မန်ယူ နည်းပြ ရန်းနစ်နဲ့ တိုက်စစ်မှုး မာရှယ်မှာ ဘယ်သူက အလိမ်အညာတွေ ပြောနေလဲ
မန်ယူ တိုက်စစ်မှုး မာရှယ်ဟာ ဒီအပတ် အက်စတွန်ဗီလာပွဲမှာ အသင်းနဲ့အတူ ပါဝင်ဖို့ ငြင်းဆန်ခဲ့တယ်လို့ နည်းပြ ရန်းနစ်က ဗီလာနဲ့ ပွဲအပြီးမှာ ထုတ်ပြောခဲ့ပါတယ်။
“မာရှယ် က လူစာရင်းနဲ့ မလိုက်ချင်ခဲ့ဘူး။ သူက လူစာရင်းမှာ ပုံမှန်အတိုင်း ရှိနေခဲ့ပေမယ့် ခရီးထွက်မှုမှာ မပါချင်ခဲ့ဘူး။ ဒါကြောင့်ပဲ အသင်းနဲ့အတူ သူ မပါလာခဲ့တာပါ။ ” လို့ ရန်းနစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မာရှယ်ကလည်း ဆိုရှယ်မီဒီယာကနေ နည်းပြ ရန်းနစ်ရဲ့ ပြောဆိုမှုက မဟုတ်မှန်ဘူးလို့ ငြင်းဆန်သွားတယ်။ မယ်ရှယ်က သူ့ရဲ့ မန်ယူနိုက်တက် ကစားသမားဘဝ တစ်လျှောက်လုံးမှာ ပရိသတ်တွေကို တစ်ကြိမ်မှ မလေးမစား မလုပ်ခဲ့ပါဘူးလို့ ထုတ်ပြောပါတယ်။
မာရှယ် အင်စတာဂရမ်မှာ ” မန်ယူနိုက်တက်အတွက် ကစားပေးဖို့ တစ်ပွဲလေးတောင်မှ ကျနော် ငြင်းဆန်မှာ မဟုတ်ပါဘူး။ ကျနော် အသင်းမှာ ရှိနေတဲ့ ၇ နှစ်အတွင်းမှာ ပရိသတ်တွေနဲ့ ကလပ်ကို ဘယ်တုန်းမှ မလေးမစား မလုပ်ပါဘူး။ ကျနော်က လေးစားမှု မရှိတဲ့သူ မဟုတ်ပါဘူး။ ” လို့ ဖြစ်ပါတယ်။
မာရှယ် မပါဝင်နိုင်ချိန်မှာ ရော်နယ်ဒိုနဲ့ ရက်ဖိုဒ့်ကလည်း ဒဏ်ရာရနေခဲ့တာကြောင့် ဗီလာပွဲမှာတော့ နည်းပြ ရန်းနစ်က ကာဗာနီနဲ့ အီလန်ဂါကို ဖာနန်ဒက်စ်၊ ဂရင်းဝုဒ်တို့ဖြင့် တွဲဘက်ပြီး တိုက်စစ်ကို ထုတ်သုံးသွားခဲ့ပါတယ်။

ZG
မန္ယူ တိုက္စစ္မႈး မာရွယ္ဟာ ဒီအပတ္ အက္စတြန္ဗီလာပြဲမွာ အသင္းနဲ႕အတူ ပါဝင္ဖို႔ ျငင္းဆန္ခဲ့တယ္လို႔ နည္းျပ ရန္းနစ္က ဗီလာနဲ႕ ပြဲအၿပီးမွာ ထုတ္ေျပာခဲ့ပါတယ္။
“မာရွယ္ က လူစာရင္းနဲ႔ မလိုက္ခ်င္ခဲ့ဘူး။ သူက လူစာရင္းမွာ ပုံမွန္အတိုင္း ရွိေနခဲ့ေပမယ့္ ခရီးထြက္မႈမွာ မပါခ်င္ခဲ့ဘူး။ ဒါေၾကာင့္ပဲ အသင္းနဲ႔အတူ သူ မပါလာခဲ့တာပါ။ ” လို႔ ရန္းနစ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္ မာရွယ္ကလည္း ဆိုရွယ္မီဒီယာကေန နည္းျပ ရန္းနစ္ရဲ႕ ေျပာဆိုမႈက မဟုတ္မွန္ဘူးလို႔ ျငင္းဆန္သြားတယ္။ မယ္ရွယ္က သူ႔ရဲ႕ မန္ယူႏိုက္တက္ ကစားသမားဘဝ တစ္ေလွ်ာက္လုံးမွာ ပရိသတ္ေတြကို တစ္ႀကိမ္မွ မေလးမစား မလုပ္ခဲ့ပါဘူးလို႔ ထုတ္ေျပာပါတယ္။
မာရွယ္ အင္စတာဂရမ္မွာ ” မန္ယူႏိုက္တက္အတြက္ ကစားေပးဖို႔ တစ္ပြဲေလးေတာင္မွ က်ေနာ္ ျငင္းဆန္မွာ မဟုတ္ပါဘူး။ က်ေနာ္ အသင္းမွာ ရွိေနတဲ့ ၇ ႏွစ္အတြင္းမွာ ပရိသတ္ေတြနဲ႔ ကလပ္ကို ဘယ္တုန္းမွ မေလးမစား မလုပ္ပါဘူး။ က်ေနာ္က ေလးစားမႈ မရွိတဲ့သူ မဟုတ္ပါဘူး။ ” လို႔ ျဖစ္ပါတယ္။
မာရွယ္ မပါဝင္ႏိုင္ခ်ိန္မွာ ေရာ္နယ္ဒိုနဲ႔ ရက္ဖိုဒ့္ကလည္း ဒဏ္ရာရေနခဲ့တာေၾကာင့္ ဗီလာပြဲမွာေတာ့ နည္းျပ ရန္းနစ္က ကာဗာနီနဲ႔ အီလန္ဂါကို ဖာနန္ဒက္စ္၊ ဂရင္းဝုဒ္တို႔ျဖင့္ တြဲဘက္ၿပီး တိုက္စစ္ကို ထုတ္သုံးသြားခဲ့ပါတယ္။