ဗီလာက အိမ်ကွင်းမှာ မန်ယူကို အနိုင်ယူပြီ ဆိုတဲ့ မိုက်ကယ်အိုဝင်ရဲ့ ဒီညပွဲ သုံးသပ်ခန့်မှန်းချက်
မိုက်ကယ်အိုဝင်က အက်စတွန်ဗီလာ – မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး သုံးသပ် ခန့်မှန်းထားတာက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗီလာဟာ အပြောင်းအရွေ့ ဈေးကွက်မှာ အကောင်းဆုံး လှုပ်ရှားထားနိုင်ခဲ့ပြီး ကော်တင်ညို ကိုသာမက အဲဗာတန်ရဲ့ လူကပ်ဒင်းကိုပါ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါဟာ ဗီလာ အတွက် အရမ်းကောင်းတဲ့ ခေါ်ယူမှုတွေ ဖြစ်ပါတယ်။
ရပ်ရန်းနစ်ရဲ့ လက်အောက်မှာ မန်ယူနိုက်တက်ရဲ့ ကစားပုံတွေက အားရစရာ မရှိ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ချောင်တဲ့ ပွဲစဉ်တွေကို တောက်လျှောက် ကစားခဲ့ရတာ ဖြစ်ပြီး ဒီထက်ပိုကောင်းတဲ့ ကစားပုံကို ပြသနိုင်ခဲ့သင့်ပါတယ်။
ကျွန်တော် ကတော့ ဒီပွဲမှာ ဗီလာတို့ ကပ်ပြီး အသာရသွားမယ်လို့ မြင်နေပါတယ်။ ဗီလာ အနေနဲ့ ပြီးခဲ့တဲ့ အပတ်က ယူနိုက်တက်ကို အိုးထရပ်ဖို့ဒ်မှာ ရှုံးခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ကံမကောင်းမှု အနည်းငယ် ရှိခဲ့ပါတယ်။
ဒီပွဲကတော့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်သလို ပရိတ်သတ် အားကလည်း ရှိနေတာကြောင့် ဗီလာတို့ အနိုင်ရသွားမယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။
ဒီပွဲအတွက် အိုဝင် ခန့်မှန်း ရလဒ်ကတော့ အက်စတွန်ဗီလာ ၂-၁ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ဒီည ၁၂ နာရီမှာ ယှဉ်ပြိုင် ကြမှာပါ။

ZG
မိုက္ကယ္အိုဝင္က အက္စတြန္ဗီလာ – မန္ခ်က္စတာ ယူနိုက္တက္ တို႔ ပြဲစဥ္နဲ႕ ပတ္သတ္ျပီး သံုးသပ္ ခန္႔မွန္းထားတာက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။
ဗီလာဟာ အေျပာင္းအေ႐ြ႕ ေစ်းကြက္မွာ အေကာင္းဆုံး လႈပ္ရွားထားႏိုင္ခဲ့ၿပီး ေကာ္တင္ညိဳ ကိုသာမက အဲဗာတန္ရဲ႕ လူကပ္ဒင္းကိုပါ ေခၚယူႏိုင္ခဲ့ပါတယ္။ ဒါဟာ ဗီလာ အတြက္ အရမ္းေကာင္းတဲ့ ေခၚယူမႈေတြ ျဖစ္ပါတယ္။
ရပ္ရန္းနစ္ရဲ႕ လက္ေအာက္မွာ မန္ယူႏိုက္တက္ရဲ႕ ကစားပုံေတြက အားရစရာ မရွိ ျဖစ္ပါတယ္။ ယူႏိုက္တက္ဟာ ေခ်ာင္တဲ့ ပြဲစဥ္ေတြကို ေတာက္ေလွ်ာက္ ကစားခဲ့ရတာ ျဖစ္ၿပီး ဒီထက္ပိုေကာင္းတဲ့ ကစားပုံကို ျပသႏိုင္ခဲ့သင့္ပါတယ္။
ကြၽန္ေတာ္ ကေတာ့ ဒီပြဲမွာ ဗီလာတို႔ ကပ္ၿပီး အသာရသြားမယ္လို႔ ျမင္ေနပါတယ္။ ဗီလာ အေနနဲ႔ ၿပီးခဲ့တဲ့ အပတ္က ယူႏိုက္တက္ကို အိုးထရပ္ဖို႔ဒ္မွာ ရႈံးခဲ့တဲ့ အက္ဖ္ေအဖလား ပြဲစဥ္မွာ ကံမေကာင္းမႈ အနည္းငယ္ ရွိခဲ့ပါတယ္။
ဒီပြဲကေတာ့ အိမ္ကြင္းမွာ ကစားရမွာ ျဖစ္သလို ပရိတ္သတ္ အားကလည္း ရွိေနတာေၾကာင့္ ဗီလာတို႔ အႏိုင္ရသြားမယ္လို႔ ကြၽန္ေတာ္ ခန္႔မွန္းပါတယ္။
ဒီပြဲအတြက္ အိုဝင္ ခန္႔မွန္း ရလဒ္ကေတာ့ အက္စတြန္ဗီလာ ၂-၁ မန္ခ်က္စတာ ယူႏိုက္တက္ ျဖစ္ပါတယ္။ ဒီနွစ္သင္းဟာ ဒီည ၁၂ နာရီမွာ ယွဥ္ျပိဳင္ ၾကမွာပါ။