မာရှယ် အတွက် ကမ်းလှမ်းမှုသစ်နဲ့ ဆီဗီလာ၊ မက်ဂွဲရားကို ဖဲ့တဲ့ ရွိုင်ကိန်းနဲ့ ယနေ့ည မန်ယူ သတင်းများ

မန်ယူနည်းပြ ရန်နစ်က တိုက်စစ်မှူး ကာဗာနီ ဟာ ဒီ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ သူ့ကို ပြောကြားထားခဲ့တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ကာဗာနီဟာ လူငယ်တေအတွက် စံပြကစားသမား ဖြစ်ပြီး ရာသီကုန်အထိ အားကိုးရနိုင်တယ်လို့ ရန်နစ်က ထုတ်ဖော်ခဲ့ပါတယ်။

ဘရိုက်တန်အသင်းဟာ မန်ယူ၊ အာဆင်နယ်နဲ့ လီဗာပူးတို့ အပြိုင် စိတ်ဝင်စားနေတဲ့ ၎င်းတို့ ကွင်းလယ်သမား ဘစ်ဆိုမာ အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၅ဝ လို့ တန်ကြေး သတ်မှတ်လိုက်ပါတယ်။

မန်ယူ နောက်ခံလူ ဖီးလ်ဂျုံးစ်က သူ့အနေနဲ့ ဝုဗ်နဲ့ပွဲစဉ်မှာ ပါဝင်ကစားပြီးနောက် ဘောလုံးသမား တစ်ဦးလို ပြန်လည် ခံစားလာရပြီဖြစ်ကြောင်း၊ ပွဲထွက်ကစားရတာ ကောင်းမွန်တဲ့ခံစားချက်ဖြစ်ကြောင်း၊ သူ့အနေနဲ့ အသင်းအတွက် အစွမ်းကုန် ပေးဆပ်သွားမှာ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ တနင်္လာနေ့ အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလား ပွဲ က စလို့ မန်ချက်စတာ ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေ ပြန်ယူရမယ်လို့ အသင်းဖော်တွေအား တိုက်တွန်းလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အနေနဲ့ လူငယ်ကြယ်ပွင့် ဒီရယ်လိုကို ဇန်နဝါရီဈေးကွက်အတွင်း အငှားချဖို့ ပြင်ဆင်နေပြီး ဘာမင်ဂမ်ထံ အငှားချဖို့ နီးစပ်နေကြောင်းလည်း သိရပါတယ်။

လိဒ်စ် ကစားသမားဟောင်း ဝီလန်းကတော့ ကွင်းလယ်လူ လင်ဂတ်အနေနဲ့ မန်ယူကနေ ထွက်ခွာသင့်ကြောင်း၊ မန်ယူမှာ ဆက်နေရင် လင်ဂတ်အနေနဲ့ အနာဂတ် ပျောက်ဆုံးနိုင်ကြောင်း၊ လင်ဂတ်အနေနဲ့ အရန်ခုံမှာ ထိုင်စရာ အကြောင်း မရှိကြောင်း တိုက်တွန်းခဲ့ပါတယ်။

မန်ယူရဲ့ လက်ရှိရလဒ်တွေကို ကစားသမားတွေအနေနဲ့ ဒေါသထွက်နေကြကြောင်း၊ ဒါပေမဲ့ သူတို့အသင်းဟာ အဝတ်လဲခန်း အတွင်း စည်းလုံးမှုရှိကြောင်းဆိုခဲ့တဲ့ မက်ဂွဲရားရဲ့ ဖွင့်ဟချက်ကို ရွိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။

”ဒီကောင်က ဒါမျိုး ဘယ်နှစ်ကြိမ်လောက်ပြောနေမှာလဲ။ မက်ဂွဲရား ပြောတာတွေကို ကျွန်တော်သိပ်ပြီး နား မထောင်ချင် တော့ဘူး။ ကျွန်တော်ကတော့ ကစားသမားတစ်ယောက်ကို ကွင်းထဲက စွမ်းရည်ပဲ ကြည့်ပြီး အကဲဖြတ်ပါတယ်”လို့ ရွိုင်ကိန်းက ဝေဖန်ခဲ့ပါတယ်။

စပါးနည်းပြဟောင်း ဟယ်ရီရက်နက်က မန်ယူအနေနဲ့ အနည်းဆုံး လာမဲ့ ၂ နှစ်လောက် အထိ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဦးမှာ မဟုတ်ကြောင်း၊ မန်ယူအနေနဲ့ ဆုဖလားအောင်မြင်မှုရဖို့ အတွက် ဖလားပြိုင်ပွဲလေးတွေကိုပဲ အလေးထား ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ဆီဗီလာအသင်းဟာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ်လ်ကို ကမ်းလှမ်းမှုအသစ် ပြုလုပ်သွားဖို့ ပြင်ဆင်လျ က် ရှိနေပါတယ်။ မာရှယ်လ်ကို ခေါ်ယူရေးမှာ လစာကိစ္စနဲ့ ပတ်သက်ပြီး မန်ယူနဲ့ ညှိနှိုင်းမှုမရဖြစ်နေတာပါ။