ယူရို သန်း ၁ဝဝ တန် ဂျင်းမဲ ကို ချဲလ်ဆီးနည်းပြ တူချယ် ကိုယ်တိုင် ထုတ်ဖော် အပြစ်တင်လာခဲ့ပါပြီ

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အမှတ်ပေးဇယားထိပ် က မန်စီးတီး အသင်း ကို အီတီဟတ်ကွင်းမှာ ကွင်းလယ်လူ ကယ်ဗင် ဒီဘရိုင်းရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ အတူ အရေးနိမ့်ခဲ့ရပြီ ဖြစ်ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီး အတွက် အကောင်းဆုံး အခွင့်အရေး ၂ခု ဟာ တိုက်စစ်မှူး ရိုမီလူ လူကာကူ ဆီက ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယူရို သန်း ၁၀၀တန် တိုက်စစ်မှူးဟာ ထို အခွင့်အရေး ၂ကြိမ်လုံးကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပဲ ဖြုန်းတီးခဲ့ပါတယ်။

ပွဲအပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ သောမတ်စ် တူချယ် က လူကာကူ ဟာ မနေ့ည က ချဲလ်ဆီး ရှုံးပွဲတွေ့ခဲ့ရခြင်းရဲ့ အကြောင်းအရင်း တခု ဖြစ်ကြောင်းကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

” တခါတလေမှာ ရိုမီလူ ဟာ လိုချင်တဲ့ ထောက်ပံ့မှုတွေ စောင့်တာထက် ရဖို့ အတွက် ကိုယ်တိုင် ကြိုးစား ဖန်တီးယူဖို့ လိုပါတယ်။ ”

” ဒီနေ့ ရှုံးပွဲမှာ သူလည်း တဦး အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဖိအား တစုံတရာ မရှိပဲနဲ့ သူဟာ ဘောလုံး ထိန်းသိမ်းမှု အလေအလွင့် များစွာ လုပ်ခဲ့ပါတယ်။ အလားအလာကောင်းတဲ့ တိုက်စစ်ဆင်ခွင့် ရနိုင်တဲ့ အနေအထားတွေမှာ သူဟာ ဒီလို အမှားမျိုးတွေ လုပ်ခဲ့တာပါ။ ”

” နောက်ပြီး သူဟာ ဒီပွဲမှာ ကျွန်တော်တို့ အတွက် အနိုင်ဂိုး ဖြစ်စေမယ့် အပိုင် အခွင့်အရေးလည်း ရခဲ့ပါသေးတယ် ။ ဒီတော့ သူဟာ ဒီနေ့ ရှုံးပွဲရဲ့ တရားခံတွေထဲက တစ်ဦး ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ကတော့ သူ ဂိုးတွေ သွင်းနိုင်အောင် အမြဲတမ်း ဖန်တီးမှုတွေ ပေးနိုင်ဖို့ လုပ်နေကြတာပါပဲ။ ”

” ဒါပေမယ့် သူဟာ ဒီ အသင်းရဲ့ တစိတ်တပိုင်း ဖြစ်ပြီး တိုက်စစ်မြားဦးမှာ ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ သက်သေပြဖို့ လိုပါတယ်။ အထူးသဖြင့် ပထမပိုင်းမှာပေါ့။ ကျွန်တော်တို့ ဒီထက် ပိုပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ပြသနိုင်ခဲ့ သင့်ပါတယ်။ ဘာလို့လဲ ဆိုတော့ ပွဲအခြေအနေ အပြောင်းအလဲ ဖြစ်ခဲ့တဲ့ နေရာတွေမှာ အခွင့်အရေးကောင်း များစွာ ရခဲ့လို့ပ ။ ” လို့ ပြောကြားခဲ့ပါတယ ။

ဒီ ရှုံးပွဲကြောင့် ချဲလ်ဆီး ဟာ မန်စီးတီးနဲ့ ရမှတ် ၁၃ မှတ် အထိ ပြတ်ကျန်ခဲ့ပြီ ဖြစ်တဲ့ အတွက် ပရီးမီးယားလိဂ် ဖလားကို မေ့ပြီး အခြား ပြိုင်ပွဲတွေက ဖလားတွေကို သေချာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။

ZG

ခ်ဲလ္ဆီး အသင္း ဟာ မေန႔ည က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ အမွတ္ေပးဇယားထိပ္ က မန္စီးတီး အသင္း ကို အီတီဟတ္ကြင္းမွာ ကြင္းလယ္လူ ကယ္ဗင္ ဒီဘ႐ိုင္းရဲ႕ တလုံးတည္းေသာ သြင္းဂိုးနဲ႔ အတူ အေရးနိမ့္ခဲ့ရၿပီ ျဖစ္ပါတယ္။

ဒီပြဲမွာ ခ်ဲလ္ဆီး အတြက္ အေကာင္းဆုံး အခြင့္အေရး ၂ခု ဟာ တိုက္စစ္မႉး ႐ိုမီလူ လူကာကူ ဆီက ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ယူ႐ို သန္း ၁၀၀တန္ တိုက္စစ္မႉးဟာ ထို အခြင့္အေရး ၂ႀကိမ္လုံးကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့ပဲ ျဖဳန္းတီးခဲ့ပါတယ္။

ပြဲအၿပီး BT Sport နဲ႔ ေတြ႕ဆုံခဲ့တဲ့ အင္တာဗ်ဴးမွာ ေသာမတ္စ္ တူခ်ယ္ က လူကာကူ ဟာ မေန႔ည က ခ်ဲလ္ဆီး ရႈံးပြဲေတြ႕ခဲ့ရျခင္းရဲ႕ အေၾကာင္းအရင္း တခု ျဖစ္ေၾကာင္းကို ထုတ္ေဖာ္ ေျပာဆိုလာခဲ့ပါတယ္။

” တခါတေလမွာ ႐ိုမီလူ ဟာ လိုခ်င္တဲ့ ေထာက္ပံ့မႈေတြ ေစာင့္တာထက္ ရဖို႔ အတြက္ ကိုယ္တိုင္ ႀကိဳးစား ဖန္တီးယူဖို႔ လိုပါတယ္။ ”

” ဒီေန႔ ရႈံးပြဲမွာ သူလည္း တဦး အပါအဝင္ ျဖစ္ခဲ့ပါတယ္။ ဖိအား တစုံတရာ မရွိပဲနဲ႔ သူဟာ ေဘာလုံး ထိန္းသိမ္းမႈ အေလအလြင့္ မ်ားစြာ လုပ္ခဲ့ပါတယ္။ အလားအလာေကာင္းတဲ့ တိုက္စစ္ဆင္ခြင့္ ရႏိုင္တဲ့ အေနအထားေတြမွာ သူဟာ ဒီလို အမွားမ်ိဳးေတြ လုပ္ခဲ့တာပါ။ ”

” ေနာက္ၿပီး သူဟာ ဒီပြဲမွာ ကြၽန္ေတာ္တို႔ အတြက္ အႏိုင္ဂိုး ျဖစ္ေစမယ့္ အပိုင္ အခြင့္အေရးလည္း ရခဲ့ပါေသးတယ္ ။ ဒီေတာ့ သူဟာ ဒီေန႔ ရႈံးပြဲရဲ႕ တရားခံေတြထဲက တစ္ဦး ျဖစ္ပါတယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္တို႔ကေတာ့ သူ ဂိုးေတြ သြင္းႏိုင္ေအာင္ အၿမဲတမ္း ဖန္တီးမႈေတြ ေပးႏိုင္ဖို႔ လုပ္ေနၾကတာပါပဲ။ ”

” ဒါေပမယ့္ သူဟာ ဒီ အသင္းရဲ႕ တစိတ္တပိုင္း ျဖစ္ၿပီး တိုက္စစ္ျမားဦးမွာ ကြင္းတြင္း စြမ္းေဆာင္ရည္နဲ႔ သက္ေသျပဖို႔ လိုပါတယ္။ အထူးသျဖင့္ ပထမပိုင္းမွာေပါ့။ ကြၽန္ေတာ္တို႔ ဒီထက္ ပိုပိုေကာင္းတဲ့ စြမ္းေဆာင္ရည္မ်ိဳး ျပသႏိုင္ခဲ့ သင့္ပါတယ္။ ဘာလို႔လဲ ဆိုေတာ့ ပြဲအေျခအေန အေျပာင္းအလဲ ျဖစ္ခဲ့တဲ့ ေနရာေတြမွာ အခြင့္အေရးေကာင္း မ်ားစြာ ရခဲ့လို႔ပ ။ ” လို႔ ေျပာၾကားခဲ့ပါတယ ။

ဒီ ရႈံးပြဲေၾကာင့္ ခ်ဲလ္ဆီး ဟာ မန္စီးတီးနဲ႔ ရမွတ္ ၁၃ မွတ္ အထိ ျပတ္က်န္ခဲ့ၿပီ ျဖစ္တဲ့ အတြက္ ပရီးမီးယားလိဂ္ ဖလားကို ေမ့ျပီး အျခား ျပိဳင္ပြဲေတြက ဖလားေတြကို ေသခ်ာ အာ႐ုံစိုက္ရေတာ့မွာ ျဖစ္ပါတယ္။