္ အသင္းကေန ေရာက္ၿပီးတည္းက ဒဏ္ရာအေျခအေနေတြေၾကာင့္ မၾကာခဏ အနား ယူေနခဲ့ရတဲ့ ဒမ္ဘီလီ ဟာ ဒီရာသီမွာလည္း စပိန္ကလပ္အတြက္ (၈)ပြဲသာပါ၀င္ကစားရေသးတာပါ။ ဘာစီလိုနာ အေနနဲ႔ ဒမ္ဘီလီ ကို အခုအေျပာင္းအေ႐ႊ႕မွာ မေရာင္းဘူးဆိုရင္ ေႏြရယသီမွာအလြတ္နဲ႔ လက္လႊတ္ရေတာ့မွာပါ။

ဒမ္ဘီလီ ကို ေခၚယူဖို႔ အတြက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕မွာ ေငြေၾကး အမ်ားအျပားအသုံးျပဳဖြယ္ရွိတဲ့ နယူးကာဆယ္ အသင္းက ပစ္မွတ္ထားေနတာလည္းျဖစ္ပါတယ္။