ဘန်ဝှိုက်ကို နေရာပြောင်းထားဖို့ တိုက်တွန်းခြင်း၊ လာချင်နေတဲ့ အာသာနဲ့ ယနေ့ အာဆင်နယ် သတင်းများ

ဂျူဗင်တပ် ကွင်းလယ်လူအနေနဲ့ လာလီဂါကို ပြန်ဖို့ထက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကိုသာ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အာသာဟာ ဂျူဗင်တပ်မှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပြီး ဇန်နဝါရီမှာ အသင်း ပြောင်းလိုနေပါတယ်။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကတော့ နည်းပြ အာတီတာအနေနဲ့ ဘန်ဝှိုက်ကို ကွင်းလယ်မှာ ထား ကစားဖို့ အကြံပြုခဲ့ပါတယ်။ “လက်ရှိမှာ အာဆင်နယ်ရဲ့ ကွင်းလယ်က စိုးရိမ်စရာပါ။ ဘန်ဝှိုက်က ကွင်းလယ် အထိုင် နေရာမှာ အဖြစ် ကစားခဲ့ဖူးပါတယ်” လို့ ဒါရင်းဘန့်က ဆိုခဲ့ပါတယ်။

အာဆင်နယ် က လက်စတာ ကွင်းလယ်လူ တိုင်လီမန့်စ်ကို ခေါ်ယူသင့်တယ်လို့ ဘောလုံးဝေဖန်သူ အဖြစ် ဆောင်ရွက် နေတဲ့ ဂျာကော့ကာ တိုက်တွန်းလိုက်ပါတယ်။ အာတီတာဟာ တိုင်လီမန့်စ်ကို သဘောကျ လေးစားသူဖြစ်ကြောင်း၊ တိုင်လီမန့်စ်ဟာ အာဆင်နယ်ရဲ့ကွင်းလယ်ပြဿနာကို ဖြေရှင်းပေးမဲ့သူ ဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

လိုင်ယွန် ဂွီမာရက်စ်က အာဆင်နယ်နဲ့ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ ပတ်သက်ပြီး “အပြောင်းအရွှေ့ကာလမှာ ဒါကပုံမှန်ပါပဲ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒီထက်ပိုမတွေးချင်ပါဘူး။ ကျွန်တော့်အေးဂျင့်ကပဲဖြေရှင်းသွားမှာပါ။ ကျွန်တော်ကတော့ ကွင်းတွင်းခြေစွမ်းကိုပဲ အာရုံစိုက်ထားပါတယ်”လု့ိ ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ဝင်တာဘန်းက ဖီအိုရင်တီးနား တိုက်စစ်မူှး ဗလာဟိုဗစ်ဟာ အာဆင်နယ်အတွက် အံ့ဖွယ်ခေါ်ယူမှု ဖြစ်လာမှာဖြစ်ကြောင်း၊ ဗလာဟိုဗစ်ဟာ ပုံစံမျိုးစုံကနေ ဂိုးသွင်းနိုင်သူဖြစ်ပြီး အဆုံးသတ် သေချာသူ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အင်္ဂလန် တိုက်စစ်မှူးဟောင်း အလန်ရှီးယားက အခါးသီးဆုံးမြို့ခံပြိုင်ဘက်စပါးအသင်းက အာဆင်နယ်ကိုကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူနိုင်မှာ ဖြစ်ကြောင်း၊ အာဆင်နယ်ဟာ အထင်ကြီးစရာ စွမ်းရည်ကိုပြသထားပေမဲ့ ကွန်တီ ရှိနေပြီး ကိန်း၊ ဆွန်တို့ရဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့ စပါးကသာ အဆင့်လေးဝင်မယ်လို့ ထင်မှတ်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့က အာဆင်နယ်နဲ့ ယှဉ်ပြိုင်မဲ့ ကာရာဘောင်ဖလား ပထမအကျော့ကို Fasle Positive တွေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း၊ ကိုဗစ်အမှန်တကယ် ကူးစက်ခံရသူ ဆိုလို့ အာနိုးလ် တစ်ဦးတည်း သာ ရှိကြောင်း၊ ဒါပေမဲ့ စည်းမျဉ်းတွေအရ False Positive တွေကလည်း ပါဝင် ကစားခွင့် မရှိကြောင်း ထုတ်ဖော်ခဲ့ပါတယ်။