မိုက်ကယ်အိုဝင်ရဲ့ ဒီည မန်စီးတီး vs ချဲလ်ဆီး ပွဲအတွက် သုံးသပ်ခန့်မှန်းချက် ထွက်ပါပြီ

ဒီတပတ် မန်စီးတီး vs ချဲလ်ဆီး ပွဲစဉ်နဲ့ ပတ်သတ်ပြီး မိုက်ကယ်အိုဝင်ရဲ့ သုံးသပ်ခန့်မှန်းချက်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့လက အကောင်းဆုံး ရလဒ်တွေနဲ့ အတူ လက်ရှိမှာ အမှတ်ပေးဖလား ချန်ပီယံလမ်းကြောင်း ကို ထိန်းချုပ် ထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ သူတို့ ခြေချော်လိမ့်မယ်လို့ မမြင်မိပါဘူး။ သူတို့ဟာ အကောင်းဆုံး မကစားနိုင်တဲ့ အချိန်မှာတောင် နိုင်ပွဲတွေ ရယူနိုင်စွမ်း ရှိနေတာ ဖြစ်ပြီး အာဆင်နယ်နဲ့ ပွဲက သက်သေပါပဲ။

ကြားရက်က လိဂ်ဖလားမှာ စပါးကို နိုင်ကာ ဖိုင်နယ် တက်သွားခဲ့ခြင်းဟာ ချဲလ်ဆီးကို အားတက်စေမှာပါ။ ချဲလ်ဆီးဟာ တူချယ်ရဲ့ လက်အောက်မှာ ဖလားပြိုင်ပွဲတွေမှာ ဘယ်လောက် အန္တရာယ်ရှိကြောင်း ပြသထားခဲ့ပါတယ်။

မန်စီးတီးဟာ ဘရစ်ခ်ျမှာတုန်းက ချဲလ်ဆီးကို ခြေစွမ်းပြကာ ၁-၀ နဲ့ နိုင်ထားခဲ့ပါတယ်။ အဲဒီနေ့တုန်းက မန်စီးတီးဟာ အမှတ်ပေးဖလား အတွက် အဓိက ကျော်ဖြတ်ရမယ့် အသင်းအဖြစ် ပြသခဲ့ပါတယ်။ ဒါဟာ မှန်ကန်မှု ရှိပါတယ်။ ဒီပွဲမှာလည်း မန်စီးတီး တို့ပဲ ချန်ပီယံ ခြေစွမ်းပြပြီး ထပ်ပြီး အနိုင်ရသွားမယ်လို့ ကျွန်တော် မြင်ပါတယ်။

မိုက်ကယ်အိုဝင် ခန့်မှန်း ထားတဲ့ ပွဲရလဒ်ကတော့ မန်စီးတီး ၃-၁ ချဲလ်ဆီး ဖြစ်ပါတယ်။ မန်စီးတီးနဲ့ ချယ်ဆီးတို့ဟာ ဒီ စနေနေ့ည ၇ နာရီမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ZG

ဒီတပတ္ မန္စီးတီး vs ခ်ဲလ္ဆီး ပြဲစဥ္နဲ႕ ပတ္သတ္ျပီး မိုက္ကယ္အိုဝင္ရဲ႕ သံုးသပ္ခန္႔မွန္းခ်က္က ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

မန္စီးတီးဟာ ၿပီးခဲ့တဲ့လက အေကာင္းဆုံး ရလဒ္ေတြနဲ႔ အတူ လက္ရွိမွာ အမွတ္ေပးဖလား ခ်န္ပီယံလမ္းေၾကာင္း ကို ထိန္းခ်ဳပ္ ထားႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ ကြၽန္ေတာ္ကေတာ့ သူတို႔ ေျခေခ်ာ္လ္ိမ့္မယ္လို႔ မျမင္မိပါဘူး။ သူတို႔ဟာ အေကာင္းဆုံး မကစားႏိုင္တဲ့ အခ်ိန္မွာေတာင္ ႏိုင္ပြဲေတြ ရယူႏိုင္စြမ္း ရွိေနတာ ျဖစ္ၿပီး အာဆင္နယ္နဲ႔ ပြဲက သက္ေသပါပဲ။

ၾကားရက္က လိဂ္ဖလားမွာ စပါးကို ႏိုင္ကာ ဖိုင္နယ္ တက္သြားခဲ့ျခင္းဟာ ခ်ဲလ္ဆီးကို အားတက္ေစမွာပါ။ ခ်ဲလ္ဆီးဟာ တူခ်ယ္ရဲ႕ လက္ေအာက္မွာ ဖလားၿပိဳင္ပြဲေတြမွာ ဘယ္ေလာက္ အႏၲရာယ္ရွိေၾကာင္း ျပသထားခဲ့ပါတယ္။

မန္စီးတီးဟာ ဘရစ္ခ္်မွာတုန္းက ခ်ဲလ္ဆီးကို ေျခစြမ္းျပကာ ၁-၀ နဲ႔ ႏိုင္ထားခဲ့ပါတယ္။ အဲဒီေန႔တုန္းက မန္စီးတီးဟာ အမွတ္ေပးဖလား အတြက္ အဓိက ေက်ာ္ျဖတ္ရမယ့္ အသင္းအျဖစ္ ျပသခဲ့ပါတယ္။ ဒါဟာ မွန္ကန္မႈ ရွိပါတယ္။ ဒီပြဲမွာလည္း မန္စီးတီး တို႔ပဲ ခ်န္ပီယံ ေျခစြမ္းျပျပီး ထပ္ၿပီး အႏိုင္ရသြားမယ္လို႔ ကြၽန္ေတာ္ ျမင္ပါတယ္။

မိုက္ကယ္အိုဝင္ ခန္႔မွန္း ထားတဲ့ ပြဲရလဒ္ကေတာ့ မန္စီးတီး ၃-၁ ခ်ဲလ္ဆီး ျဖစ္ပါတယ္။ မန္စီးတီးနဲ႕ ခ်ယ္ဆီးတို႔ဟာ ဒီ စေနေန႔ည ၇ နာရီမွာ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။