နည်းပြကို စိတ်ပျက်၊ ဒိုလေးကြောင့် အုပ်စုကွဲနဲ့ မန်ယူ ကနေ ထွက်ချင်တဲ့ သူတွေ များပြားလာနေ
မန်ချက်စတာ ယူနိုက်တက်ဟာ ဟာ ပြီးခဲ့တဲ့တနင်္လာနေ့ကပဲ ယာယီနည်းပြရန်းနစ်လက်ထက် ပထမဆုံးရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒါပေမဲ့ နောက်ကွယ်က ပြသနာတွေဟာ အလျင်အမြန်ကြီးထွားနေပြီး မန်ချက်စတာ ကလပ်ဟာ နောက်ထပ် အကျပ်အတည်းတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာ နည်းပြ ရန်းနစ်ဟာ မန်ယူ အဝတ်အစားလဲခန်းထဲမှာ စည်းလုံးမှုရှိဖို့ အရေးကို တိုက်ပွဲဝင်နေရတယ်လို့ အင်္ဂလန်က The Mirror သတင်းစာက ဖော်ပြလိုက်ပါတယ်။
မန်ယူ အသင်းတွင်းမှာ အုပ်စုဖွဲ့မှုတွေရှိနေကြပြီး ဆိုးရှားထုတ်ပယ်ခံရမှုကိုဖြစ်စေတဲ့ တူညီတဲ့ပြသနာများစွာနဲ့ပဲ ရန်းနစ်ဟာ ရင်ဆိုင်နေရတာပါ။ ကစားသမားတွေထဲက အများစုဟာ ရန်းနစ်ရဲ့နည်းပြပုံကို သဘောမကျကြပဲ သူ့ရဲ့နည်းဗျူဟာတွေကိုလည်း အထင်မကြီးကြပါဘူး။

ကစားသမားတွေဟာ ရန်းနစ် ခေါ်ယူခန့်အပ်ခဲ့တဲ့ လက်ထောက်နည်းပြတွေရဲ့အရည်အသွေးကိုလည်း စိတ်ပျက် နေကြပါတယ်။
ဒါ့အပြင် စီ ရော်နယ်ဒို ကို ပွဲထွက်ကနေ မချန်လှပ်နိုင်ဘဲ အမြဲ နေရာပေးနေရတဲ့ အပေါ် သဘောမကျတဲ့ အသင်းသားတွေ ရှိလာနေပြီး မက်ဂွဲရား၊ ကာဗာနီနဲ့ မေဆန် ဂရင်းဝုဒ်တို့ဟာ ရော်နယ်ဒိုက အသင်းကို ပြသနာ ပေးနေတယ်လို့ ယူဆနေကြကြောင်း ဖော်ပြထားပါတယ်။
ရော်နယ်ဒို ဘက်မှာလည်း ပေါ်တူဂီ လက်ရွေးစင်နဲ့ ပေါ်တူဂီ စကားပြောတာချင်း တူတဲ့ ဘရူနို ဖာနန်ဒက်စ်၊ ဒါလော့၊ ဖရက်နဲ့ အဲလက်စ် တဲလက်စ်တို့က တစ်ဖွဲ့ အဖြစ် အုပ်စုကွဲလာနေကြပါတယ်။
လင်ဂတ်၊ ဗန်ဒီဘိခ်၊ ဘိုင်လီနဲ့ ဂိုးသမားဒင်းဟန်ဒါဆန်တို့ဟာ ရန်းနစ်လက်ထက်မှာလည်း အခွင့်အရေး မရတာကြောင့် စိတ်ပျက်နေကြပါတယ်။
မန်ယူ နောက်ခံလူလုခ်ရှောက ဝုဗ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ မန်ယူ အသင်းသားတွေဟာ အတူတကွ အသင်းလိုက် ကြိုးပမ်း အားထုတ်ခြင်း မရှိခဲ့ကြောင်း ဝန်ခံစကား ဆိုခဲ့ပါသေးတယ်။

ZG
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဟာ ၿပီးခဲ့တဲ့တနလၤာေန႔ကပဲ ယာယီနည္းျပရန္းနစ္လက္ထက္ ပထမဆုံးရႈံးပြဲနဲ႔ ႀကဳံေတြ႕ခဲ့ရတာပါ။ ဒါေပမဲ့ ေနာက္ကြယ္က ျပသနာေတြဟာ အလ်င္အျမန္ႀကီးထြားေနျပီး မန္ခ်က္စတာ ကလပ္ဟာ ေနာက္ထပ္ အက်ပ္အတည္းတစ္ခုနဲ႔ ရင္ဆိုင္ေနရပါတယ္။
လက္ရွိမွာ နည္းျပ ရန္းနစ္ဟာ မန္ယူ အဝတ္အစားလဲခန္းထဲမွာ စည္းလုံးမႈရွိဖို႔ အေရးကို တိုက္ပြဲဝင္ေနရတယ္လို႔ အဂၤလန္က The Mirror သတင္းစာက ေဖာ္ျပလိုက္ပါတယ္။
မန္ယူ အသင္းတြင္းမွာ အုပ္စုဖြဲ႕မႈေတြရွိေနၾကၿပီး ဆိုးရွားထုတ္ပယ္ခံရမႈကိုျဖစ္ေစတဲ့ တူညီတဲ့ျပသနာမ်ားစြာနဲ႔ပဲ ရန္းနစ္ဟာ ရင္ဆိုင္ေနရတာပါ။ ကစားသမားေတြထဲက အမ်ားစုဟာ ရန္းနစ္ရဲ႕နည္းျပပုံကို သေဘာမက်ၾကပဲ သူ႔ရဲ႕နည္းဗ်ဴဟာေတြကိုလည္း အထင္မႀကီးၾကပါဘူး။
ကစားသမားေတြဟာ ရန္းနစ္ ေခၚယူခန႔္အပ္ခဲ့တဲ့ လက္ေထာက္နည္းျပေတြရဲ႕အရည္အေသြးကိုလည္း စိတ္ပ်က္ ေနၾကပါတယ္။
ဒါ့အျပင္ စီ ေရာ္နယ္ဒို ကို ပြဲထြက္ကေန မခ်န္လွပ္နိုင္ဘဲ အျမဲ ေနရာေပးေနရတဲ့ အေပၚ သေဘာမက်တဲ့ အသင္းသားေတြ ရွိလာေနျပီး မက္ဂြဲရား၊ ကာဗာနီနဲ႕ ေမဆန္ ဂရင္းဝုဒ္တို႔ဟာ ေရာ္နယ္ဒိုက အသင္းကို ျပသနာ ေပးေနတယ္လို႔ ယူဆေနၾကေၾကာင္း ေဖာ္ျပထားပါတယ္။
ေရာ္နယ္ဒို ဘက္မွာလည္း ေပၚတူဂီ လက္ေရြးစင္နဲ႕ ေပၚတူဂီ စကားေျပာတာခ်င္း တူတဲ့ ဘရူနို ဖာနန္ဒက္စ္၊ ဒါေလာ့၊ ဖရက္နဲ႕ အဲလက္စ္ တဲလက္စ္တို႔က တစ္ဖြဲ႕ အျဖစ္ အုပ္စုကြဲလာေနၾကပါတယ္။
လင္ဂတ္၊ ဗန္ဒီဘိခ္၊ ဘိုင္လီနဲ႔ ဂိုးသမားဒင္းဟန္ဒါဆန္တို႔ဟာ ရန္းနစ္လက္ထက္မွာလည္း အခြင့္အေရး မရတာေၾကာင့္ စိတ္ပ်က္ေနၾကပါတယ္။
မန္ယူ ေနာက္ခံလူလုခ္ေရွာက ဝုဗ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ မန္ယူ အသင္းသားေတြဟာ အတူတကြ အသင္းလိုက္ ၾကိဳးပမ္း အားထုတ္ျခင္း မရွိခဲ့ေၾကာင္း ဝန္ခံစကား ဆိုခဲ့ပါေသးတယ္။