ရော်နယ်ဒိုနဲ့ မက်ဆီ တို့ထက်တောင် ပိုများတဲ့ လစာ ဘာစီလိုနာထံ တောင်းထားတဲ့ ဒမ်ဘီလီ
ဘာစီလိုနာအသင်းဟာ ဒီ ဇန်နဝါရီမှာ ဖာရန် တောရက်စ်ကို ခေါ်ယူထားပြီး ကော်တင်ဟိုကို အငှားချကာ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ပြုလုပ်နေပေမယ့် နည်းပြ ဇာဗီ ဟာ လက်ရှိ ကစားသမား ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် လုံးပမ်းနေ ရပါတယ်။
ဒမ်ဘီလီက ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ကစားသမားဖြစ်ပြီး စာချုပ်သစ်အတွက် ဆွေးနွေးနေရာမှာတော့ သူ့ရဲ့တောင်းဆိုမှုကြောင့် ဘာစီလိုနာ တို့ စကားတောင်ပြန်မပြောနိုင်အောင် ဖြစ်နေရတယ်လို့ သိရပါတယ်။

ဂျာမနီသတင်းထောက် ဖလော်ရီယန် ရဲ့ ဖော်ပြချက်အရ ဒမ်ဘီလီဟာ တပတ်လုပ်ခ ပေါင် ၇ သိန်း အထိတောင်မှ တောင်းဆိုထားပြီး တနှစ်အတွက် ပေါင် ၃၆ သန်းအထိ အလိုရှိနေတယ်လို့ သိရပါတယ်။ ဒီပမာဏဟာ မက်ဆီ၊ ရော်နယ်ဒိုတို့ ရရှိနေတဲ့ လစာထက်တောင်မှ များပြားနေတာလည်းဖြစ်ပါတယ်။
ဒေါ့မွန်ကနေ ဘာကာကို ရောက်ရှိပြီးနောက် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီး မျှော်လင့်သလိုမလုပ်ပြနိုင်တဲ့ အခြေအနေမှာ သူ့ရဲ့တောင်းဆိုမှုက တော်တော်လေးတော့ အံ့အားသင့်စရာကောင်းနေတာ အမှန်ပါပဲ။ ဘာစီလိုနာကလည်း ကစားသမားရဲ့ ခြေစွမ်းကောင်းမွန်မှုကို သိရှိထားလို့ စားရမှာလည်း သဲတရှပ်ရှပ်၊ ပစ်ရမှာလည်း အဆီတဝင်းဝင်း ဆိုသလို ဖြစ်နေပါတယ်။
ဒမ်ဘီလီကို ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေတယ်လိ့ သိရပြီး တခြားကလပ်အသင်း အနည်းငယ်ကလည်း ခေါ်ယူချင် နေပါတယ်။ ဒါပေမယ့် သူ့ရဲ့ဒဏ်ရာ မှတ်တမ်းတွေက စဉ်းစားစရာဖြစ်နေပြီး ၅ နှစ်အတွင်း လိဂ်ပွဲ ၈၆ ပွဲသာ ကစားပေးထားနိုင်တဲ့ အခြေအနေကြောင့် ခေါ်ယူဖို့ရာ မဝံ့မရဲဖြစ်နေကြတယ်လို့ သိရပါတယ်။

ZG
ဘာစီလိုနာအသင္းဟာ ဒီ ဇန္နဝါရီမွာ ဖာရန္ ေတာရက္စ္ကို ေခၚယူထားၿပီး ေကာ္တင္ဟိုကို အငွားခ်ကာ အေျပာင္းအေရႊ႕ လႈပ္ရွားမႈေတြ ျပဳလုပ္ေနေပမယ့္ နည္းျပ ဇာဗီ ဟာ လက္ရွိ ကစားသမား ဒမ္ဘီလီကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ လုံးပမ္းေန ရပါတယ္။
ဒမ္ဘီလီက ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ ကစားသမားျဖစ္ၿပီး စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးေနရာမွာေတာ့ သူ႔ရဲ႕ေတာင္းဆိုမႈေၾကာင့္ ဘာစီလိုနာ တို႔ စကားေတာင္ျပန္မေျပာႏိုင္ေအာင္ ျဖစ္ေနရတယ္လို႔ သိရပါတယ္။
ဂ်ာမနီသတင္းေထာက္ ဖေလာ္ရီယန္ ရဲ႕ ေဖာ္ျပခ်က္အရ ဒမ္ဘီလီဟာ တပတ္လုပ္ခ ေပါင္ ၇ သိန္း အထိေတာင္မွ ေတာင္းဆိုထားၿပီး တႏွစ္အတြက္ ေပါင္ ၃၆ သန္းအထိ အလိုရွိေနတယ္လို႔ သိရပါတယ္။ ဒီပမာဏဟာ မက္ဆီ၊ ေရာ္နယ္ဒိုတို႔ ရရွိေနတဲ့ လစာထက္ေတာင္မွ မ်ားျပားေနတာလည္းျဖစ္ပါတယ္။
ေဒါ့မြန္ကေန ဘာကာကို ေရာက္ရွိၿပီးေနာက္ ဒဏ္ရာေတြနဲ႔ ႐ုန္းကန္ေနရၿပီး ေမွ်ာ္လင့္သလိုမလုပ္ျပႏိုင္တဲ့ အေျခအေနမွာ သူ႔ရဲ႕ေတာင္းဆိုမႈက ေတာ္ေတာ္ေလးေတာ့ အံ့အားသင့္စရာေကာင္းေနတာ အမွန္ပါပဲ။ ဘာစီလိုနာကလည္း ကစားသမားရဲ႕ ေျခစြမ္းေကာင္းမြန္မႈကို သိရွိထားလို႔ စားရမွာလည္း သဲတရွပ္ရွပ္၊ ပစ္ရမွာလည္း အဆီတဝင္းဝင္း ဆိုသလို ျဖစ္ေနပါတယ္။
ဒမ္ဘီလီကို ဘိုင္ယန္ျမဴးနစ္က စိတ္ဝင္စားေနတယ္လိ့ သိရၿပီး တျခားကလပ္အသင္း အနည္းငယ္ကလည္း ေခၚယူခ်င္ ေနပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕ဒဏ္ရာ မွတ္တမ္းေတြက စဥ္းစားစရာျဖစ္ေနၿပီး ၅ ႏွစ္အတြင္း လိဂ္ပြဲ ၈၆ ပြဲသာ ကစားေပးထားႏိုင္တဲ့ အေျခအေနေၾကာင့္ ေခၚယူဖို႔ရာ မဝံ့မရဲျဖစ္ေနၾကတယ္လို႔ သိရပါတယ္။