အကောင်းဆုံး ဆုတွေ သိမ်းသွားတဲ့ စီးတီး၊ မန်ယူကွင်းလယ် ပစ်မှတ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး စတာလင်ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ပရီးမီးယားလိဂ် ရဲ့ ဒီဇင်ဘာလတစ်လတာ အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။
ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးနည်းပြဆုကိုလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ရရှိခဲ့ပါတယ်။ ဂွါဒီယိုလာဟာ ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ပွဲစဉ်အားလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး မန်စီးတီးကို ဇယားထိပ်ပို့ဆောင်ကာ ချဲလ်ဆီး၊ လီဗာပူးတို့ကို အမှတ်ဖြတ်နိုင်အောင် လုပ်နိုင်ခဲ့တာပါ။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ နာပိုလီ ကွင်းလယ်လူ ဖာဘီယန်ရုဇ်ကို ခေါ်ယူနိုင်ဖို့ အလားအလာကောင်းတွေ ရှိနေကြောင်း သိရပါတယ်။ မန်ယူအနေနဲ့ အသင်းကနေထွက်ခွာဖွယ်ရှိနေတဲ့ ပေါ့ဂ်ဘာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ကွင်းလယ်လူသစ်ရှာဖွေလျက်ရှိနေတာပါ။
ရီးရဲမက်ဒရစ်နောက်ခံလူ ကာဗာဂျယ်အနေနဲ့ ကိုဗစ်ကူးစက်ခံလိုက်ရကြောင်း သိရပါတယ်။ ကာဗာဂျယ်ဟာ ရီးရဲရဲ့ နောက်ဆုံး ပွဲ ၅ ပွဲကို လွဲချော်ခဲ့ပြီးနောက် ဘာစီလိုနာနဲ့ပွဲမှာမှပြန်လည်ကစားနိုင်ခဲ့သူ ဖြစ်ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က နောက်ခံလူ ခရစ္စတန်ဆန်အနေနဲ့ ကိုဗစ်ကူးစက်မှုခံခဲ့ရလို့ မန်စီးတီးနဲ့ ယှဉ်ပြိုင်မဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဒါဟာနဂိုကတည်းက နောက်တန်းပြဿနာရင်ဆိုင်နေရတဲ့ ချဲလ်ဆီးအတွက် ထိုးနှက်ချက်ပဲ ဖြစ်ပါတယ်။
လီဗာပူး နည်းပြကလော့က သူတို့အနေနဲ့ မာနေးနဲ့ ဆာလတ်တို့ကို လွမ်းနေရကြောင်း၊ ဒါပေမဲ့ ၁၀ ယောက်ကျန်ပြီး တစ်သင်းလုံး ပိတ်ဆို့ကစားတဲ့ အသင်းတွေနဲ့ပွဲမှာ ဆာလတ်နဲ့ မာနေးတို့ ပါရင်တောင် ရုန်းကန်ရမှာဖြစ်ကြောင်း၊ ခံစစ်ပိတ်ကစားလွန်းတဲံအသင်းတွေကို ထိုးဖောက်ဖို့က ဘောလုံးမှာ အခက်ခဲဆုံးဖြစ်ကြောင်း ညဉ်းတွားခဲ့ပါတယ်။

ကွင်းလယ်ပိုင်း ပြဿနာကြုံတွေ့နေရတဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ပို့စ်မောက်ကို အငှားချထားတဲ့ လူငယ်ကြယ်ပွင့် အဇီးကို ပြန်ခေါ်ခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ ဂျာကာ အနီကတ်ထိသွားခဲ့ပြီးနောက်လက်ရှိ အာဆင်နယ် ကွင်းလယ်မှာ လိုကွန်ဂါနဲ့ လူငယ်ချာတိတ်လေး ပါတီနိုတို့သာ ရှိုတော့တဲ့ အနေအထား ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ စီနီယာ အသင်းသား မလုံလောက်မှုကြောင့် တနင်္ဂနွေမှာ ကစားမယ့် စပါး နဲ့ ပွဲကို ရွှေ့ဆိုင်းပေးဖို့ တောင်းဆို လိုက်တယ်လို့ သိရပါတယ်။