မန်ယူက ရော်နယ်ဒိုကို ခေါ်အောင် အကွက်ရွှေ့လိုက်တဲ့ မန်စီးတီး လုပ်ချက်ကို ဆင်ကလဲယား ချီးကျူး
မန်စီးတီးအသင်းဟာ နွေတုန်းက စီ ရော်နယ်ဒိုကို ခေါ်ယူမလို အယောင်ပြပြီး မန်ချက်စတာ ယူနိုက်တက်ကို ဒုက္ခပေးလိုက်တယ်လို့ မန်စီးတီး ကစားသမားဟောင်း ဆင်ကလဲယားက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ရော်နယ်ဒို ကို ပြန်ခေါ်ပြီး ထင်သလို မဖြစ်ဘဲ မန်ယူ တို့ ရုန်းကန်နေရချိန်မှာ ဆင်ကလဲယားက အခုလိုပဲ ပြောကြားလိုက်တာပါ။
ပြီးခဲ့တဲ့နွေရာသီမှာ ဂျူဗင်တပ်စ်က ထွက်ချင်တဲ့ ရော်နယ်ဒိုကို မန်စီးတီးက ခေါ်မယ်လို့ သတင်းတွေ ထွက်ခဲ့တာကြောင့် မန် ယူနိုက်တက် အသိုင်းအဝိုင်းက ရော်နယ်ဒိုကို မရ,ရအောင် ကြားဖြတ်လုယူဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီကြိုးစားမှုက ၂၄ နာရီအတွင်း အောင်မြင်ခဲ့ပြီး ရော်နယ်ဒိုလည်း မန်ယူထံ တကျော့ပြန် ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ဆင်ကလဲယားက “မန်စီးတီးက ရော်နယ်ဒိုကိုမခေါ်ဘဲနဲ့ ယူနိုက်တက်ကို တချက်ပစ်လိုက်ပြီလို့ ကျနော်တွေးမိပါတယ်။ ကျနော် တကယ် အဲ့ဒီလို တွေးတာပါ။ အခု ယူနိုက်တက်မှာ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့ ရုန်းကန်နေရပြီလေ”
“ရော်နယ်ဒိုက မန်ယူနိုက်တက်ကို ပြဿနာတွေ အများကြီး ပေးနေတာပါ။ နောက်ပိုင်းပွဲတွေမှာ သူ ဂိုးပေါက် ပျောက်နေတာ ကိုပဲ ပြောနေတာ မဟုတ်ပါဘူး။ ဆိုးလ်ရှား ထွက်သွားတယ်၊ ကာရစ် ရောက်ရောက်ချင်း သူ့ကို ခေါက်ထားခဲ့ရတယ်။
အစတုန်းကတော့ အကောင်းဆုံးခေါ်ယူမှုတွေထဲက တခုလို့ ကျနော် ခံစားမိပါတယ်။ ဒါပေမယ့် အခုတော့ သာမန် ကောင်းတယ် လို့ ပြောလို့ရတဲ့ နေရာကနေတောင် တော်တော်လေး ဝေးနေပါပြီ” လို့ ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အရေးပါတဲ့ ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ပေမယ့် အသင်းလိုက် ကစားတဲ့ အနေအထားမှာ အံဝင်ဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ZG
မန္စီးတီးအသင္းဟာ ေႏြတုန္းက စီ ေရာ္နယ္ဒိုကို ေခၚယူမလို အေယာင္ျပၿပီး မန္ခ်က္စတာ ယူႏိုက္တက္ကို ဒုကၡေပးလိုက္တယ္လို႔ မန္စီးတီး ကစားသမားေဟာင္း ဆင္ကလဲယားက ထုတ္ေဖာ္ ေျပာၾကားလိုက္ပါတယ္။ ေရာ္နယ္ဒို ကို ျပန္ေခၚျပီး ထင္သလို မျဖစ္ဘဲ မန္ယူ တို႔ ႐ုန္းကန္ေနရခ်ိန္မွာ ဆင္ကလဲယားက အခုလိုပဲ ေျပာၾကားလိုက္တာပါ။
ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္က ထြက္ခ်င္တဲ့ ေရာ္နယ္ဒိုကို မန္စီးတီးက ေခၚမယ္လို႔ သတင္းေတြ ထြက္ခဲ့တာေၾကာင့္ မန္ ယူႏိုက္တက္ အသိုင္းအဝိုင္းက ေရာ္နယ္ဒိုကို မရ,ရေအာင္ ၾကားျဖတ္လုယူဖို႔ ႀကိဳးစားခဲ့ၾကပါတယ္။ ဒီႀကိဳးစားမႈက ၂၄ နာရီအတြင္း ေအာင္ျမင္ခဲ့ၿပီး ေရာ္နယ္ဒိုလည္း မန္ယူထံ တေက်ာ့ျပန္ ေရာက္လာခဲ့တာ ျဖစ္ပါတယ္။
ဆင္ကလဲယားက “မန္စီးတီးက ေရာ္နယ္ဒိုကိုမေခၚဘဲနဲ႔ ယူႏိုက္တက္ကို တခ်က္ပစ္လိုက္ၿပီလို႔ က်ေနာ္ေတြးမိပါတယ္။ က်ေနာ္ တကယ္ အဲ့ဒီလို ေတြးတာပါ။ အခု ယူႏိုက္တက္မွာ ဆန္ခ်ိဳ၊ ရပ္ရွ္ဖို႔ဒ္တို႔ ႐ုန္းကန္ေနရၿပီေလ”
“ေရာ္နယ္ဒိုက မန္ယူႏိုက္တက္ကို ျပႆနာေတြ အမ်ားႀကီး ေပးေနတာပါ။ ေနာက္ပိုင္းပြဲေတြမွာ သူ ဂိုးေပါက္ ေပ်ာက္ေနတာ ကိုပဲ ေျပာေနတာ မဟုတ္ပါဘူး။ ဆိုးလ္ရွား ထြက္သြားတယ္၊ ကာရစ္ ေရာက္ေရာက္ခ်င္း သူ႔ကို ေခါက္ထားခဲ့ရတယ္။
အစတုန္းကေတာ့ အေကာင္းဆုံးေခၚယူမႈေတြထဲက တခုလို႔ က်ေနာ္ ခံစားမိပါတယ္။ ဒါေပမယ့္ အခုေတာ့ သာမန္ ေကာင္းတယ္ လို႔ ေျပာလို႔ရတဲ့ ေနရာကေနေတာင္ ေတာ္ေတာ္ေလး ေဝးေနပါၿပီ” လို႔ ေျပာၾကားခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းအတြက္ အေရးပါတဲ့ ဂိုးေတြ သြင္းယူေပးႏိုင္ခဲ့ေပမယ့္ အသင္းလိုက္ ကစားတဲ့ အေနအထားမွာ အံဝင္ဖို႔ ႐ုန္းကန္ေနရဆဲ ျဖစ္ပါတယ္။