ပြင်သစ်မှာ အသားမကျလို့ ဘာစီလိုနာ ပြန်ဖို့ မက်ဆီကို မိသားစုက ဝိုင်းဖိအားပေးနေ

ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မက်ဆီ ရဲ့မိသားစု ကတော့ ကလပ်ဟောင်း ဘာစီလိုနာ ကို ပြန်လည် ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေကြတယ်လို့ သတင်း ထွက်လာပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ပြင်သစ်ကလပ် ကို ရောက်လာတဲ့ မက်ဆီ ဟာ အသားကျဖို့ ရုန်းကန်နေရဆဲပါ။

မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်းအ‌တွက် လီဂူးဝမ်းပြိုင်ပွဲမှာ (၁)ဂိုးသာ သွင်းယူထားပေမယ့် ချန်ပီယံလိဂ်မှာတော့ (၅)ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

မက်ဆီ ရဲ့ဇနီးဖြစ်တဲ့ အန်တိုနယ်လာ ဟာ ပဲရစ်ရဲ့ရာသီဥတုနဲ့ ကလေးငယ်တွေအတွက် ရာသီဥတု ပိုသာသာယာယာ ရှိတဲ့ စပိန်မြေကို ပြန်ဖို့ ဆန္ဒရှိနေတာလို့ သတင်းထွက်လာတာပါ။

ဘာစီလိုနာ နည်းပြ ဇာဗီနဲ့ ညာနောက်ခံလူ အဲလ်ဗတ်စ် တို့ ဟာ မက်ဆီ နဲ့ အသင်းမှာ ပြန်လည်ဆုံဆည်းနိုင်ဖို့ မျက်စိ ကျ နေကြတယ်လို့ အဆိုပါ သတင်းက ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမယ့် မက်ဆီ ရဲ့ဖခင်ကတော့ ဒါကို ငြင်းဆန်ထားပါတယ်။

လာပေါ်တာနဲ့ ဘာစီလိုနာ အသင်းဟာ သူတို့ကို သစ္စာဖောက်တယ်လို့ ယူဆတာကြောင့် ဒီအစဉ်ကို ဆန့်ကျင် နေခဲ့ပါတယ်။ မက်ဆီ နဲ့ ပီအက်စ်ဂျီ တို့ ချူပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃) အထိ စာချုပ်ရှိနေပြီး တနှစ် ထပ်မံ သက်တမ်းတိုးခွင့် ရှိနေတာဖြစ်ပါတယ်။

မက်ဆီ ဟာ မကြာသေးခင်က ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာလာခဲ့ပေမယ့် ဘရက်စ် ကို အနိုင်ရခဲ့တဲ့ အသင်း လူစာရင်းမှာတော့ မပါဝင်သေးပါဘူး။ ကိုဗစ် ဖြစ်ချိန်မှာလည်း နည်းပြ ပိုချက်တီနို ကို အကြောင်း မကြားလို့ မကျေလည်မှုတွေ ရှိထားပါသေးတယ်။

ZG

ပီအက္စ္ဂ်ီ တိုက္စစ္ကစားသမား မက္ဆီ ရဲ႕မိသားစု ကေတာ့ ကလပ္ေဟာင္း ဘာစီလိုနာ ကို ျပန္လည္ ေျပာင္းေ႐ႊ႕ဖို႔ စိတ္အား ထက္သန္ေနၾကတယ္လို႔ သတင္း ထြက္လာပါတယ္။ ျပီးခဲ့တဲ့ ေႏြရာသီက ျပင္သစ္ကလပ္ ကို ေရာက္လာတဲ့ မက္ဆီ ဟာ အသားက်ဖို႔ ႐ုန္းကန္ေနရဆဲပါ။

မက္ဆီ ဟာ ပီအက္စ္ဂ်ီ အသင္းအ‌တြက္ လီဂူးဝမ္းၿပိဳင္ပြဲမွာ (၁)ဂိုးသာ သြင္းယူထားေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ (၅)ဂိုး သြင္းယူထားတာျဖစ္ပါတယ္။

မက္ဆီ ရဲ႕ဇနီးျဖစ္တဲ့ အန္တိုနယ္လာ ဟာ ပဲရစ္ရဲ႕ရာသီဥတုနဲ႔ ကေလးငယ္ေတြအတြက္ ရာသီဥတု ပိုသာသာယာယာ ရွိတဲ့ စပိန္ေျမကို ျပန္ဖို႔ ဆႏၵရွိေနတာလို႔ သတင္းထြက္လာတာပါ။

ဘာစီလိုနာ နည္းျပ ဇာဗီနဲ႔ ညာေနာက္ခံလူ အဲလ္ဗတ္စ္ တို႔ ဟာ မက္ဆီ နဲ႔ အသင္းမွာ ျပန္လည္ဆုံဆည္းႏိုင္ဖို႔ မ်က္စိ က် ေနၾကတယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပထားတာျဖစ္ပါတယ္။ ဒါေပမယ့္ မက္ဆီ ရဲ႕ဖခင္ကေတာ့ ဒါကို ျငင္းဆန္ထားပါတယ္။

လာေပၚတာနဲ႔ ဘာစီလိုနာ အသင္းဟာ သူတို႔ကို သစၥာေဖာက္တယ္လို႔ ယူဆတာေၾကာင့္ ဒီအစဥ္ကို ဆန႔္က်င္ ေနခဲ့ပါတယ္။ မက္ဆီ နဲ႔ ပီအက္စ္ဂ်ီ တို႔ ခ်ဴပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၃) အထိ စာခ်ဳပ္ရွိေနၿပီး တႏွစ္ ထပ္မံ သက္တမ္းတိုးခြင့္ ရွိေနတာျဖစ္ပါတယ္။

မက္ဆီ ဟာ မၾကာေသးခင္က ကိုဗစ္ကူးစက္မႈကေန ျပန္လည္သက္သာလာခဲ့ေပမယ့္ ဘရက္စ္ ကို အႏိုင္ရခဲ့တဲ့ အသင္း လူစာရင္းမွာေတာ့ မပါဝင္ေသးပါဘူး။ ကုိဗစ္ ျဖစ္ခ်ိန္မွာလည္း နည္းျပ ပိုခ်က္တီနို ကို အေၾကာင္း မၾကားလို႔ မေက်လည္မႈေတြ ရွိထားပါေသးတယ္။