ရန်နစ် ကစားကွက် ဝေဖန်ခံရခြင်း၊ ပေါ့ဘာ၊ လင်ဂတ်တို့ အလားအလာနဲ့ ယနေ့ည မန်ယူ သတင်းများ
မန်ယူနည်းပြ ရန်းနစ်ရဲ့ ၄-၂-၂-၂ ကစားပုံကို ဂျေမီ ရက်နပ်က ဝေဖန်ခဲ့ပြီး ဒီကစားကွက်က သရဲနီတွေကို ကိုယ်ပိုင်ဟန် ကင်းမဲ့စေတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာ အနေနဲ့ မန်ယူတိုက်စစ်မှူးမာရှယ်လ်နဲ့ တောင်ပံကစားသမား ဒမ်ဘီလီတို့ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ ဘာစီအနေနဲ့ မန်ယူတိုက်စစ်မှူး မာရှယ်လ်ကို စိတ်ဝင်စားနေခဲ့ပြီး အရခေါ်ဖို့ ဆုံးဖြတ်ထားပါတယ်။

မန်ယူနောက်ခံလူ လုရှောခ်က သူတို့အနေနဲ့ ဝုဖ်နဲ့ပွဲမှာ အသင်းလိုက်စုဖွဲ့မှု ကောင်းမွန်ခဲ့ခြင်းမရှိကြောင်း၊ သူတို့အသင်းဟာ မယုံနိုင်စရာ အရည်အသွေးတွေကို ပိုင်ဆိုင်ထားပေမဲ့ တစ်ခါတလေမှာ အရည်အချင်းက လုံလောက်မှုမရှိကြောင်း၊ သူတို့အနေနဲ့ ဒီထက်ပိုပြီး နိုင်လိုစိတ်ပြင်းထန်ဖို့ လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။
မန်ယူနောက်ခံလူဟောင်း ဖာဒီနန်က တိုက်စစ်မှူးရက်ဖို့ဒ်ရဲ့ body language က ပြဿနာဖြစ်ကြောင်း၊ ရက်ဖို့ဒ်အနေနဲ့ ဘောလုံးဆုံးရှုံးတဲ့အခါ သူ့ရဲ့ တုံ့ပြန်ပုံက နှစ်လိုဖွယ်မကောင်းကြောင်း၊ ရက်ဖို့ဒ်အနေနဲ့ သူနဲ့ထိုက်တန်တဲ့ အခွင့်အရေး မရတာလည်း ဖြစ်နိုင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ယူနည်းပြ ရန်နစ်က ဝုဖ်နဲ့ပွဲမှာ ဂရင်းဝုဒ်ကို ထုတ်ပယ်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “ဝ-၀ အခြေအနေမှာ ကျွန်တော်တို့က ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ဖာနန်ဒက်စ်ကို ထည့်သွင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ကာဗာနီကိုထုတ်မလား၊ ဂရင်းဝုဒ်ကို ထုတ်မလား မေးစရာရှိပါတယ်။ နောက်ဆုံး ဂရင်းဝုဒ်ကိုထုတ်ဖို့ ဆုံးဖြတ်ခဲ့တာပါ” လို့ ရန်နစ်က ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးအတွက် ရော်နယ်ဒို အစား ကွင်းလယ်လူ တွမ်မီနေးကိုပဲ ခန့်အပ်သင့်တယ်လို့ မန်ယူ ကွင်းလယ်လူဟောင်း ပေါလ်အင့်စ်က ပြောကြာလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာရဲ့ အနာဂတ်ကို နွေရာသီမတိုင်ခင် ဖြေရှင်းဖွယ်မရှိကြောင်း သိရပါတယ်။ မန်ယူအနေနဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်တော့မယ့် ပေါ့ဂ်ဘာကို ဇန်နဝါရီမှာ ရောင်းထုတ်သွားမှာ မဟုတ်ပါဘူး။
ဝက်စ်ဟမ်းအနေနဲ့ မန်ယူတိုက်စစ်ကစားသမား လင်ဂတ်ကို နောက်ထပ်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်ထားကြောင်း သိရ ပါတယ်။ ဝက်စ်ဟမ်းအနေနဲ့ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကတည်းက လင်ဂတ်ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။