ကောလဟာလတွေကို တုန့်ပြန်တဲ့ ဖရက်နဲ့ ဖာနန်ဒက်စ်၊ ရန်နစ် နည်းစနစ်နဲ့ မကိုက်ညီမှုများနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်က သူ့အနေနဲ့ ဘာစီလိုနာကို ပြောင်းရွှေ့မယ်ဆိုပြီး ထွက်ပေါ် နေတဲ့သတင်းတွေ အပေါ် ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့ပါတယ်။ ” ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကမှ နှစ်သစ် စတယ်လို့ထ င်ခဲ့တာပါ။ အခုတော့ ဧပြီဖူးဒေးတောင် ရောက်နေပြီပဲ”လို့ ဖာနန်ဒက်စ်က တုံ့ပြန်ခဲ့တာပါ။

ဝုဗ် နည်းပြ ဘရူနိုလိတ်က သူတို့အနေနဲ့ မန်ယူပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ နီဗက်စ်ကို ရောင်းချဖို့ ရည်ရွယ်ချက် မရှိကြောင်း၊ သူတို့အနေနဲ့ ကြယ်ပွင့် ကစားသမားတွေကို ဆက်ထိန်းသွားပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ ကွင်းလယ်လူ ဖရက်ဒ်က သူ အပါအဝင် မန်ယူ ကစားသမား ၁၇ ဦးလောက် အသင်းမှာ မပျော်မရွှင် ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေကို ပျက်ရယ်ပြုခဲ့ပြီး ဒီသတင်းတွေဟာ အမှားတွေသာ ဖြစ်တယ်လို့ ငြင်းဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ရန်နစ် က မန်ယူ အနေနဲ့ သူ့ရဲ့ နည်းစနစ်အတိုင်း လိုက်ကစားဖို့ ပြဿနာနှစ်ရပ် ရှိနေတယ်လို့ တွေးထင်ထားပါတယ်။ ပထမကတာ့ သူ့ရဲ့ High Press ကစားပုံဟာ လက်ရှိမန်ယူနောက်တန်း ကစားသမားတွေနဲ့ အံ့ဝင်မှုမရှိဘူး လို့ ရန်နစ်က တွေးထင်နေပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အနေအထားကလည်း ရန်နစ် လိုချင်တဲ့ ပုံစံအတိုင်း မဟုတ်ဘူးလို့ သိရပါတယ်။

မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားက ဒီရာသီ သူတို့ရဲ့ လူစာရင်းဟာ ပြီးခဲ့တဲ့နှစ်က အဆင့်နှစ်နေရာမှာ ရပ်တည်နိုင် ခဲ့တဲ့ လူစာရင်းထက် ပိုမို တောင့်တင်းလာကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ လက်ရှိ ရလဒ်ဆိုးတွေ အပေါ် စိတ်ပျက် မိကြောင်း၊ သူတို့အနေနဲ့ စုစုစည်းစည်းနဲ့ တိုက်ပွဲဝင်ဖို့ လိုအပ်နေကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်ဖို့ နောက်ပြန် ဆုတ် သွားခဲ့ပြီး ခေါ်နိုင်ဖွယ်မရှိတော့ကြောင်း သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ လာလီဂါကလပ် ရီးရဲမက်ဒရစ်ကိုသာ ပြောင်းရွှေ့ဖို့ ဆန္ဒ ထက်သန်နေတာလို့ သိရပါတယ်။

မန်ယူနည်းပြ အဖွဲ့ဝင် မိုက်ဖီးလန်းကတော့ အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်အနေနဲ့ ဒေါ့မွန်ကို မပြောင်းရွှေ့မီ ဘာမင်ဂမ်မှာ ရှိစဉ်ကတည်းက အရခေါ်ယူဖို့ အကြံပေး တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ လက်ရှိမှာ ဘယ်လင်ဟမ်ရဲ့ တန်ကြေးဟာ ပေါင်သန်း ၉၀ အထိ ရှိနေပြီ ဖြစ်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပေါလ်မာဆင်က မန်ယူအနေနဲ့ ရန်နစ်အစား ဘရိုက်တန်နည်းပြ ပေါ်တာကို ခန့်အပ်ခဲ့သင့်တာ ဖြစ်ကြောင်း၊ ပေါ်တာဟာ နည်းပြကောင်း တစ်ဦးဖြစ်ပြီး သူ့ကစားဟန်ကလည်း နှစ်လိုဖွယ် ကောင်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။