ဖီးလ်ဂျုံးစ်အတွက် ပြောင်းရွှေ့ကြေး၊ ပါရီဆစ်ကို ချိန်လာတဲ့ ချဲလ်ဆီးနဲ့ ယနေ့ နံနက်ခင်း သတင်းတိုများ
မန်ချက်စတာယူနိုက်တက်ကတော့ သူတို့ရဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ်အတွက် ပေါင် ၁၅ သန်း တောင်းဆိုထားကြောင်း သိရပါတယ်။ မန်ယူအနေနဲ့ ဖီလ်းဂျုံးစ်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး သူ့ကိုနယူးကာဆယ်နဲ့ ဘန်လေတို့က ပစ်မှတ်ထားနေပါတယ်။
လီဗာပူးနည်းပြကလော့က ဆာလတ်နဲ့ မာနေးတို့မပါရင် ဘယ်လိုဖြစ်လာမလဲဆိုတာ ကြိုတင် ခန့်မှန်းပြီးသားဖြစ်ကြောင်း၊ ဒါပေမဲ့ လက်ရှိအချိန်မှာ သူတို့နှစ်ယောက်က အသင်းမရှိလို့အဲဒီအကြောင်းမပြောလိုကြောင်း၊ အာဖရိကဖလားပြိုင်ပွဲမှာ သူတို့တွေ အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးနေကြောင်း၊ မနေ့ကဆို ဆာလတ် ဂိုးသွင်းတော့ အောင်ပွဲခံခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူတိုက်စစ်မူှး စီရော်နယ်ဒိုက သူ့အနေနဲ့လက်ရှိမှာ ဘောလုံးကစားရတာကို ပျော်ရွှင်လျက်ရှိနေကြောင်း၊ သူ့အနေနဲ့ ၄၂ နှစ်အရွယ်အထိ ဘောလုံး ကစားလိုကြောင်း၊သူ့ခန္ဓာကိုယ်အနေအထားက တောင်းဆိုမှုတွေကို လိုက်လျောနိုင်မယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီး နည်းပြတူချယ် က ကာလရှည်အနားယူရမဲ့ ဘင်ချီဝဲလ်ရဲ့ နေရာကို အစားထိုးတဲ့အနေနဲ့ အင်တာ မီလန် တောင်ပံကစားသမား ပါရီဆစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ပါရီဆစ်ရဲ့ စာချုပ်ဟာ ရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်လို့အင်တာအနေနဲ့ ဇန်နဝါရီမှာ သင့်တော်တဲ့ပြောင်းရွှေ့ကြေးရရင် ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ ကိုဗစ်ကူးစက်မှုတွေ ဆက်လက်မြှင့်တက်လျက်ရှိနေပါတယ်။ စပါးနဲ့ပွဲကို ဖျက်သိမ်းလိုက်ပြီးနောက် အာဆင်နယ် ကစားသမားတွေ အနေနဲ့ ကိုဗစ်ကူးစက်မှုတွေ ဆက်လက်ရှိနေခဲ့ကြောင်း The Athletic က ဖော်ပြထားပါတယ်။
အဲဗာတန် အသင်း ဟာ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း နည်းပြဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီ ဖြစ်ပါတယ်။ နော့ဝှစ်ချ်ကို ၂-၁ ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက် အဲဗာတန် ဘုတ်အဖွဲ့ အနေနဲ့ ဘင်နီတက်ဇ်ကို သည်းခံမှု ကုန်ဆုံးခဲ့တာပါ။ ဘင်နီတက်ဇ် နေရာ အစားထိုးဖို့ နောက်နည်းပြ အဖြစ် ဒါဘီနည်းပြ ဝိန်းရွန်းနီက ရေပန်းစားနေပါတယ်။

ချဲလ်ဆီးနောက်ခံလူ အလွန်ဆိုက မန်စီးတီးကို ရှုံးနိမ့်ခဲ့ခြင်းအတွက် စိတ်ပျက်ရကြောင်း၊ ဒါက ချဲလ်ဆီးအနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် နောက်ဆုံးအခွင့်အရေးကို လက်လွှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း၊ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်သွားမှာဖြစ်ပေမဲ့ ခက်ခဲသွားပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က အာဆင်နယ်အနေနဲ့ စပါးပစ်မှတ်ထားနေတဲ့ ဝုဗ် တောင်ပံ ကစားသမားထရာအိုရေးကို ခေါ်ယူသင့်ကြောင်း၊ ထရာအိုရေးဟာ အံ့ဖွယ်စွုမ်းရည်ကို ပိုင်ဆိုင်ထားပြီး အာဆင်နယ်နဲ့ လိုက်ဖက်မယ်လို့ ခံစားရကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဘန်လေ အသင်း အနေနဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အားဖြည့်ဖို့ ပြင်ဆင်နေပြီး ပဲလေ့စ် တိုက်စစ်မှူး ဘန်တီကီနဲ့ လီဗာပူးတိုက်စစ်မှူး အိုရီဂီတို့ကိုပစ်မှတ်ထားနေပါတယ်။