ရာသီကုန် ပရီးမီးယားလိဂ်မှာ ဘယ်အသင်းတွေ အဆင့် ၁ ကနေ ၄ အတွင်း ရှိမလဲ ဂျွန်ဘန်းစ် ခန့်မှန်း

ဒီရာသီကုန် ပရီးမီးယားလိဂ်မှာ အဆင့် ၁ ကနေ ၄ အတွင်း ဘယ်အသင်းတွေ ဘယ်နေရာ ရပ်တည်နေကြမလဲ ဆိုတာကို လီဗာပူး ကစားသမားဟောင်းကြီး ဂျွန်ဘန်းစ်က ခန့်မှန်းပြောဆိုလို့ သွားခဲ့ပါတယ်။

အဆင့် ၄ နေရာ နဲ့ ပတ်သက်ပြီးတော့ ဂျွန်ဘန်းစ်က – “မန်ယူနိုက်တက် ထက် စပါးအသင်းက ကို ပိုမြင့်မားတဲ့ နေရာမျိုးမှာ ရှိနေနိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မန်ချက်စတာ ယူနိုက်တက်က နည်းပြ အပြောင်းအလဲတွေ ဘယ်လိုပဲလုပ်လုပ် သူတို့အသင်းက တသမတ်တည်းမှာ ရှိမနေဘူး။

လူတိုင်းက သူတို့ရဲ့ ပြသာနာတွေအားလုံးအတွက် အိုလေဂန်နာ ဆိုးလ်ရှားကိုပဲ အပြစ်တင်တတ်ကြတယ်။ လီဗာပူး မှာ နည်းပြကြီး ရွိုင်းဟော့ဆန်ကို အပြစ်ပုံချကြသလိုမျိုးပါပဲ။ တကယ်တော့ မန်ယူ ကစားသမားတွေက စွမ်းဆောင်ရည်ကောင်းကို မရှိကြတာပါ။

ဝက်စ်ဟမ်းကတောင် နည်းနည်း လိုက်လျောညီထွေမှု ရှိတတ်ပေမယ့်လည်း ကျွန်တော်ကတော့ အဆင့်(၄)နေရာကို အာဆင်နယ်နဲ့ စပါး တစ်သင်းသင်းကပဲ ရယူဖို့ ရေပန်းစားနိုင်လိမ့်မယ်လို့ ထင်မိပါတယ်” လို့ သုံးသပ်သွားပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ အလားအလာကို ဂျွန်ဘန်းစ်က “လီဗာပူးလ်ရော ချဲလ်ဆီးအသင်းရောက မန်စီးတီး အသင်းကို အမီလိုက်နိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲသွားခဲ့ပါပြီ။ ကျွန်တော်ကတော့ ဒုတိယနေရာအတွက် ရေပန်းစားတဲ့ အသင်းကို လီဗာပူး၊ တတိယနေရာအတွက် ချယ်လ်ဆီးအသင်းတို့ကို ရွေးချယ်ပေးချင်တယ်။

မန်စီးတီးအသင်း က ခံနိုင်စွမ်းအပြည့်နဲ့ကို ကစားနေတဲ့ ပုံစံမျိုး မြင်နေရတယ်။ သူတို့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ စွမ်းဆောင်ရည် မကောင်းမွန်ခဲ့ပေမယ့် သူတို့နိုင်ပွဲ ရရှိခဲ့တယ်” လို့ ခန့်မှန်းသုံးသပ်သွားခဲ့ပါတယ်။

လက်ရှိမှာတော့ ချဲလ်ဆီးအသင်းဟာ ရမှတ်(၄၃)မှတ်နဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပေမယ့် အဆင့်(၃)က လီဗာပူး အသင်းထက် တစ်ပွဲလျေျာ့ထားသလို ဇယားထိပ်က မန်စီးတီး အသင်းနဲ့လည်း (၁၀)မှတ်အထိကို ကွာဟ နေပါတယ်။

ZG

ဒီရာသီကုန္ ပရီးမီးယားလိဂ္မွာ အဆင့္ ၁ ကေန ၄ အတြင္း ဘယ္အသင္းေတြ ဘယ္ေနရာ ရပ္တည္ေနၾကမလဲ ဆိုတာကို လီဗာပူး ကစားသမားေဟာင္းၾကီး ဂြၽန္ဘန္းစ္က ခန႔္မွန္းေျပာဆိုလို႔ သြားခဲ့ပါတယ္။

အဆင့္ ၄ ေနရာ နဲ႔ ပတ္သက္ၿပီးေတာ့ ဂြၽန္ဘန္းစ္က – “မန္ယူႏိုက္တက္ ထက္ စပါးအသင္းက ကို ပိုျမင့္မားတဲ့ ေနရာမ်ိဳးမွာ ရွိေနႏိုင္ပါလိမ့္မယ္။ ဘာေၾကာင့္လဲဆိုေတာ့ မန္ခ်က္စတာ ယူႏိုက္တက္က နည္းျပ အေျပာင္းအလဲေတြ ဘယ္လိုပဲလုပ္လုပ္ သူတို႔အသင္းက တသမတ္တည္းမွာ ရွိမေနဘူး။

လူတိုင္းက သူတို႔ရဲ႕ ျပသာနာေတြအားလုံးအတြက္ အိုေလဂန္နာ ဆိုးလ္ရွားကိုပဲ အျပစ္တင္တတ္ၾကတယ္။ လီဗာပူး မွာ နည္းျပႀကီး ႐ြိဳင္းေဟာ့ဆန္ကို အျပစ္ပုံခ်ၾကသလိုမ်ိဳးပါပဲ။ တကယ္ေတာ့ မန္ယူ ကစားသမားေတြက စြမ္းေဆာင္ရည္ေကာင္းကို မရွိၾကတာပါ။

ဝက္စ္ဟမ္းကေတာင္ နည္းနည္း လိုက္ေလ်ာညီေထြမႈ ရွိတတ္ေပမယ့္လည္း ကြၽန္ေတာ္ကေတာ့ အဆင့္(၄)ေနရာကို အာဆင္နယ္နဲ႔ စပါး တစ္သင္းသင္းကပဲ ရယူဖို႔ ေရပန္းစားႏိုင္လိမ့္မယ္လို႔ ထင္မိပါတယ္” လို႔ သုံးသပ္သြားပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံဆုနဲ႔ အလားအလာကို ဂြၽန္ဘန္းစ္က “လီဗာပူးလ္ေရာ ခ်ဲလ္ဆီးအသင္းေရာက မန္စီးတီး အသင္းကို အမီလိုက္ႏိုင္ဖို႔ဆိုတာ အရမ္းကို ခက္ခဲသြားခဲ့ပါၿပီ။ ကြၽန္ေတာ္ကေတာ့ ဒုတိယေနရာအတြက္ ေရပန္းစားတဲ့ အသင္းကို လီဗာပူး၊ တတိယေနရာအတြက္ ခ်ယ္လ္ဆီးအသင္းတို႔ကို ေ႐ြးခ်ယ္ေပးခ်င္တယ္။

မန္စီးတီးအသင္း က ခံႏိုင္စြမ္းအျပည့္နဲ႔ကို ကစားေနတဲ့ ပုံစံမ်ိဳး ျမင္ေနရတယ္။ သူတို႔ အာဆင္နယ္အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပြဲစဥ္မွာ စြမ္းေဆာင္ရည္ မေကာင္းမြန္ခဲ့ေပမယ့္ သူတို႔ႏိုင္ပြဲ ရရွိခဲ့တယ္” လို႔ ခန႔္မွန္းသုံးသပ္သြားခဲ့ပါတယ္။

လက္ရွိမွာေတာ့ ခ်ဲလ္ဆီးအသင္းဟာ ရမွတ္(၄၃)မွတ္နဲ႔ အဆင့္(၂)ေနရာမွာ ရပ္တည္ေနေပမယ့္ အဆင့္(၃)က လီဗာပူး အသင္းထက္ တစ္ပြဲေလ််ာ့ထားသလို ဇယားထိပ္က မန္စီးတီး အသင္းနဲ႔လည္း (၁၀)မွတ္အထိကို ကြာဟ ေနပါတယ္။