အက်စတွန်ဗီလာနဲ့ ပွဲမှာ ရော်နယ်ဒို ကို မထည့်တဲ့ အကြောင်းရင်း မန်ယူနည်းပြ ရန်နစ် ရှင်းလင်း
မန်ချက်စတာယူနိုက်တက်ရဲ့ အက်စတွန်ဗီလာနဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာ မန်ယူ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို မပါဝင်ခဲ့ရတဲ့ အကြောင်းအရင်းက အသေးစား ဒဏ်ရာ ရှိနေတာကြောင့် ဖြစ်ကြောင်း နည်းပြရန်နစ်က ထုတ်ဖော် ရှင်းလင်း သွားခဲ့ပါတယ်။
မန်ယူ အသင်းဟာ ဟာ ဒီရာသီမှာ ပြဿနာအမျိုးမျိုးကြောင့် ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပေမယ့် စတီဗင်ဂျရတ်ရဲ့ ဗီလာ အသင်းကို ရော်နယ်ဒို မပါဝင်ပဲ ရင်ဆိုင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နည်းပြရန်နစ်က အချိန်ပိုထိ ဆက်ကစားရမယ့် ဒီလိုပြိုင်ပွဲမှာ ရော်နယ်ဒိုကို နောက်တစ်ကြိမ် ပွဲထွက်လူစာရင်းမှာ ထည့်သွင်း တာက အဓိပ္ပာယ်မရှိပါဘူးလို့ ပြောသွားခဲ့ပါတယ်။
ရန်နစ်က “ကျွန်တော်မနေ့က ထရိန်နင်မစမီ ခရစ္စတီယာနိုနဲ့ စကားပြောခဲ့ပါတယ်။ အဲ့ဒီမတိုင်မီ ၂ ရက် လောက် တည်းက သူ့မှာ ဒဏ်ရာပြဿနာရှိနေတဲ့အကြောင်း ကျွန်တော့်ကို ပြောပြခဲ့ပါတယ်။ ဒဏ်ရာကတော့ အသေးစား ဒဏ်ရာလေးပါပဲ။
ဒါပေမယ့် နောက်ဆုံးမှာ မိနစ် ၁၂၀ လောက် ကစားရမယ့် ဒီလိုပွဲမျိုးမှာ သူ့ကို ထည့် ကစား လိုက်တာက အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ် ဖြစ်သွားနိုင်တာကြောင့် ခုလို လူစာရင်းကနေပါ ချန်ခဲ့ဖို့ ဆုံးဖြတ်လိုက်ရတာပါပဲ။ အရန်စာရင်းမှာ ထည့်ဖို့စီစဉ်ခဲ့ပေမယ့် တင်ပါးနဲ့ ကြွက်သားဒဏ်ရာတွေ ရှိနေတာကြောင့် ဒီပွဲမှာ သူ့ကိုမခေါ်တာက အကောင်းဆုံး ဖြစ်မယ် ထင်လို့ ဒီဆုံးဖြတ်ချက်ကို ချခဲ့ရတာပါ”လို့ ပြောပြခဲ့ပါတယ်။
ဒီပွဲမှာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်ကို တစ်ကျော့ပြန်ရောက်ရှိလာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ဒဏ်ရာကြောင့် လူစာရင်းမှာ မပါဝင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ရော်နယ်ဒိုမပါဝင်နိုင်တာကြောင့် အက်ဒီဆင်ကာဗာနီက နံပါတ် ၉ နေရာမှာကစားခဲ့ပြီး ၄-၂-၂-၂ ကစားကွက်နဲ့ ပွဲထွက်လာပြီးနောက် ကစားသမားတွေ ပိုပြီးရင်းနှီးတဲ့ ၄-၂-၃-၁ ကစားကွက်ကို ပြောင်းကစားခဲ့ပါတယ်။
ဂျေဒန်ဆန်ချိုနဲ့ ဖီးလ်ဂျုံးစ်တို့လည်း ကြံ့ခိုင်မှုပြဿာနာတွေကြောင့် အသီးသီးလွဲချော်ခဲ့ကြပြီး ဒီကစားသမားတွေ အကြောင်းကိုလည်း နည်းပြရန်နစ်က ပြောသွားခဲ့ပါတယ်။
ရန်နစ်က “ဖီးလ်ဂျုံးစ်မှာ အသေးစားခြေသလုံးကြွက်ကသားဒဏ်ရာရှိနေတာကြောင့် ဒီပွဲကို ဝင်ကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝပါဘူး။ ဂျာဒန်(ဆန်ချို)လည်း ဒီအတိုင်းပဲ ခြေကျင်းဝတ်နှစ်ဖက်စလုံး နာနေတာကြောင့် ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မှုမျိုး မရှိပါဘူး။ အဲ့ဒါကြောင့် ဒီနှစ်ယောက်ကိုလည်း စွန့်စားပြီး ပွဲကစားခိုင်းစရာအကြောင်း မရှိပါဘူး”ဆိုပြီး ပြောခဲ့ပါတယ်။

ZG
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အက္စတြန္ဗီလာနဲ႔ အက္ဖ္ေအဖလား တတိယအဆင့္မွာ မန္ယူ ၾကယ္ပြင့္ တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္ဒို မပါဝင္ခဲ့ရတဲ့ အေၾကာင္းအရင္းက အေသးစား ဒဏ္ရာ ရွိေနတာေၾကာင့္ ျဖစ္ေၾကာင္း နည္းျပရန္နစ္က ထုတ္ေဖာ္ ရွင္းလင္း သြားခဲ့ပါတယ္။
မန္ယူ အသင္းဟာ ဟာ ဒီရာသီမွာ ျပႆနာအမ်ိဳးမ်ိဳးေၾကာင့္ ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ေနရေပမယ့္ စတီဗင္ဂ်ရတ္ရဲ႕ ဗီလာ အသင္းကို ေရာ္နယ္ဒို မပါဝင္ပဲ ရင္ဆိုင္သြားဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။
နည္းျပရန္နစ္က အခ်ိန္ပိုထိ ဆက္ကစားရမယ့္ ဒီလိုၿပိဳင္ပြဲမွာ ေရာ္နယ္ဒိုကို ေနာက္တစ္ႀကိမ္ ပြဲထြက္လူစာရင္းမွာ ထည့္သြင္း တာက အဓိပၸာယ္မရွိပါဘူးလို႔ ေျပာသြားခဲ့ပါတယ္။
ရန္နစ္က “ကြၽန္ေတာ္မေန႔က ထရိန္နင္မစမီ ခရစၥတီယာႏိုနဲ႔ စကားေျပာခဲ့ပါတယ္။ အဲ့ဒီမတိုင္မီ ၂ ရက္ ေလာက္ တည္းက သူ႔မွာ ဒဏ္ရာျပႆနာရွိေနတဲ့အေၾကာင္း ကြၽန္ေတာ့္ကို ေျပာျပခဲ့ပါတယ္။ ဒဏ္ရာကေတာ့ အေသးစား ဒဏ္ရာေလးပါပဲ။
ဒါေပမယ့္ ေနာက္ဆုံးမွာ မိနစ္ ၁၂၀ ေလာက္ ကစားရမယ့္ ဒီလိုပြဲမ်ိဳးမွာ သူ႔ကို ထည့္ ကစား လိုက္တာက အဓိပၸာယ္ မရွိတဲ့ လုပ္ရပ္ ျဖစ္သြားႏိုင္တာေၾကာင့္ ခုလို လူစာရင္းကေနပါ ခ်န္ခဲ့ဖို႔ ဆုံးျဖတ္လိုက္ရတာပါပဲ။ အရန္စာရင္းမွာ ထည့္ဖို႔စီစဥ္ခဲ့ေပမယ့္ တင္ပါးနဲ႔ ႂကြက္သားဒဏ္ရာေတြ ရွိေနတာေၾကာင့္ ဒီပြဲမွာ သူ႔ကိုမေခၚတာက အေကာင္းဆုံး ျဖစ္မယ္ ထင္လို႔ ဒီဆုံးျဖတ္ခ်က္ကို ခ်ခဲ့ရတာပါ”လို႔ ေျပာျပခဲ့ပါတယ္။
ဒီပြဲမွာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူႏိုက္တက္ကို တစ္ေက်ာ့ျပန္ေရာက္ရွိလာခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ ဒဏ္ရာေၾကာင့္ လူစာရင္းမွာ မပါဝင္ႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။
ေရာ္နယ္ဒိုမပါဝင္ႏိုင္တာေၾကာင့္ အက္ဒီဆင္ကာဗာနီက နံပါတ္ ၉ ေနရာမွာကစားခဲ့ၿပီး ၄-၂-၂-၂ ကစားကြက္နဲ႔ ပြဲထြက္လာၿပီးေနာက္ ကစားသမားေတြ ပိုၿပီးရင္းႏွီးတဲ့ ၄-၂-၃-၁ ကစားကြက္ကို ေျပာင္းကစားခဲ့ပါတယ္။
ေဂ်ဒန္ဆန္ခ်ိဳနဲ႔ ဖီးလ္ဂ်ဳံးစ္တို႔လည္း ႀကံ့ခိုင္မႈျပႆာနာေတြေၾကာင့္ အသီးသီးလြဲေခ်ာ္ခဲ့ၾကၿပီး ဒီကစားသမားေတြ အေၾကာင္းကိုလည္း နည္းျပရန္နစ္က ေျပာသြားခဲ့ပါတယ္။
ရန္နစ္က “ဖီးလ္ဂ်ဳံးစ္မွာ အေသးစားေျခသလုံးႂကြက္ကသားဒဏ္ရာရွိေနတာေၾကာင့္ ဒီပြဲကို ဝင္ကစားဖို႔ ႀကံ့ခိုင္မႈ မျပည့္ဝပါဘူး။ ဂ်ာဒန္(ဆန္ခ်ိဳ)လည္း ဒီအတိုင္းပဲ ေျခက်င္းဝတ္ႏွစ္ဖက္စလုံး နာေနတာေၾကာင့္ ပြဲကစားႏိုင္တဲ့ ႀကံ့ခိုင္မႈမ်ိဳး မရွိပါဘူး။ အဲ့ဒါေၾကာင့္ ဒီႏွစ္ေယာက္ကိုလည္း စြန႔္စားၿပီး ပြဲကစားခိုင္းစရာအေၾကာင္း မရွိပါဘူး”ဆိုၿပီး ေျပာခဲ့ပါတယ္။