မှေးမှိန်နေတဲ့ တချိန်က အသင်းဖော်ဟောင်းကို အရောင်တင်ပေးချင်နေတဲ့ ဗီလာနည်းပြ ဂျာရတ်
အက်စ်တွန်ဗီလာအသင်းရဲ့ နည်းပြဖြစ်သူ စတီဗင် ဂျာရတ် က ဒီ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း စပိန် နဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ဂျာရတ်ဟာ ရိန်းဂျားအသင်း ကနေ အက်စ်တွန်ဗီလာ အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အက်စ်တွန်ဗီလာ အသင်းကို ဥရောပပြိုင်ပွဲတွေဆီ ပို့ဆောင်ပေးဖို့ ရည်မှန်းချက် ရှိသူ ဖြစ်ပြီး ဇန်နဝါရီလ အပြောင်းအရွှေ့မှာလည်း ထိပ်တန်းအဆင့် ကွင်းလယ်တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုဟာ တချိန်က ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ပြီးနောက် ပုံမှန်ခြေစွမ်း ပြသဖို့တောင် ရုန်းကန်နေရပါတယ်။
ဒါကြောင့်ပဲ ကော်တင်ဟို ကို ရောင်းထုတ်ဖို့ ဘာစီလိုနာ အကြိမ်ကြိမ် ကြိုးစားခဲ့သေးပြီး အခုထိ မအောင်မြင် သေးတာပါ။
စကိုင်းစပေါ့သတင်း အဆို အရ အက်စ်တွန်ဗီလာ အသင်းဟာ ဂျာရတ်ရဲ့ တောင်းဆိုချက်အရ ကော်တင်ဟိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ဘာစီလိုနာ အသင်းဆီ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ကော်တင်ဟိုကလည်း ဗီလာအသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ခေါင်းညိတ်ခဲ့ကြောင်း သိရပါတယ်။
ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကော်တင်ဟိုကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ်မှ အာဆင်နယ် ၊ စပါး တို့ကလည်း စိတ်ဝင်စားနေသေးပြီး ဂျာရတ်က ကော်တင်ဟိုဆီ နေ့စဉ်နေ့တိုင်း ကိုယ်တိုင် ဖုန်းဆက် စည်းရုံးနေပါတယ်။
ကော်တင်ဟို ကလည်း ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့ အတူ ပါဝင် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်ခဲ့သူ စတီဗင် ဂျာရတ် ရှိရာ အက်စ်တွန်ဗီလာ အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေတာပါ။

ZG
အက္စ္တြန္ဗီလာအသင္းရဲ႕ နည္းျပျဖစ္သူ စတီဗင္ ဂ်ာရတ္ က ဒီ ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း တဦး ျဖစ္သူ ေကာ္တင္ဟိုကို အငွားနဲ႔ ေခၚယူဖို႔ ႀကိဳးစားေနေၾကာင္း စပိန္ နဲ႔ အဂၤလန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
ဂ်ာရတ္ဟာ ရိန္းဂ်ားအသင္း ကေန အက္စ္တြန္ဗီလာ အသင္းဆီ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ အက္စ္တြန္ဗီလာ အသင္းကို ဥေရာပၿပိဳင္ပြဲေတြဆီ ပို႔ေဆာင္ေပးဖို႔ ရည္မွန္းခ်က္ ရွိသူ ျဖစ္ၿပီး ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာလည္း ထိပ္တန္းအဆင့္ ကြင္းလယ္တိုက္စစ္ ကစားသမား တဦးကို ေခၚယူဖို႔ စီစဥ္ထားပါတယ္။
အသက္ ၂၉ႏွစ္ အ႐ြယ္ ဘရာဇီးလ္ ကြင္းလယ္တိုက္စစ္ ကစားသမား ေကာ္တင္ဟိုဟာ တခ်ိန္က ပရီးမီးယားလိဂ္ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကြင္းလယ္တိုက္စစ္ ကစားသမား တဦး အျဖစ္ ေျခစြမ္းေကာင္းေတြ ျပသႏိုင္ခဲ့သူ ျဖစ္ေပမယ့္ ဘာစီလိုနာအသင္းဆီ ေျပာင္းေ႐ႊ႕ၿပီးေနာက္ ပုံမွန္ေျခစြမ္း ျပသဖို႔ေတာင္ ႐ုန္းကန္ေနရပါတယ္။
ဒါေၾကာင့္ပဲ ေကာ္တင္ဟို ကို ေရာင္းထုတ္ဖို႔ ဘာစီလိုနာ အၾကိမ္ၾကိမ္ ၾကိဳးစားခဲ့ေသးျပီး အခုထိ မေအာင္ျမင္ ေသးတာပါ။
စကိုင္းစေပါ့သတင္း အဆို အရ အက္စ္တြန္ဗီလာ အသင္းဟာ ဂ်ာရတ္ရဲ႕ ေတာင္းဆိုခ်က္အရ ေကာ္တင္ဟိုကို ရာသီဝက္အငွားနဲ႔ ေခၚယူဖို႔ ဘာစီလိုနာ အသင္းဆီ ကမ္းလွမ္းမႈ ျပဳလုပ္ထားၿပီး ေကာ္တင္ဟိုကလည္း ဗီလာအသင္းဆီ ေျပာင္းေ႐ႊ႕ ကစားဖို႔ ေခါင္းညိတ္ခဲ့ေၾကာင္း သိရပါတယ္။
ဇန္နဝါရီလ အေျပာင္းအေ႐ႊ႕မွာ ေကာ္တင္ဟိုကို ေခၚယူဖို႔ အတြက္ ပရီးမီးယားလိဂ္မွ အာဆင္နယ္ ၊ စပါး တို႔ကလည္း စိတ္ဝင္စားေနေသးျပီး ဂ်ာရတ္က ေကာ္တင္ဟိုဆီ ေန႔စဥ္ေန႔တိုင္း ကိုယ္တိုင္ ဖုန္းဆက္ စည္းရံုးေနပါတယ္။
ေကာ္တင္ဟို ကလည္း ၂၀၂၂ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းနဲ႔ အတူ ပါဝင္ ယွဥ္ၿပိဳင္ခြင့္ ရဖို႔ အတြက္ သူ႔ရဲ႕ အသင္းေဖာ္ေဟာင္း တဦး ျဖစ္ခဲ့သူ စတီဗင္ ဂ်ာရတ္ ရွိရာ အက္စ္တြန္ဗီလာ အသင္းဆီ အငွားနဲ႔ ေျပာင္းေ႐ႊ႕ ကစားဖို႔ စိတ္ဝင္စားေနတာပါ။