သူ့အကြိုက် နည်းပြ မခန့်ရင် မန်ယူကနေ ထွက်ဖို့ စဉ်းစားနေပြီ ဖြစ်တဲ့ စီ ရော်နယ်ဒို
ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့အတွက် အမှန်အကန် စဉ်းစားနေပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရန်းနစ်က ယာယီနည်းပြ အဖြစ် ရာသီကုန်ထိသာ တာဝန်ယူထားတာကြောင့် မန်ယူက နောက်ထပ် ခန့်မယ့် နည်းပြက သူ့ အကြိုက် မဟုတ်ရင် အသင်းပြောင်းဖို့ ရော်နယ်ဒိုက ဆုံးဖြတ်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။
ရော်နယ်ဒိုဟာ ယာယီနည်းပြသစ် ခန့်အပ်မှုနဲ့ပတ်သက်ပြီး ဘာမှမပြောဆိုခဲ့ဘဲ ရာသီကုန် ခန့်အပ်မယ့်အပေါ်ကိုသာ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ် ကနေ မန်ယူအသင်းထံ ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနောက် ရော်နယ်ဒိုဟာ နည်းပြ ၃ ဦးအထိကို တွေ့ဆုံခဲ့ရပြိးဖြစ်ပါတယ်။ ဆိုးလ်ရှား၊ မိုက်ကယ်ကာရစ်နဲ့ ရန်းဂ်နစ်ခ်တို့ဖြစ်ပြီး လက်ကျန် စာချုပ်သက်တမ်းက အမြဲတမ်း နည်းပြ ဘယ်သူဖြစ်မလဲဆိုတဲ့အပေါ် မူတည်လာခဲ့တာပါ။
ရန်းဂ်နစ်က ရာသီကုန်ထိသာ အသင်းကို နည်းပြ အဖြစ် တာဝန်ယူမှာဖြစ်ပြီး အဲဒီနောက်မှာ အကြံပေးအဖြစ် ပြောင်းလဲ တာဝန်ယူသွားမှာဖြစ်ပါတယ်။ ရန်းဂ်နစ်ခ်လက်အောက်မှာ ရော်နယ်ဒိုတယောက် အခက်တွေ့နေရပြီး ပွဲစဉ် ၂ပွဲအထိ ဂိုးပေါက် ပျောက်ခဲ့သလို ဂိုးပေါက်ကန်သွင်းခွင့်လည်း တကြိမ်မှတောင် မရတဲ့အထိ ခြေစွမ်းကျဆင်းခဲ့ကာ ရုန်းကန်နေရ ပါတယ်။
ဒါကြောင့် လာမယ့်နည်းပြသစ်က သူ့ကို အကောင်းဆုံး ပုံစံဖြစ်လာအောင် ကူညီပေးနိုင်ပြီး သူနဲ့အံဝင်မယ့် နည်းပြမျိုး ဖြစ်လာဖို့ ရော်နယ်ဒိုက မျှော်လင့်နေပါတယ်။
ရန်းဂ်နစ်ခ်ရဲ့ ၄-၂-၂-၂ ကစားကွက်မှာ ပုံမှန်ကစားခွင့်ရတာကလွဲလို့ လုံလောက်တဲ့ ပံ့ပိုးမှုတွေ မရတဲ့အပေါ် ရော်နယ်ဒိုက စိတ်ပျက်နေပြီး လူသိရှင်ကြား ထုတ် မပြောဆိုခဲ့ပေမယ့် သူ့ရဲ့ အမူအရာတွေ ကတော့ ပြသနေခဲ့ပါတယ်။
ဒီရာသီမှာ ရော်နယ်ဒိုက အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၁၄ ဂိုးသွင်းယူပေးထားကာ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်တော့ ရှိနေခဲ့ပါတယ်။

ZG
ခရစၥတီယာနို ေရာ္နယ္ဒိုကေတာ့ ရာသီကုန္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းကေန ထြက္ခြာဖို႔အတြက္ အမွန္အကန္ စဥ္းစားေနၿပီလို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ရန္းနစ္က ယာယီနည္းျပ အျဖစ္ ရာသီကုန္ထိသာ တာဝန္ယူထားတာေၾကာင့္ မန္ယူက ေနာက္ထပ္ ခန္႔မယ့္ နည္းျပက သူ႔ အၾကိဳက္ မဟုတ္ရင္ အသင္းေျပာင္းဖို႔ ေရာ္နယ္ဒိုက ဆံုးျဖတ္ထားျပီ ျဖစ္တယ္လို႔ သိရပါတယ္။
ေရာ္နယ္ဒိုဟာ ယာယီနည္းျပသစ္ ခန႔္အပ္မႈနဲ႔ပတ္သက္ၿပီး ဘာမွမေျပာဆိုခဲ့ဘဲ ရာသီကုန္ ခန႔္အပ္မယ့္အေပၚကိုသာ ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။
ဂ်ဴဗင္တပ္ ကေန မန္ယူအသင္းထံ ကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုဟာ နည္းျပ ၃ ဦးအထိကို ေတြ႕ဆုံခဲ့ရၿပိးျဖစ္ပါတယ္။ ဆိုးလ္ရွား၊ မိုက္ကယ္ကာရစ္နဲ႔ ရန္းဂ္နစ္ခ္တို႔ျဖစ္ၿပီး လက္က်န္ စာခ်ဳပ္သက္တမ္းက အၿမဲတမ္း နည္းျပ ဘယ္သူျဖစ္မလဲဆိုတဲ့အေပၚ မူတည္လာခဲ့တာပါ။
ရန္းဂ္နစ္က ရာသီကုန္ထိသာ အသင္းကို နည္းျပ အျဖစ္ တာဝန္ယူမွာျဖစ္ၿပီး အဲဒီေနာက္မွာ အႀကံေပးအျဖစ္ ေျပာင္းလဲ တာဝန္ယူသြားမွာျဖစ္ပါတယ္။ ရန္းဂ္နစ္ခ္လက္ေအာက္မွာ ေရာ္နယ္ဒိုတေယာက္ အခက္ေတြ႕ေနရၿပီး ပြဲစဥ္ ၂ပြဲအထိ ဂိုးေပါက္ ေပ်ာက္ခဲ့သလို ဂိုးေပါက္ကန္သြင္းခြင့္လည္း တႀကိမ္မွေတာင္ မရတဲ့အထိ ေျခစြမ္းက်ဆင္းခဲ့ကာ ႐ုန္းကန္ေနရ ပါတယ္။
ဒါေၾကာင့္ လာမယ့္နည္းျပသစ္က သူ႔ကို အေကာင္းဆုံး ပုံစံျဖစ္လာေအာင္ ကူညီေပးႏိုင္ၿပီး သူနဲ႔အံဝင္မယ့္ နည္းျပမ်ိဳး ျဖစ္လာဖို႔ ေရာ္နယ္ဒိုက ေမွ်ာ္လင့္ေနပါတယ္။
ရန္းဂ္နစ္ခ္ရဲ႕ ၄-၂-၂-၂ ကစားကြက္မွာ ပုံမွန္ကစားခြင့္ရတာကလြဲလို႔ လုံေလာက္တဲ့ ပံ့ပိုးမႈေတြ မရတဲ့အေပၚ ေရာ္နယ္ဒိုက စိတ္ပ်က္ေနၿပီး လူသိရွင္ၾကား ထုတ္ မေျပာဆိုခဲ့ေပမယ့္ သူ႔ရဲ႕ အမူအရာေတြ ကေတာ့ ျပသေနခဲ့ပါတယ္။
ဒီရာသီမွာ ေရာ္နယ္ဒိုက အသင္းအတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၁၄ ဂိုးသြင္းယူေပးထားကာ ဂိုးသြင္း အမ်ားဆုံး ကစားသမား အျဖစ္ေတာ့ ရွိေနခဲ့ပါတယ္။