ကော်တင်ဟိုနဲ့ အငှားခေါ်လိုက်တဲ့ အက်စတွန်ဗီလာအသင်းကြား အပြီးဝယ်ခွင့်နဲ့ လစာပေးချေမှုများ

အက်စတွန်ဗီလာ အသင်းဟာ ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုကို ယခုရာသီကုန်အထိရှိမယ့် အငှားစာချုပ်နဲ့ ခေါ်ယူ လိုက်ပြီးနောက် သူ့ကို ပေါင် ၃၃သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရရှိထားပါတယ်။

အက်စတွန် ဗီလာနည်းပြ ဂျရတ်ဟာ လီဗာပူးမှာ လက်တွဲခဲ့ဖူးတဲ့အသင်းဖော်ဟောင်းကို ခေါ်ယူဖို့ အဓိက နေရာ ကနေ ပါဝင်ခဲ့ပြီး နှစ်ဘက်အသင်းက အငှား ကာလအတွင်း ကော်တင်ဟိုရဲ့လုပ်ခလစာကို မျှဝေပေးရမှာဖြစ်ပေမယ့် ဗီလာက တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ ပေးချေရမှာ ဖြစ်ပါတယ်။

ကော်တင်ဟိုဟာ ကာတာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းနဲ့အတူ ၆ကြိမ်မြောက် ချန်ပီယံဆုရယူနိုင်ဖို့ စိတ်အား ထက်သန်နေပြီး ဗီလာမှာ ပုံမှန်ပွဲထွက်ခွင့်ရရင် ဘရာဇီးအသင်းမှာ ပြန်လည်ရွေးချယ်ခံရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဂျရတ်ဟာ ဗီလာမှာ ၄-၃-၃ နည်းဗျူဟာ သုံးစွဲနေပြီး လီဗာပူးနည်းပြ ကလော့ပ်ရဲ့ နည်းဗျူဟာနဲ့ အတူတူပဲ ဖြစ်ရာ ကော်တင်ဟိုကို ကွင်းလယ် တိုက်စစ် အားသန် ကျောနံပါတ် ၈ နေရာသာမက တောင်ပံတွေမှာလည်း သုံးနိုင်ပါတယ်။

ကွင်းလယ်ပိုင်းမှာ မက်ဂင်း၊ ဒေါက်ဂလပ်စ်နဲ့ ဂျာကော့ရမ်ဆေးတို့ ပုံမှန်ခြေစွမ်းပြနေလို့ တောင်ပံတိုက်စစ်မှာ ကစားခွင့်ရဖို့ ပိုမို နီးစပ်နေပြီး နောက်တစ်ပတ် စနေနေ့မှာ ကစားရမယ့် ယူနိုက်တက်နဲ့အိမ်ကွင်းပွဲမှာ ပွဲဦးထွက်အဖြစ် ပါဝင်ခွင့် ရလာနိုင်ပါတယ်။

ဂျရတ်နဲ့ ကော်တင်ဟိုတို့ဟာ ၂၀၁၃ ကနေ ၂၀၁၅ အထိ လီဗာပူးမှာ အတူတူကစားခဲ့ကြဖူးပြီး ၂၀၁၄ ခုနှစ်က နည်းပြ ရော်ဂျာရဲ့ ဦးဆောင်မှုနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့အထိ နီးစပ်ခဲ့ပါတယ်။

ZG

အက္စတြန္ဗီလာ အသင္းဟာ ဘာစီလိုနာကြင္းလယ္လူ ေကာ္တင္ဟိုကို ယခုရာသီကုန္အထိရွိမယ့္ အငွားစာခ်ဳပ္နဲ႔ ေခၚယူ လိုက္ၿပီးေနာက္ သူ႔ကို ေပါင္ ၃၃သန္းနဲ႔ အၿပီးသတ္ေခၚယူခြင့္ရရွိထားပါတယ္။

အက္စတြန္ ဗီလာနည္းျပ ဂ်ရတ္ဟာ လီဗာပူးမွာ လက္တြဲခဲ့ဖူးတဲ့အသင္းေဖာ္ေဟာင္းကို ေခၚယူဖို႔ အဓိက ေနရာ ကေန ပါဝင္ခဲ့ၿပီး ႏွစ္ဘက္အသင္းက အငွား ကာလအတြင္း ေကာ္တင္ဟိုရဲ႕လုပ္ခလစာကို မွ်ေဝေပးရမွာျဖစ္ေပမယ့္ ဗီလာက တစ္ပတ္လုပ္ခ ေပါင္ ၁၂၅၀၀၀ ေပးေခ်ရမွာ ျဖစ္ပါတယ္။

ေကာ္တင္ဟိုဟာ ကာတာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးအသင္းနဲ႔အတူ ၆ႀကိမ္ေျမာက္ ခ်န္ပီယံဆုရယူႏိုင္ဖို႔ စိတ္အား ထက္သန္ေနၿပီး ဗီလာမွာ ပုံမွန္ပြဲထြက္ခြင့္ရရင္ ဘရာဇီးအသင္းမွာ ျပန္လည္ေ႐ြးခ်ယ္ခံရလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဂ်ရတ္ဟာ ဗီလာမွာ ၄-၃-၃ နည္းဗ်ဴဟာ သုံးစြဲေနၿပီး လီဗာပူးနည္းျပ ကေလာ့ပ္ရဲ႕ နည္းဗ်ဴဟာနဲ႔ အတူတူပဲ ျဖစ္ရာ ေကာ္တင္ဟိုကို ကြင္းလယ္ တိုက္စစ္ အားသန္ ေက်ာနံပါတ္ ၈ ေနရာသာမက ေတာင္ပံေတြမွာလည္း သုံးႏိုင္ပါတယ္။

ကြင္းလယ္ပိုင္းမွာ မက္ဂင္း၊ ေဒါက္ဂလပ္စ္နဲ႔ ဂ်ာေကာ့ရမ္ေဆးတို႔ ပုံမွန္ေျခစြမ္းျပေနလို႔ ေတာင္ပံတိုက္စစ္မွာ ကစားခြင့္ရဖို႔ ပိုမို နီးစပ္ေနၿပီး ေနာက္တစ္ပတ္ စေနေန႔မွာ ကစားရမယ့္ ယူႏိုက္တက္နဲ႔အိမ္ကြင္းပြဲမွာ ပြဲဦးထြက္အျဖစ္ ပါဝင္ခြင့္ ရလာႏိုင္ပါတယ္။

ဂ်ရတ္နဲ႔ ေကာ္တင္ဟိုတို႔ဟာ ၂၀၁၃ ကေန ၂၀၁၅ အထိ လီဗာပူးမွာ အတူတူကစားခဲ့ၾကဖူးၿပီး ၂၀၁၄ ခုႏွစ္က နည္းျပ ေရာ္ဂ်ာရဲ႕ ဦးေဆာင္မႈနဲ႔အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ဖို႔အထိ နီးစပ္ခဲ့ပါတယ္။