အာဆင်နယ်မှာ အဖိခံနေရတာတောင် အချိုးမပြေသေးဘဲ ဆက်ကဲနေတဲ့ အူဘာမီယန်း

အာဆင်နယ် တိုက်စစ်မှူး အူဘာမီယန်း ဟာ အာဖရိကဖလားပြိုင်ပွဲ မကစားခင် ကိုဗစ်ပိုး ကူးစက်ခံရလို့ နောက်ထပ် ပြဿနာတစ်ရပ်နဲ့ ကြုံနေရပြီ ဖြစ်ပါတယ်။ ဂါဘွန်အသင်းခေါင်းဆောင်ဟာ ဆောက်သမ်တန် ကွင်းလယ်လူဟောင်း မာရီယို လီမီနာ၊ လက်ထောက်နည်းပြ အာနီဆက်တို့နဲ့အတူ ကင်မရွန်းကို ရောက်လာချိန် ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာဖြစ်ပြီး PCR test မပြုလုပ်ခင် ယခုအချိန်မှာတော့ သီးခြားစီ ခွဲနေနေရပါတယ်။

ကိုဗစ် ပိုးရှိတယ် ပြခဲ့မယ်ဆိုရင်တော့ အူဘာမီယန်းနဲ့ လီမီနာတို့ဟာ တနင်္လာနေ့ ကင်မရွန်းနဲ့ အဖွင့်ပွဲကို လွဲချော်မှာ ဖြစ်ပေမဲ့ သောကြာနေ့ ဂါနာနဲ့ပွဲမတိုင်ခင်တော့ သီးခြားခွဲနေမှုကနေ ပြန်ထွက်လာဖွယ် ရှိနေပါတယ်။

ဂါဘွန်အသင်းမှာ ဘာကြောင့် ခုလို ကိုဗစ်ပိုး ပျံ့နှံ့သွားခဲ့လဲဆိုတာ မရှင်းလင်းသေးချိန် ပြိုင်ပွဲမတိုင်ခင် ဒူဘိုင်းမှာ လေ့ကျင့်ခန်းဆင်းစဉ် ကစားသမားတွေ အတူတကွ ရှိနေတဲ့ ဗီဒီယို လူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့လ စည်းကမ်းပိုင်းချိုးဖောက်မှုကောင့် အာဆင်နယ် အသင်းခေါင်းဆောင် ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ အူဘာမီယန်းဟာ ယခုအချိန်မှာလည်း ဂါဘွန်အသင်းကို ပြိုင်ပွဲအစမှာ အသင်းခေါင်းဆောင်မပါပဲ ကစားစေခဲ့ရပြီ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အသင်းဖော် လီမီနာနဲ့အတူ ပါတီမှာ ကဲနေတာကို မြင်တွေ့ခဲ့ရပါတယ်။ ကင်မရွန်းက ပြိုင်ပွဲ ဇန်နဝါရီ ၉ရက်မှာ စတင်ချိန် အူဘာမီယန်းနဲ့ လီမီနာတို့ဟာ ကင်မရွန်း၊ ဂါနာတို့နဲ့ ပွဲစဉ်တွေကို လွဲချော်နိုင်တာပဲ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က အူဘာမီယန်းဟာ baseball ဦးထုပ်ကို နောက်ပြန်ဆောင်းကာ လေယာဉ်ပျံ Emoji၊ ကင်မရွန်း အလံတို့နဲ့ ပုံတစ်ပုံကို တင်ထားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ အာဆင်နယ်မှာ အကျပိုင်းရောက်နေတဲ့ အူဘာမီယန်းအတွက် နောက်ထပ် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီဇင်ဘာ၆ရက်နေ့နောက်ပိုင်း အာဆင်နယ်အတွက် မကစားရတော့တဲ့ အူဘာမီယန်းဟာ ဒီလအတွင်း အသင်းကနေ ရောင်းထုတ်ခံရနိုင်ပေမဲ့ ဝယ်ယူမယ့်အသင်းက ဂါဘွန်သားအတွက် ပေးနေရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ လစာကို ပေးချေဖို့ ရုန်းကန်ရနိုင်ပါတယ်။

အူဘာမီယန်းဟာ ဂါဘွန်အတွက် ရှိနေချိန် အာဆင်နယ် အသင်းရဲ့ ပွဲစဉ်၅ပွဲလောက်ကို လွဲချော်သွားဖို့ ရှိနေပါတယ်။ မန်စီးတီး ပွဲစဉ်နဲ့အတူ လီဗာပူးနဲ့ ကာရာဘောင်ဖလား၂ကျော့၊ နော်တင်ဟမ်ဖောရက်စ်နဲ့ အက်ဖ်အေဖလားပွဲ၊ တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ် ရှိနေပါတယ်။

ဂါဘွန်အသင်း အာဖရိကဖလား အုပ်စုအဆင့်ကနေ ထွက်ရရင်တော့ ဇန်နဝါရီ၂၂ရက်နေ့ ဘန်လေနဲ့ အိမ်ကွင်းပွဲစဉ်မှာ အူဘာမီယန်းတစ်ယောက် ပါဝင်နိုင်ဖို့ ရှိနေပါတယ်။ ဂါဘွန်တို့ ဗိုလ်လုပွဲထိ တက်နိုင်ရင်တော့ အူဘာမီယန်းဟာ ဖေဖော်ဝါရီ ၁၀ရက်နေ့ ဝုဗ်နဲ့ပွဲစဉ်ကိုလည်း လွဲချော်သွားဖို့ ရှိနေပါတယ်။

ZG

အာဆင္နယ္ တိုက္စစ္မႉး အူဘာမီယန္း ဟာ အာဖရိကဖလားၿပိဳင္ပြဲ မကစားခင္ ကိုဗစ္ပိုး ကူးစက္ခံရလို႔ ေနာက္ထပ္ ျပႆနာတစ္ရပ္နဲ႔ ႀကဳံေနရၿပီ ျဖစ္ပါတယ္။ ဂါဘြန္အသင္းေခါင္းေဆာင္ဟာ ေဆာက္သမ္တန္ ကြင္းလယ္လူေဟာင္း မာရီယို လီမီနာ၊ လက္ေထာက္နည္းျပ အာနီဆက္တို႔နဲ႔အတူ ကင္မ႐ြန္းကို ေရာက္လာခ်ိန္ ကိုဗစ္ပိုးေတြ႕ရွိခဲ့ရတာျဖစ္ၿပီး PCR test မျပဳလုပ္ခင္ ယခုအခ်ိန္မွာေတာ့ သီးျခားစီ ခြဲေနေနရပါတယ္။

ကိုဗစ္ ပိုးရွိတယ္ ျပခဲ့မယ္ဆိုရင္ေတာ့ အူဘာမီယန္းနဲ႔ လီမီနာတို႔ဟာ တနလၤာေန႔ ကင္မ႐ြန္းနဲ႔ အဖြင့္ပြဲကို လြဲေခ်ာ္မွာ ျဖစ္ေပမဲ့ ေသာၾကာေန႔ ဂါနာနဲ႔ပြဲမတိုင္ခင္ေတာ့ သီးျခားခြဲေနမႈကေန ျပန္ထြက္လာဖြယ္ ရွိေနပါတယ္။

ဂါဘြန္အသင္းမွာ ဘာေၾကာင့္ ခုလို ကိုဗစ္ပိုး ပ်ံ႕ႏွံ႔သြားခဲ့လဲဆိုတာ မရွင္းလင္းေသးခ်ိန္ ၿပိဳင္ပြဲမတိုင္ခင္ ဒူဘိုင္းမွာ ေလ့က်င့္ခန္းဆင္းစဥ္ ကစားသမားေတြ အတူတကြ ရွိေနတဲ့ ဗီဒီယို လူမႈကြန္ရက္မွာ တက္လာခဲ့ပါတယ္။

ၿပီးခဲ့တဲ့လ စည္းကမ္းပိုင္းခ်ိဳးေဖာက္မႈေကာင့္ အာဆင္နယ္ အသင္းေခါင္းေဆာင္ ရာထူးက ဖယ္ရွားခံခဲ့ရတဲ့ အူဘာမီယန္းဟာ ယခုအခ်ိန္မွာလည္း ဂါဘြန္အသင္းကို ၿပိဳင္ပြဲအစမွာ အသင္းေခါင္းေဆာင္မပါပဲ ကစားေစခဲ့ရၿပီ ျဖစ္ပါတယ္။

အူဘာမီယန္းဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ အသင္းေဖာ္ လီမီနာနဲ႔အတူ ပါတီမွာ ကဲေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ကင္မ႐ြန္းက ၿပိဳင္ပြဲ ဇန္နဝါရီ ၉ရက္မွာ စတင္ခ်ိန္ အူဘာမီယန္းနဲ႔ လီမီနာတို႔ဟာ ကင္မ႐ြန္း၊ ဂါနာတို႔နဲ႔ ပြဲစဥ္ေတြကို လြဲေခ်ာ္ႏိုင္တာပဲ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔က အူဘာမီယန္းဟာ baseball ဦးထုပ္ကို ေနာက္ျပန္ေဆာင္းကာ ေလယာဥ္ပ်ံ Emoji၊ ကင္မ႐ြန္း အလံတို႔နဲ႔ ပုံတစ္ပုံကို တင္ထားခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ကေတာ့ အာဆင္နယ္မွာ အက်ပိုင္းေရာက္ေနတဲ့ အူဘာမီယန္းအတြက္ ေနာက္ထပ္ ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာခဲ့ပါတယ္။ ဒီဇင္ဘာ၆ရက္ေန႔ေနာက္ပိုင္း အာဆင္နယ္အတြက္ မကစားရေတာ့တဲ့ အူဘာမီယန္းဟာ ဒီလအတြင္း အသင္းကေန ေရာင္းထုတ္ခံရႏိုင္ေပမဲ့ ဝယ္ယူမယ့္အသင္းက ဂါဘြန္သားအတြက္ ေပးေနရတဲ့ တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ လစာကို ေပးေခ်ဖို႔ ႐ုန္းကန္ရႏိုင္ပါတယ္။

အူဘာမီယန္းဟာ ဂါဘြန္အတြက္ ရွိေနခ်ိန္ အာဆင္နယ္ အသင္းရဲ႕ ပြဲစဥ္၅ပြဲေလာက္ကို လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။ မန္စီးတီး ပြဲစဥ္နဲ႔အတူ လီဗာပူးနဲ႔ ကာရာေဘာင္ဖလား၂ေက်ာ့၊ ေနာ္တင္ဟမ္ေဖာရက္စ္နဲ႔ အက္ဖ္ေအဖလားပြဲ၊ ေတာ့တင္ဟမ္နဲ႔ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ေတြကိုလည္း လြဲေခ်ာ္ဖြယ္ ရွိေနပါတယ္။

ဂါဘြန္အသင္း အာဖရိကဖလား အုပ္စုအဆင့္ကေန ထြက္ရရင္ေတာ့ ဇန္နဝါရီ၂၂ရက္ေန႔ ဘန္ေလနဲ႔ အိမ္ကြင္းပြဲစဥ္မွာ အူဘာမီယန္းတစ္ေယာက္ ပါဝင္ႏိုင္ဖို႔ ရွိေနပါတယ္။ ဂါဘြန္တို႔ ဗိုလ္လုပြဲထိ တက္ႏိုင္ရင္ေတာ့ အူဘာမီယန္းဟာ ေဖေဖာ္ဝါရီ ၁၀ရက္ေန႔ ဝုဗ္နဲ႔ပြဲစဥ္ကိုလည္း လြဲေခ်ာ္သြားဖို႔ ရွိေနပါတယ္။