ဥရောပ နာမည်ကြီး နည်းပြ တစ်ဦးကို ခေါ်ယူနိုင်ဖွယ် ရှိနေတဲ့ နယူးကာဆယ်
နယူးကာဆယ်အသင်းဟာ နည်းပြ စတိဗ်ဘရုစ်နဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြောင်းကို မနေ့ကပဲ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။
နယူးကာဆယ်ဘက်က မန်နေဂျာ စတိဘရုစ်ကို နှစ်ဦးသဘောတူ လမ်းခွဲနိုင်ဖို့အတွက် လျော်ကြေး ပေါင် ၈ သန်း ပေးခဲ့တာဖြစ်တယ်။
လက်တလောမှာတော့ လက်ထောက်နည်းပြ ဂရမ်းဂျုံးက ယာယီနည်းပြအဖြစ် တာဝန်ယူသွားမှာ ဖြစ်ကာ စနေနေ့ ပဲလေစ့်နဲ့ပွဲအတွက် နယူးကာဆယ်ကို ဦးဆောင်ပါမယ်။ ဂရမ်းဂျုံးကိုတော့ နည်းပြ ၄ ဦးက ပံ့ပို့ပေးမှာဖြစ်ပြီး မန်နေဂျာသစ် မရခင်ကြားမှာ နည်းပြအဖွဲ့ ၅ ဦးကပဲ နယူးကာဆယ်ရဲ့ လေ့ကျင့်ရေးကွင်းနဲ့ ပွဲနေ့တွေကို တာဝန်ယူရမှာပါ။

မကြာခင်မှာ နယူးကာဆယ်အသင်းဆီ နည်းပြသစ် တဦး မကြာခင် ရောက်လာတော့မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ နည်းပြတွေ ကတော့ လမ်းပတ် (ချယ်လ်ဆီးနည်းပြဟောင်း) ၊ ဂျာရတ် (ရိန်းဂျား) ၊ အက်ဒီဟောင်း (ဘုန်းမောက် နည်းပြဟောင်း) ၊ ရွန်းနီ (ဒါဘီ) တို့ပဲ ဖြစ်ပါတယ်။
နယူးကာဆယ်ယူနိုက်တက် အသင်းကတော့ အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေမှုကြောင့် လက်ရှိနည်းပြ စတိဗ်ဘရုစ်နဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး မကြာခင်မှာပဲး နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားဖို့အတွက် ကြိုးစားနေပါပြီ။
ရိုးမားနည်းပြဟောင်း ဖွန်ဆီကာ ဒေါ့မွန်နည်းပြဟောင်း လူစီယန်ဖာတို့ကို အလိုရှိနေတဲ့ စာရင်းထဲ ထည့်သွင်းထားပြီး ဖွန်ဆီကာနဲ့လည်း ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဖာဘရီဇီယိုက ဖော်ပြထားပါတယ်။ အန်တိုနီယို ကွန်တီနဲ့တော့ ဘာဆွေးနွေးမှုမှ ရှိမနေဘူးလို့လည်း သိရပါတယ်။
ဘီလျံပေါင်းများစွာ ကြွယ်ဝပြီး နောက်ထပ် မန်စီးတီး၊ ပီအက်စ်ဂျီ ဖြစ်လာမယ်လို့ သတင်းကြီးနေတဲ့ နယူးကာဆယ်အသင်းကို နည်းပြသစ်အဖြစ် ဘယ်သူ တာဝန်ယူသွားမလဲကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။