အူဘာ ကို ခေါ်ဖို့ တိုက်တွန်းခြင်း၊ လူကာကူ၊ သီယေဂို၊ ခရစ္စတန်ဆန်တို့နဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ
ဥရောပထိပ်သီးကလပ်အသင်း ၄ သင်းခန့်က ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ဇန်နဝါရီအပြောင်းအရွှေ့မှာ အကြို သဘောတူညီမှု ရယူနိုင်ဖို့ ဆွေးနွေးလျက်ရှိနေကြောင်း သိရပါတယ်။ ရီးရဲ၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်နဲ့ ဂျူဗင်တပ်တို့ အနေနဲ့ ရူဒီဂါကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေကြတာပါ။
ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီးနောက် ဝါရင့်နောက်ခံလူ သီယာဂိုဆေးလ်ဗားက “ကျွန်တော့်အနေနဲ့ ချဲလ်ဆီးကို ခမ်းနားတဲ့ အသင်းမျိုးမှာ ၃ နှစ်လောက် ကစားရမယ်လို့ ဘယ်တော့မှ မတွေးထားခဲ့ဖူးပါဘူး။ အသင်းမှာ နောက် တစ်ရာသီ ဆက်နေရတဲ့အတွက် အလွန် ပျော်ရွှင်မိပါတယ်”လို့ ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီး နည်းပြတူချယ်က တိုက်စစ်ကစားသမား ပူလီဆစ်အနေနဲ့ ဆက်လက် တိုးတက်လာဖို့ ရှိနေကြောင်း၊ ပူလီဆစ် ဟာ နေရာလွတ် ရှာဖွေမှု ကောင်းမွန်ပြီး သန်မာသူဖြစ်ကြောင်း၊ သူက နောက်တန်းကိုလည်း ကူညီပေးနိုင်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ချဲလ်ဆီးနဲ့ နောက်ခံလူ ခရစ္စတန်ဆန်ကို စာချုပ် သက်တမ်းတိုးမြှင့်ဖို့ ဆွေးနွေးမှုဟာ တစ်ကျော့ပြန်လည် ရပ်တန့် သွားခဲ့ရပြီလို့ သိရပါတယ်။ ခရစ္စတန်ဆန် က ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိဖြစ်နေကြောင်း ဘာစီလိုနာက ၎င်းကို ချိတ်ဆက်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်တိုက်စစ်မူှး အူဘာမီယန် ချဲလ်ဆီးကို ပြောင်းရွှေ့လာနိုင်တယ်လို့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ကာတန်ကိုးလ်က သုံးသပ်လိုက်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိမှာ တိုက်စစ်မှူး လိုအပ်နေပြီး တူချယ်နဲ့ အူဘာမီယန် ကလည်း ဒေ့ါမွန်မှာ အတွဲညီခဲ့ကြောင်း၊ တူချယ်အနေနဲ့ အူဘာရဲ့ အကောင်းဆုံး ပုံစံကို ထုတ်ယူနိုင်မှာ ဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
လက်ရှိ ချဲလ်ဆီးမှာ ပြဿနာရှာခဲ့တဲ့ တိုက်စစ်မှူး လူကာကူအနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း ချဲလ်ဆီး ကနေ ထွက်ခွာဖွယ် မရှိကြောင်း စကိုင်းစပေါ့က ဖော်ပြထားပါတယ်။ ချဲလ်ဆီးမှာ မပျော်ရွှင်ဘူး လို့ ပြောခဲ့ပြီးနောက် လူကာကူဟာ လီဗာပူးနဲ့ ပွဲမှာ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ လူကာကူ အနေနဲ့ ဇန်နဝါရီမှာ ဖြစ်ဖြစ်၊ နွေရာသီမှာဖြစ်ဖြစ် ချဲလ်ဆီးကနေ ထွက်ခွာစရာ မရှိကြောင်း ဖော်ပြထားပါတယ်။

စပါးနည်းပြ ကွန်တီက သူတို့နဲ့ ယှဉ်ပြိုင်ရမဲ့ပွဲစဉ်မှာ ချဲလ်ဆီးဘက်က တိုက်စစ်မှူး လူကာကူ ပါဝင်လာဖို့ မျှော်လင့်ကြောင်း၊ မိမိတို့အနေနဲ့ ချဲလ်ဆီးက တောင့်တင်းတဲ့ လူစာရင်းနဲ့ ယှဉ်ပြိုင်တာကို အလိုရှိကြောင်း၊ ပရိသတ်တွေ အနေနဲ့ ကွင်းထဲမှာ ကစားသမား ကောင်းတွေ ယှဉ်ပြိုင်တာကိုပဲ ကြည့်ချင်ကြမှာ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့တာပါ။
အက်သလက်တီကိုအနေနဲ့ တကယ်လို့ ထရစ်ပီယာထွက်သွားခဲ့ရင် ချဲလ်ဆီးနောက်ခံလူ အက်ပီကျူတာနဲ့ အစားထိုးဖို့ ပစ်မှတ်ထားနေကြောင်းသိရပါတယ်။ ထရစ်ပီယာအနေနဲ့ အသင်းကနေထွက်ခွာဖွယ်ရှိကြောင်း ဆီမြွှန်နီက ဖွင့်ဟ ထားခဲ့တာပါ။ အက်ပီကျူတာအနေနဲ့ ရာသီကုန်မှာ ချဲလ်ဆီးနဲ့ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိသေးပါဘူး။