ပင်နယ်တီ၊ အနီကတ်တွေနဲ့ ရင်ခုန်စရာ အပြည့် ဖြစ်ခဲ့တဲ့ အက်သလက်တီကိုနဲ့ လီဗာပူး

ညက ချန်ပီယံလိဂ် အုပ်စုပွဲမှာ အိမ်ရှင် အက်သလက်တီကိုဘက် ဆွာရက်ဇ် ပွဲထွက်ကစားသမားစာရင်းမှာ မပါတာကလွဲရင် နှစ်သင်းလုံးက ဒီပွဲကို အင်ပြည့်အားပြည့် ပွဲထွက်လာခဲ့ပါတယ်။ အက်သလက်တီကို တိုက်စစ်မှာ ဂရစ်ဇ်မန်းနဲ့ ယာအိုဖီးလစ် ပွဲထွက်လာခဲ့သလို လီဗာပူးကလည်း ဝက်ဖို့ဒ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲက မာနေး၊ ဆာလာ၊ ဖေမီနိုတို့ကိုပဲ ပွဲထုတ်လာခဲ့ပါတယ်။

ပွဲစတာနဲ့ လီဗာပူးက တိုက်စစ်ဆင်ခဲ့ပြီး အက်သလက်တီကိုကတော့ သူတို့ရဲ့ပုံစံအတိုင်း ခံစစ်ကို အဓိကအသားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အက်သလက်တီကိုနောက်တန်းက အထနှေးခဲ့ပြီး (၁၂) မိနစ်မပြည့်ခင်မှာတင် နှစ်ဂိုးဆက်တိုက်ပေးလိုက်ရပါတယ်။

ဆာလာရဲ့ တစ်ကိုယ်တော်ထိုးဖောက်ကန်သွင်းချက် မီလ်နာနဲ့ထိ လမ်းကြောင်းပြောင်းဝင်ခဲ့သလို အက်သလက်တီကိုနောက်တန်းက ရှင်းထုတ်ပုံမပီပြင်တာကတစ်ဆင့် နာဘီကီတာက ဧရိယာအပြင်ကနေ လှလှပပကန်သွင်းသွားခဲ့ပါတယ်။

ပွဲကစားချိန် (၁၉) မိနစ်မှာတော့ ကိုကီရဲ့ကန်ချက်ကတစ်ဆင့် အက်သလက်တီကိုအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ဂရစ်ဇ်မန်း အပိုင်အခွင့်အရေးတစ်ကြိမ်ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် အက်သလက်တီကိုတို့ နစ်နာခဲ့ရပါတယ်။

ဒါပေမယ့် (၃၃) မိနစ်မှာတော့ ယာအိုဖီးလစ်ရဲ့ အကောင်းဆုံး ဖန်တီးပေးမှုကတစ်ဆင့် ဂရစ်ဇ်မန်းက လီဗာပူးနောက်တန်းကို ဖောက်ထွက်ပြီး အပိုင်အဆုံးသတ်နိုင်ခဲ့တာကြောင့် တစ်ဖက်နှစ်ဂိုးစီသရေဖြစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ လီဗာပူးနောက်တန်းကလည်း လျော့တိလျော့ရဲကစားတာတွေရှိပြီး အက်သလက်တီကိုရဲ့ တိုက်စစ်ကို တော်တော်လေး ထိန်းခဲ့ရပါတယ်။ ဒုတိယပိုင်းအစမှာတော့ မထင်မှတ်တဲ့ အလှည့်အပြောင်း တစ်ခုဖြစ်ပွားခဲ့ပါတယ်။ အက်သလက်တီကိုအတွက် နှစ်ဂိုးသွင်းထားတဲ့ ဂရစ်ဇ်မန်း လေထဲကဘောလုံးကိုယှဉ်လုရင်း ဖေမီနိုရဲ့ခေါင်းကို ခြေထောက်နဲ့ကန်မိလို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။

တစ်ယောက်အသာရသွားတဲ့ လီဗာပူးတို့ အနိုင်ဂိုးရဖို့ ဆက်တိုက်ကြိုးစားခဲ့ပေမယ့် အက်သလက်တီကို ကလည်း သူတို့အားသန်တဲ့ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်တည်ဆောက်ပြီး လီဗာပူးကို တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန် (၇၇) မိနစ်မှာတော့ လီဗာပူးတို့ ပင်နယ်တီရခဲ့ပြီး ဒီပင်နယ်တီကို ဆာလာက အမှားအယွင်းမရှိ အဆုံးသတ်ခဲ့တာကြောင့် လီဗာပူးတို့ အနိုင်ဂိုးရခဲ့ပါတယ်။

ချက်ချင်းဆိုသလိုပဲ လီဗာပူးတို့ ပင်နယ်တီပြန်ပေးခဲ့ရမလိုဖြစ်ခဲ့ပေမယ့် ဒီပင်နယ်တီကိုတော့ VAR နဲ့ ပယ်ဖျက်ခဲ့တာကြောင့် လီဗာပူးတို့ ကံကောင်းခဲ့သလို အက်သလက်တီကိုအတွက်တော့ ကံဆိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ လီဗာပူးတို့ အနိုင်ကိုထိန်းကစားခဲ့ပြီး ချန်ပီယံလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

ZG

ညက ခ်န္ပီယံလိဂ္ အုပ္စုပြဲမွာ အိမ္ရွင္ အက္သလက္တီကိုဘက္ ဆြာရက္ဇ္ ပြဲထြက္ကစားသမားစာရင္းမွာ မပါတာကလြဲရင္ ႏွစ္သင္းလုံးက ဒီပြဲကို အင္ျပည့္အားျပည့္ ပြဲထြက္လာခဲ့ပါတယ္။ အက္သလက္တီကို တိုက္စစ္မွာ ဂရစ္ဇ္မန္းနဲ႔ ယာအိုဖီးလစ္ ပြဲထြက္လာခဲ့သလို လီဗာပူးကလည္း ဝက္ဖို႔ဒ္ကို ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲက မာေနး၊ ဆာလာ၊ ေဖမီႏိုတို႔ကိုပဲ ပြဲထုတ္လာခဲ့ပါတယ္။

ပြဲစတာနဲ႔ လီဗာပူးက တိုက္စစ္ဆင္ခဲ့ၿပီး အက္သလက္တီကိုကေတာ့ သူတို႔ရဲ႕ပုံစံအတိုင္း ခံစစ္ကို အဓိကအသားေပးဖို႔ ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ အက္သလက္တီကိုေနာက္တန္းက အထေႏွးခဲ့ၿပီး (၁၂) မိနစ္မျပည့္ခင္မွာတင္ ႏွစ္ဂိုးဆက္တိုက္ေပးလိုက္ရပါတယ္။

ဆာလာရဲ႕ တစ္ကိုယ္ေတာ္ထိုးေဖာက္ကန္သြင္းခ်က္ မီလ္နာနဲ႔ထိ လမ္းေၾကာင္းေျပာင္းဝင္ခဲ့သလို အက္သလက္တီကိုေနာက္တန္းက ရွင္းထုတ္ပုံမပီျပင္တာကတစ္ဆင့္ နာဘီကီတာက ဧရိယာအျပင္ကေန လွလွပပကန္သြင္းသြားခဲ့ပါတယ္။

ပြဲကစားခ်ိန္ (၁၉) မိနစ္မွာေတာ့ ကိုကီရဲ႕ကန္ခ်က္ကတစ္ဆင့္ အက္သလက္တီကိုအတြက္ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူေပးခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ ဂရစ္ဇ္မန္း အပိုင္အခြင့္အေရးတစ္ႀကိမ္ထပ္ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္ခဲ့တာေၾကာင့္ အက္သလက္တီကိုတို႔ နစ္နာခဲ့ရပါတယ္။

ဒါေပမယ့္ (၃၃) မိနစ္မွာေတာ့ ယာအိုဖီးလစ္ရဲ႕ အေကာင္းဆုံး ဖန္တီးေပးမႈကတစ္ဆင့္ ဂရစ္ဇ္မန္းက လီဗာပူးေနာက္တန္းကို ေဖာက္ထြက္ၿပီး အပိုင္အဆုံးသတ္ႏိုင္ခဲ့တာေၾကာင့္ တစ္ဖက္ႏွစ္ဂိုးစီသေရျဖစ္ခဲ့ပါတယ္။

ေနာက္ပိုင္းမွာ လီဗာပူးေနာက္တန္းကလည္း ေလ်ာ့တိေလ်ာ့ရဲကစားတာေတြရွိၿပီး အက္သလက္တီကိုရဲ႕ တိုက္စစ္ကို ေတာ္ေတာ္ေလး ထိန္းခဲ့ရပါတယ္။ ဒုတိယပိုင္းအစမွာေတာ့ မထင္မွတ္တဲ့ အလွည့္အေျပာင္း တစ္ခုျဖစ္ပြားခဲ့ပါတယ္။ အက္သလက္တီကိုအတြက္ ႏွစ္ဂိုးသြင္းထားတဲ့ ဂရစ္ဇ္မန္း ေလထဲကေဘာလုံးကိုယွဥ္လုရင္း ေဖမီႏိုရဲ႕ေခါင္းကို ေျခေထာက္နဲ႔ကန္မိလို႔ တိုက္႐ိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာပါ။

တစ္ေယာက္အသာရသြားတဲ့ လီဗာပူးတို႔ အႏိုင္ဂိုးရဖို႔ ဆက္တိုက္ႀကိဳးစားခဲ့ေပမယ့္ အက္သလက္တီကို ကလည္း သူတို႔အားသန္တဲ့ခံစစ္ကို က်စ္က်စ္လ်စ္လ်စ္တည္ေဆာက္ၿပီး လီဗာပူးကို တုံ႔ျပန္ခဲ့ပါတယ္။ ဒါေပမယ့္ ပြဲကစားခ်ိန္ (၇၇) မိနစ္မွာေတာ့ လီဗာပူးတို႔ ပင္နယ္တီရခဲ့ၿပီး ဒီပင္နယ္တီကို ဆာလာက အမွားအယြင္းမရွိ အဆုံးသတ္ခဲ့တာေၾကာင့္ လီဗာပူးတို႔ အႏိုင္ဂိုးရခဲ့ပါတယ္။

ခ်က္ခ်င္းဆိုသလိုပဲ လီဗာပူးတို႔ ပင္နယ္တီျပန္ေပးခဲ့ရမလိုျဖစ္ခဲ့ေပမယ့္ ဒီပင္နယ္တီကိုေတာ့ VAR နဲ႔ ပယ္ဖ်က္ခဲ့တာေၾကာင့္ လီဗာပူးတို႔ ကံေကာင္းခဲ့သလို အက္သလက္တီကိုအတြက္ေတာ့ ကံဆိုးခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ လီဗာပူးတို႔ အႏိုင္ကိုထိန္းကစားခဲ့ၿပီး ခ်န္ပီယံလိဂ္မွာ ရာႏႈန္းျပည့္ႏိုင္ပြဲနဲ႔အတူ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔ အေျခအေနေကာင္းေတြကို ပိုင္ဆိုင္ထားၿပီ ျဖစ္ပါတယ္။