ပေါင် သန်း ၆၀ တန် ကွင်းလယ်ပစ်မှတ်၊ အနာဂတ် အသင်းခေါင်းဆောင်၊ ဂျရတ်ကြောင့် ပြောင်းရတဲ့ တွမ်ဇီဘီနဲ့ မန်ယူ သတင်းများ
မန်ယူနောက်ခံလူဟောင်း တွမ်ဇီဘီရဲ့ အေးဂျင့်က တွမ်ဇီဘီအနေနဲ့ ဗီလာကနေ ထွက်ခွာပြီး နာပိုလီကို ပြောင်းရွှေ့ခဲ့ခြင်း မှာ ဂျရတ်ရောက်လာခဲ့ပြီး မန်ယူနဲ့ လီဗာပူးတို့အကြား မကျေလည်တဲ့ အခံတွေကြောင့် ဂျရတ်အောက်မှာ နေရာမရတော့ကြောင့် ဖြစ်ကြောင်းထုတ်ဖော်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နည်းပြ ရန်နစ်က တိုက်စစ်မှူးရက်ဖို့ဒ်အနေနဲ့ ဘာကြောင့် အကောင်းဆုံးပုံစံရဖို့ ရုန်းကန် နေရသလဲဆိုတာ မသိရှိကြောင်း၊ ရက်ဖို့ဒ်ဟာ လေ့ကျင့်ရေးကွင်းမှာအကော်ငးဆုံး ကြိုးပမ်းနေပြီး ပွဲထွက်ခွင့်ရဖို့ ထိုက်တန်သူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

စပါးနည်းပြဟောင်း ဟယ်ရီရက်နက်က မန်ယူအနေနဲ့ အနည်းဆုံး လာမဲ့ ၂ နှစ်လောက်အထိ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဦးမှာ မဟုတ်ကြောင်း၊ မန်ယူအနေနဲ့ ဆုဖလားအောင်မြင်မှု ရဖို့အတွက် ဖလားပြိုင်ပွဲလေးတွေကိုပဲ အလေးထား ယှဉ်ပြိုင်ရမှာဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ လာဇီယိုကွင်းလယ်လူ ဆာဗစ်ကို ခေါ်ယူဖို့ ကြိုးပမ်းလျက်ရှိနေကြောင်း အီတလီ သတင်းက ဖော်ပြထားပါတယ်။ ၂၆ နှစ်အရွယ်ကွင်းလယ်လူကို ဂျူဗီနဲ့ပီအက်စ်ဂျီတို့ကလည်း ချိတ်ဆက်လျက်ရှိနေတာပါ။ ဆာဗစ်ရဲ့တန်ကြေးကတော့ ပေါင်သန်း ၆၀ ရှိနေတာ ဖြစ်ပါတယ်။
မန်ယူနည်းပြ ရန်နစ်က ဗီလာနဲ့ပွဲက အနိုင်ဂိုးရှင် တွမ်မီနေးကို ချီးကျူးခဲ့ပြီး တွမ်မီနေးဟာ အနာဂတ် မှာ မန်ယူ အသင်းခေါင်းဆောင် ဖြစ်လာနိုင်ကြောင်း၊ တွမ်မီနေးရဲ့ ခွန်အားတွေက အံ့အားသင့်ဖွယ်ကောင်းကြောင်း၊ အခုဆိုရင် တွမ်မီနေးဟာ ဂိုးတွေသွင်းနိုင်နေပြီး ခေါင်းဆောင်နိုင်မှု အရည်အသွေးလည်း ပြည့်ဝသူဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

အင်္ဂလန် ကစားသမားဟောင်း ဂလင်းဂျွန်ဆင်က ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်ဟာ မန်ယူနဲ့လိုက်ဖက်ပြီး အံ့အားသင့်ဖွယ် ခေါ်ယူမှုဖြစ်လာမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီလန်ရိုက်အနေနဲ့ မန်ယူကို ပြောင်းရွှေ့မယ်လို့ မထင်မိကြောင်း ဆိုခဲ့ပါတယ်။
မန်ယူကစားသမားဟောင်း ပေါလ်ပါကားက လက်ရှိမှာ မန်ယူရဲ့ကွင်းလယ်ပိုင်းက အလွန်ဆိုးရွားလျက်ရှိနေကြောင်း၊ မန်ယူရဲ့ကွင်းလယ်က တန်းဆင်းဇုန် အသင်းရဲ့ အဆင့်အတန်းမျိုးသာ ရှိနေကြောင်း၊ မန်ယူရဲ့ကစားသမားတွေဟာ နာမည်သာ ရှိပြီး အနှစ်မရှိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။