ဘာစီလိုနာနဲ့ အပြောင်းအရွှေ့ သတင်းတွေကို တုန့်ပြန်လိုက်တဲ့ မန်ယူကွင်းလယ် ဖာနန်ဒက်စ်
မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကတော့ သူ့ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်မှုနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ကနေ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖြေရှင်းသွားခဲ့ပါတယ်။
ပေါ်တူဂီသား ကွင်းလယ်လူကို ဘာစီလိုနာက ခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ် လာခဲ့တာဖြစ်ပြီး ဒီသတင်းတွေ ထွက်လာတဲ့အပေါ် ကစားသမားကိုယ်တိုင်က အံ့အားသင့်နေရတာဖြစ်ပါတယ်။
ဖာနန်ဒက်စ်ဟာ မန်ယူနိုက်တက်နဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသာဖြစ်ပြီး မန်ယူအသင်းရဲ့ အဓိက ကစားသမား တဦးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ပုံမှန်ခြေစွမ်းမပြသနိုင်တဲ့အချိန် ဘာစီလိုနာက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ။

ဒီအတွက်ကြောင့် သူ့ရဲ့ အပြောင်းအရွှေ့သတင်းနဲ့ပတ်သက်ပြီး ရေးသားခဲ့တဲ့ တွစ်တာ ပို့စ်တခုအောက်မှာ ဖာနန်ဒက်စ်က အခုလိုပဲ တုံ့ပြန်ရေးသားသွားခဲ့ပါတယ်။
“ပြီးခဲ့တဲ့ ရက်တွေတုန်းကမှ နှစ်သစ်ရောက်ပြီပဲဆိုပြီး ကျနော်တွေးနေတာ၊ အခုကျတော့ ကျနော်တော့ ဧပြီဖူးလ်ဒေး (ပေါက်ကရတွေ စနောက်တဲ့နေ့) ကို ရောက်နေပြီလား” လို့ ပေါ်တူဂီကွင်းလယ်လူက ခပ်ရွဲ့ရွဲ့ မှတ်ချက်ပြု သွားခဲ့တာဖြစ်ပါတယ်။
“ဒါမှမဟုတ် တလွဲေ တွထိုင်ရေးနေတဲ့ ဂျာနယ်လစ်တွေပဲလား” လို့လည်း သူက ထပ်မံရေးသားခဲ့ပြီး ဒီအပေါ်မှာ ပရိသတ်တွေ က သဘောကျနေခဲ့ပါတယ်။
နည်းပြ ရန်းနစ် လက်ထက်မှာ မန်ယူအသင်းက ကစားကွက်ပိုင်း မတည်ငြိမ်သေးသလို ရလဒ်ကောင်းတွေ ဆက်တိုက် ရယူဖို့လည်း ကြိုးစားနေရဆဲ ဖြစ်ကာ ဖာနန်ဒက်စ် ကိုယ်တိုင်လည်း ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္ ကြင္းလယ္လူ ဘရူနို ဖာနန္ဒက္စ္ကေတာ့ သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕ သတင္းေတြ ထြက္ေပၚမႈနဲ႔ ပတ္သက္ၿပီး လူမႈကြန္ယက္ကေန စိတ္ပ်က္လက္ပ်က္နဲ႔ ျပန္ေျဖရွင္းသြားခဲ့ပါတယ္။
ေပၚတူဂီသား ကြင္းလယ္လူကို ဘာစီလိုနာက ေခၚယူဖို႔အတြက္ ႀကိဳးစားေနတယ္လို႔ သတင္းေတြ ထြက္ေပၚ လာခဲ့တာျဖစ္ၿပီး ဒီသတင္းေတြ ထြက္လာတဲ့အေပၚ ကစားသမားကိုယ္တိုင္က အံ့အားသင့္ေနရတာျဖစ္ပါတယ္။
ဖာနန္ဒက္စ္ဟာ မန္ယူႏိုက္တက္နဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားသာျဖစ္ၿပီး မန္ယူအသင္းရဲ႕ အဓိက ကစားသမား တဦးလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာ ပုံမွန္ေျခစြမ္းမျပသႏိုင္တဲ့အခ်ိန္ ဘာစီလိုနာက ေခၚယူမယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာခဲ့တာပါ။
ဒီအတြက္ေၾကာင့္ သူ႔ရဲ႕ အေျပာင္းအေ႐ႊ႕သတင္းနဲ႔ပတ္သက္ၿပီး ေရးသားခဲ့တဲ့ တြစ္တာ ပို႔စ္တခုေအာက္မွာ ဖာနန္ဒက္စ္က အခုလိုပဲ တုံ႔ျပန္ေရးသားသြားခဲ့ပါတယ္။
“ၿပီးခဲ့တဲ့ ရက္ေတြတုန္းကမွ ႏွစ္သစ္ေရာက္ၿပီပဲဆိုၿပီး က်ေနာ္ေတြးေနတာ၊ အခုက်ေတာ့ က်ေနာ္ေတာ့ ဧၿပီဖူးလ္ေဒး (ေပါက္ကရေတြ စေနာက္တဲ့ေန႔) ကို ေရာက္ေနၿပီလား” လို႔ ေပၚတူဂီကြင္းလယ္လူက ခပ္ရြဲ႕ရြဲ႕ မွတ္ခ်က္ျပဳ သြားခဲ့တာျဖစ္ပါတယ္။
“ဒါမွမဟုတ္ တလြဲေ တြထိုင္ေရးေနတဲ့ ဂ်ာနယ္လစ္ေတြပဲလား” လို႔လည္း သူက ထပ္မံေရးသားခဲ့ၿပီး ဒီအေပၚမွာ ပရိသတ္ေတြ က သေဘာက်ေနခဲ့ပါတယ္။
နည္းျပ ရန္းနစ္ လက္ထက္မွာ မန္ယူအသင္းက ကစားကြက္ပိုင္း မတည္ၿငိမ္ေသးသလို ရလဒ္ေကာင္းေတြ ဆက္တိုက္ ရယူဖို႔လည္း ၾကိဳးစားေနရဆဲ ျဖစ္ကာ ဖာနန္ဒက္စ္ ကိုယ္တိုင္လည္း ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရပါတယ္။