ချဲလ်ဆီးရဲ့ အိုပယ် ကစားသမားတွေကို ခေါ်ယူနေကျ အာဆင်နယ်ရဲ့ နောက်ထပ် ပစ်မှတ်
ဇန်နဝါရီ ဈေးကွက်အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့ စီစဉ်လျက်ရှိနေတဲ့ အာဆင်နယ် အသင်းဟာ ချဲလ်ဆီး တိုက်စစ်မှူးဟောင်းလည်းဖြစ်ပြီး လက်ရှိမှာ အသင်းလက်မဲ့လည်း ဖြစ်လို့နေတဲ့ စပိန်ဝါရင့် တိုက်စစ် ကစားသမားကြီး ဒီယေဂိုကော်စတာကို ချိတ်ဆက်မှုတွေ လုပ်ဆောင်လာခဲ့တယ်လို့ သိရှိရပါတယ်။
အာဆင်နယ်အသင်းဟာ အသင်းမှာ အထောင်တိုက်စစ်နေရာအတွက် ဗလာဟိုဗစ်ကို ပစ်မှတ်ထားခဲ့ပြီး ကမ်းလှမ်းမှု တွေလည်း လုပ်ဆောင်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အာဆင်နယ်ကို ပြောင်းရွှေ့လာဖို့ ဆန္ဒမရှိတဲ့အတွက် ရေတို အနေနဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဟောင်း ကော်စတာကို ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။
ဘရာဇီးလ်ကလပ် အက်သလက်တီကိုမင်နဲရိုးနဲ့ ဆုဖလား အောင်မြင်မှုတွေကို ရယူနိုင်ခဲ့တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ကော်စတာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ (၇)ရက်နေ့မှာပဲ မင်နဲရိုးအသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီး ကလပ်သစ် ရှာဖွေနေတာပါ။
အာဆင်နယ်အသင်းဟာ အူဘာမီယန်းကို အသင်းခေါင်းဆောင် တာဝန်ကနေ ဖယ်ရှားပြီးနောက်ပိုင်း အသင်းမှာ အသုံးပြုတော့ခြင်း မရှိသလို အာဖရိကပြိုင်ပွဲကနေ ပြန်လည်ရောက်ရှိလာချိန်မှာလည်း နေရာပေးဖို့က မသေချာသေးပါဘူး။ လာကာဇက် ကလည်း အသင်းနဲ့ အနာဂတ်က မရေမရာ ဖြစ်နေတာကြောင့်မို့ တိုက်စစ်ပိုင်း အတွက် ကစားသမားသစ် တစ်ဦးဦးကို မဖြစ်မနေ အလိုရှိလာခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ကော်စတာ မင်နဲရိုးအသင်းဆီ မပြောင်းရွှေ့ခင်မှာလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။
လက်ရှိ စပိန်နိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ ကော်စတာဆီကို အာဆင်နယ် ဘက်ကနေ တရားဝင် ကမ်းလှမ်း ထားခြင်း မရှိသေးပဲ ကမ်းလှမ်းလာခဲ့ရင် ကော်စတာ ဘက်ကနေ လက်ခံသွားနိုင်မလားဆိုတာ စောင့်ကြည့်ရပါတော့မယ်။
အာဆင်နယ်ဟာ ယခင်ကလည်း ချဲလ်ဆီး ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဒေးဗစ် လူးဝစ်၊ ဝီလီယံ၊ ပီတာချက် တို့ကို ခေါ်ယူပြီး ရေတို ဖြေရှင်းမှုတွေ ပြုလုပ်ခဲ့ဖူးပါတယ်။

ZG
ဇန္နဝါရီ ေစ်းကြက္အတြင္းမွာ အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္တင္းသြားဖို႔ စီစဥ္လ်က္ရွိေနတဲ့ အာဆင္နယ္ အသင္းဟာ ခ်ဲလ္ဆီး တိုက္စစ္မႉးေဟာင္းလည္းျဖစ္ၿပီး လက္ရွိမွာ အသင္းလက္မဲ့လည္း ျဖစ္လို႔ေနတဲ့ စပိန္ဝါရင့္ တိုက္စစ္ ကစားသမားႀကီး ဒီေယဂိုေကာ္စတာကို ခ်ိတ္ဆက္မႈေတြ လုပ္ေဆာင္လာခဲ့တယ္လို႔ သိရွိရပါတယ္။
အာဆင္နယ္အသင္းဟာ အသင္းမွာ အေထာင္တိုက္စစ္ေနရာအတြက္ ဗလာဟိုဗစ္ကို ပစ္မွတ္ထားခဲ့ၿပီး ကမ္းလွမ္းမႈ ေတြလည္း လုပ္ေဆာင္ခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာဖို႔ ဆႏၵမရွိတဲ့အတြက္ ေရတို အေနနဲ႔ ခ်ယ္လ္ဆီးတိုက္စစ္မႉးေဟာင္း ေကာ္စတာကို ခ်ိတ္ဆက္လာခဲ့တာ ျဖစ္ပါတယ္။
ဘရာဇီးလ္ကလပ္ အက္သလက္တီကိုမင္နဲ႐ိုးနဲ႔ ဆုဖလား ေအာင္ျမင္မႈေတြကို ရယူႏိုင္ခဲ့တဲ့ ဝါရင့္တိုက္စစ္မႉးႀကီး ေကာ္စတာဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ (၇)ရက္ေန႔မွာပဲ မင္နဲ႐ိုးအသင္းနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး ကလပ္သစ္ ရွာေဖြေနတာပါ။
အာဆင္နယ္အသင္းဟာ အူဘာမီယန္းကို အသင္းေခါင္းေဆာင္ တာဝန္ကေန ဖယ္ရွားၿပီးေနာက္ပိုင္း အသင္းမွာ အသုံးျပဳေတာ့ျခင္း မရွိသလို အာဖရိကၿပိဳင္ပြဲကေန ျပန္လည္ေရာက္ရွိလာခ်ိန္မွာလည္း ေနရာေပးဖို႔က မေသခ်ာေသးပါဘူး။ လာကာဇက္ ကလည္း အသင္းနဲ႔ အနာဂတ္က မေရမရာ ျဖစ္ေနတာေၾကာင့္မို႔ တိုက္စစ္ပိုင္း အတြက္ ကစားသမားသစ္ တစ္ဦးဦးကို မျဖစ္မေန အလိုရွိလာခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္အသင္းအေနနဲ႔ ေကာ္စတာ မင္နဲ႐ိုးအသင္းဆီ မေျပာင္းေ႐ႊ႕ခင္မွာလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါေသးတယ္။
လက္ရွိ စပိန္ႏို္င္ငံကို အလည္အပတ္ ေရာက္ရွိေနတဲ့ ေကာ္စတာဆီကို အာဆင္နယ္ ဘက္ကေန တရားဝင္ ကမ္းလွမ္း ထားျခင္း မရွိေသးပဲ ကမ္းလွမ္းလာခဲ့ရင္ ေကာ္စတာ ဘက္ကေန လက္ခံသြားႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရပါေတာ့မယ္။
အာဆင္နယ္ဟာ ယခင္ကလည္း ခ်ဲလ္ဆီး ကစားသမားေဟာင္းေတြ ျဖစ္တဲ့ ေဒးဗစ္ လူးဝစ္၊ ဝီလီယံ၊ ပီတာခ်က္ တို႔ကို ေခၚယူျပီး ေရတို ေျဖရွင္းမႈေတြ ျပဳလုပ္ခဲ့ဖူးပါတယ္။