အက်ဖ်အေ နိုင်ပွဲနဲ့ စီးတီးအတွက် ဖိုဒန်လက်သစ်၊ ကော်တင်ညို၊ ရော်နယ်ဒိုနဲ့ ယနေ့ နံနက်ခင်း သတင်းများ

လီဗာပူးအနေနဲ့ နောက်ခံလူ နတ်ဖီးလစ်အတွက် အမည်မဖော်လိုတဲ့ ပရီးမီးယားလိဂ်အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအသင်းဟာ ဖီးလစ်အတွက်ပေါင် ၇ သန်းနဲ့ကမ်းလှမ်းခဲ့ပြီး လီဗာပူးကတော့ နှစ်ဆလိုချင်နေတာပါ။

ညက ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်တွေအနက် မန်စီးတီးအသင်းက ဆွင်ဒမ်းအသင်းကို ဆေးလ်ဗား၊ ဂျီးဆပ်၊ ဂန်ဒိုဂန်၊ ပေါလ်မားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၁-၄ နဲ့ အနိုင်ရရှိ သွားခဲ့ပါတယ်။

အက်ဖ်အေဖလားပွဲစဉ်မှာ ခြေစွမ်းပြဂိုးသွင်းယူနိုင်ခဲ့တဲ့ မန်စီးတီး လူငယ်တိုက်စစ်ကစားသမားလေး ပေါလ်မားဟာ အသင်းရဲ့ ဒုတိယမြောက် ဖိုဒန် ဖြစ်လာနိုင်ခြေရှိကြောင်း လက်ထောက်နည်းပြ ဘော်ရယ်းက ချီးကျူးပြောဆို သွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း ပေါ့ဘာကို တစ်ပါတ်လုပ်ခ ပေါင် ၅ သိန်းနဲ့ စာချုပ်သစ် ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကစားသမားရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ငြင်းဆန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

ဒါ့အပြင် မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ရန်းဂ်နစ်ကတော့ လက်ရှိ အသင်းသားအတော်များများ ပျော်ရွှင်မှု ပျောက်ဆုံးနေကြောင်း ဝန်ခံပြောဆိုခဲ့ပေမယ့် ယခုအခြေအနေကို အကောင်းဆုံး ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ပရိသတ်တွေထံ ကတိပေးသွားခဲ့ပါတယ်။

အသင်းမှ ထွက်ခွာလိုနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မန်ယူအသင်းကွင်းလယ်လူ ဖရတ်တစ်ယောက် ပြန်လည်တုန့်ပြန်မှုတွေ ပြုလုပ်သွားခဲ့ကာ လက်ရှိရာသီ ကစားခွင့်ရနေမှု အနေအထားအပေါ် အားရကျေနပ်မှု ရှိနေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ စပါးအသင်းတိုက်စစ်မှူး ဆွန်ယောင်မင်တစ်ယောက် ယခုတစ်လလုံး အနားယူ ရနိုင်ခြေ ရှိနေကြောင်း နည်းပြ ကွန်တီက ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။

အက်စ်တွန်ဗီလာအသင်းဟာ ကော်တင်ဟိုကို အငှားခေါ်ယူလိုက်ပေမယ့် ကစားသမားရဲ့ လစာ ၅၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းကြားသာ ပေးချေရမှာ ဖြစ်ပြီး ကျန်တာကိုတော့ ဘာစီလိုနာအသင်းက စိုက်ထုတ်ပေးသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်အတွက် မရှိ ရှိတာ ငွေထုတ်သံုံး ခေါ်သင့်ကြောင်း၊ ဗလာဟိုဗစ်ဟာ အာဆင်နယ်ကို ချန်ပီယံဆုဖလား စိန်ခေါ်နိုင်သူအဖြစ် ပြောင်းလဲစေမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

လာမယ့် စူပါကိုပါ ဖလားပွဲစဉ်မှာ အသင်းတိုက်စစ် ကစားသမားလေး ဖက်တီ ပြန်လည် ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း ဘာစီလိုနာ အသင်း နည်းပြ ဇာဗီက အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ အသင်းကနေ ထွက်ခွာလိုနေပြီ ဖြစ်ကြောင်း သတင်းထွက် နေပါတယ်။ စီရော်နယ်ဒိုအနေနဲ့ လက်ရှိအသင်းတွင်း စီမံခန့်ခွဲမှုတွေကို စိတ်ပျက်နေတာ ဖြစ်ပါတယ်။