အာဆင်နယ်ကို လိုက်လျော ဘက်လိုက်တဲ့ ပရီးမီးယားလိဂ် လို့ ရိထေ့သွားတဲ့ စပါးနည်းပြ ကွန်တီ

စပါးနည်းပြ ကွန်တီက မြောက်လန်ဒန်ဒါဘီကို ရွေ့ဆိုင်းပေးခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ဟာ ထူးဆန်းတယ်လို့ ဝေဖန်သွားခဲ့ပြီး တကယ်ဆို အရင်ကတည်းက ပွဲစဉ်ဇယားကို အဆင်ပြေအောင် ချိန်ညှိသင့်တယ်လို့ ပြောလိုက်ပါတယ်။

လန်ဒန်ဒါဘီကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားဖို့ ရှိခဲ့ပေမယ့်လည်း အာဆင်နယ် အသင်းရဲ့ ကိုဗစ်၊ ဒဏ်ရာပြသနာ နဲ့ အာဖရိကဖလားကို ကစားသမားတွေ စေလွှတ်ထားခဲ့ရတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ပရီးမီးယားလိဂ်က ပွဲရွေ့ဆိုင်း ပေးခဲ့ပါတယ်။

ထိုအချိန်မှာ အာဆင်နယ်မှာ ကိုဗစ် ကူးစက်မှု တစ်ခုသာ ရှိခဲ့ပြီး ကျန်တာကတော့ ကစားသမား ၄ ဦးကို အာဖရိကဖလား စေလွှတ်ပေးခဲ့မှု နဲ့ ဒဏ်ရာပြသနာတွေက အဓိက ဖြစ်ခဲ့ပါတယ်။

ဒါနဲ့ ပက်သက်ပြီး ကွန်တီက “စပါးအသင်းက ဒီပွဲရွှေ့မှုနဲ့ ပတ်သတ်ပြီး ကြေငြာချက် တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ ဘက်က ဘယ်လောက် စိတ်ပျက်နေတယ်ဆိုတာကို ဖော်ပြခဲ့တာလို့ ထင်ပါတယ်။ တကယ်လည်း ထူးဆန်းတဲ့ ဆုံးဖြတ်ချက် ဆိုတာကတော့ သေချာပါတယ်။ ဒါပေမယ့် စပါးဘက်က ဒီဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ကျွန်တော်တို့ ဘက်က ဘယ်လောက် စိတ်မကျေမနပ် ဖြစ်ခဲ့သလဲဆိုတာကို အရေးပါတဲ့ ဆုံးဖြတ်ချက်နဲ့ ထုတ်ဖော်ခဲ့ ပါတယ်။

အကယ်၍ ပရီးမီးယားလိဂ် အနေနဲ့ ဒဏ်ရာပြသနာတွေကြောင့် ပွဲကို ရွေ့ဆိုင်းဖို့ အတွက် ဆုံးဖြတ်တယ်ဆိုရင် သူတို့ အနေနဲ့ အစောကတည်းက အကောင်းဆုံး ပွဲစဉ် ဇယား ကို ရွေးဆွဲဖို့ ကြိုးစားရမှာပါ။

ပရီးမီးယားလိဂ်ဟာ ဒဏ်ရာ ပြသနာတွေကြောင့် ပွဲရွေ့ဆိုင်းရမယ့် အရေး ဒါမှမဟုတ် ဒဏ်ရာပြသနာတွေကို မလိုချင်ဘူးဆိုရင် ပွဲတွေကို လျော့ချဖို့ လုပ်သွားသင့်ပါတယ်။ ဒဏ်ရာပြသနာတွေကြောင့် ပွဲရွေ့ဆိုင်းပေးခဲ့တဲ့ လိဂ်ကို ကျွန်တော့်ဘဝမှာ ဒါ ပထမဦးဆုံး မြင်ဖူးတာ ဖြစ်ပါတယ်။ ဒါဟာ အတော်လေး ထူးဆန်းပါတယ်။ ကျွန်တော် ဒါနဲ့ပက်သက်ပြီး အတော် အံ့အားသင့်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ အတော် ထူးဆန်းပါတယ်။ ကစားနိုင်တဲ့ အခြေအနေ ရှိနေတဲ့ အချိန်မှာ ကျွန်တော်တို့ ကစားသွားရမှာပါ။ ဒဏ်ရာပြသနာတွေကြောင့် နိုင်ငံပွဲစဉ်တွေ အတွက် ကစားသမားတွေ စေလွှတ်ထားရတာကြောင့် ဆိုပြီး ပွဲရွေ့ဆိုင်းတာမျိုးတော့ မရှိသင့်ပါဘူး။

ကိုဗစ် နဲ့ ပက်သက်မှသာ ဒီလို ဆုံးဖြတ်ချက်ကို ချရမှာပါ။ အခြား အခြေအနေတွေကို ကြည့်ပြီး ဆုံးဖြတ်ချက် ချခဲ့တာကတော့ ရိုးရိုးသားသား ပြောရရင် ကျွန်တော့် ဘဝဟာ ဒါဟာ ပထမဦးဆုံး မြင်ဖူးခဲ့တာပါပဲ။ ဘောလုံး လောကမှာ ကျွန်တော် နောက်ထပ် အတွေ့အကြုံ တိုးသွားခဲ့ပါတယ်။ ဒါဟာ ဘာကြောင့် ထူးဆန်းတာလဲ ဆိုတော့ ပွဲရွေ့ဆိုင်းဖို့ဟာ အရာအားလုံးနဲ့ ဖြစ်နိုင်လို့ ဖြစ်ပါတယ်။” လို့ ဝေဖန်သွားပါတယ်။

အာဆင်နယ်ဟာ ဒီလို ပြသနာတွေကြားထဲကမှ မိတ်လန်းနိုင်းကို ရိုးမား၊ ဘာလိုဂန်ကို မစ်ဒယ်ဘရော့ နဲ့ ပါဘလိုမာရီ ကို အူဒီနီးစ်ထံ အငှားချသွားခဲ့ပြီး ဒီအတွက်ကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ ဆုံးဖြတ်ချက်ဟာ ပို ဝေဖန်စရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။