ရွိုင်ကိန်း သာ မန်ယူနည်းပြ ဆိုရင် ဒီဂီယာတောင် မပါဘဲ သူ ခေါ်ထားမယ့် ကစားသမား ၃ ဦး

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင်ကြီး ရွိုင်ကိန်းကတော့ ဒီတပတ် မန်ယူရဲ့ အက်စတွန်ဗီလာနဲ့ ၂-၂ သရေကျသွားတဲ့ ပွဲကို ကြည့်ပြီးတဲ့နောက် အသင်း စိတ်ပျက် စိတ်ကုန်နေဟန် ပြသနေပါတယ်။ မန်ယူက ထိုပွဲမှာ ၂ဂိုး အသာနဲ့ကို ဦးဆောင်ထားနိုင်ပြီးမှ ဒုတိယပိုင်းမှာ ၅ မိနစ်အတွင်း ၂ဂိုး ပြန်ပေးကာ သရေကျသွားခဲ့တာပါ။

တကယ်လို့ ရွိုင်ကိန်းသာ မန်ချက်စတာ ယူနိုက်တက်ကို ကိုယ်တိုင် နည်းပြလုပ် ပြန်တည်ဆောက်ခွင့် ရမယ် ဆိုရင် ဘယ်ကစားသမားတွေ ခေါ်သွားမလဲ လို့ ဗီလာနဲ့ ပွဲအပြီးမှာ မေးခွန်းထုတ်ခံခဲ့ရာ ရွိုင်ကိန်းကတော့ သူ လိုချင်တဲ့ စီနီယာ ကစားသမား ၃ဦးကိုသာ နာမည်တပ် ပြောဆိုခဲ့ပြီး ဒီဂီယာတို့ ရပ်ဖို့ဒ်တို့တောင် မပါဝင်ခဲ့ပါဘူး။

စကိုင်းစပေါ့ အစီအစဉ်မှာ ရွိုင်ကိန်းက – ” ကျနော်သာဆို ကစားသမား ဘယ်နှယောက်ကိုပဲ ဆက်ခေါ်ထားမလဲ ဟုတ်လား။ ကျနော် မပြောတတ်ဘူးဗျ။ တကယ် မသိဘူး။

ဟာ နေဦး၊ ဟုတ်ပြီ။ ဘရူနို ဖာနန်ဒက်စ်ရယ်၊ ရော်နယ်ဒိုလို လူမျိုးရယ်။ တစ်သင်းလုံးကတော့ မျှော်လင့်စရာ ကုန်ဆုံးနေတာတော့ မဟုတ်ဘူးလေ။ နောက်ပြီး ဗာရိန်း ရယ်။ နောက်ပြီး ပြောမယ်ဆို လူငယ် ကစားသမား ကောင်းလေးတွေ တချို့လည်း ရှိတယ်။ ” လို့ ပြောဆို တုန့်ပြန်ခဲ့ပါတယ်။

ရွိုင်ကိန်းဟာ လက်ရှိ မန်ချက်စတာ ယူနိုက်တက် ကစားသမား တော်တော်များများကို အထင်မကြီး ဖြစ်နေပြီး ဒီရာသီ အသင်းကို ကြည့်ကာ မကြာခဏ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။

ZG

မန္ခ်က္စတာ ယူနိုက္တက္ ဂႏၱဝင္ၾကီး ရြိဳင္ကိန္းကေတာ့ ဒီတပတ္ မန္ယူရဲ႕ အက္စတြန္ဗီလာနဲ႕ ၂-၂ သေရက်သြားတဲ့ ပြဲကို ၾကည့္ျပီးတဲ့ေနာက္ အသင္း စိတ္ပ်က္ စိတ္ကုန္ေနဟန္ ျပသေနပါတယ္။ မန္ယူက ထိုပြဲမွာ ၂ဂိုး အသာနဲ႕ကို ဦးေဆာင္ထားနုိင္ျပီးမွ ဒုတိယပိုင္းမွာ ၅ မိနစ္အတြင္း ၂ဂိုး ျပန္ေပးကာ သေရက်သြားခဲ့တာပါ။

တကယ္လို႔ ရြိဳင္ကိန္းသာ မန္ခ်က္စတာ ယူနိုက္တက္ကို ကိုယ္တိုင္ နည္းျပလုပ္ ျပန္တည္ေဆာက္ခြင့္ ရမယ္ ဆိုရင္ ဘယ္ကစားသမားေတြ ေခၚသြားမလဲ လို႔ ဗီလာနဲ႕ ပြဲအျပီးမွာ ေမးခြန္းထုတ္ခံခဲ့ရာ ရြိဳင္ကိန္းကေတာ့ သူ လိုခ်င္တဲ့ စီနီယာ ကစားသမား ၃ဦးကိုသာ နာမည္တပ္ ေျပာဆိုခဲ့ျပီး ဒီဂီယာတို႔ ရပ္ဖို႔ဒ္တို႔ေတာင္ မပါဝင္ခဲ့ပါဘူး။

စကိုင္းစေပါ့ အစီအစဥ္မွာ ရြိဳင္ကိန္းက – ” က်ေနာ္သာဆို ကစားသမား ဘယ္နွေယာက္ကိုပဲ ဆက္ေခၚထားမလဲ ဟုတ္လား။ က်ေနာ္ မေျပာတတ္ဘူးဗ်။ တကယ္ မသိဘူး။

ဟာ ေနဦး၊ ဟုတ္ျပီ။ ဘရူနို ဖာနန္ဒက္စ္ရယ္၊ ေရာ္နယ္ဒိုလို လူမ်ိဳးရယ္။ တစ္သင္းလံုးကေတာ့ ေမွ်ာ္လင့္စရာ ကုန္ဆံုးေနတာေတာ့ မဟုတ္ဘူးေလ။ ေနာက္ျပီး ဗာရိန္း ရယ္။ ေနာက္ျပီး ေျပာမယ္ဆို လူငယ္ ကစားသမား ေကာင္းေလးေတြ တခ်ိဳ႕လည္း ရွိတယ္။ ” လို႔ ေျပာဆို တုန္႔ျပန္ခဲ့ပါတယ္။

ရြိဳင္ကိန္းဟာ လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္ ကစားသမား ေတာ္ေတာ္မ်ားမ်ားကို အထင္မၾကီး ျဖစ္ေနျပီး ဒီရာသီ အသင္းကို ၾကည့္ကာ မၾကာခဏ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနပါတယ္။