မန်ယူတို့ ကံကောင်းလွန်းလို့ ဘရန့်ဖို့ဒ်ကို နိုင်သွားတာလို့ မကျေမချမ်း ဆိုလိုက်တဲ့ သောမတ်စ် ဖရန့်
ဘရန့်ဖို့ဒ်အသင်း နည်းပြ သောမတ်စ် ဖရန့်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပေမယ့် မန်ယူအသင်းက ကံကောင်းလို့သာ သူတို့ ကို အနိုင်ရခဲ့တာပါလို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ ဘရန့်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်က သူတို့အသင်းဟာ ခြေစွမ်းပိုင်း ကောင်းခဲ့ရဲ့သားနဲ့ ရမှတ် ၁မှတ်မှ မရခဲ့တဲ့ အတွက် စိတ်ပျက်မိကြောင်းနဲ့ ဒီနေ့ပွဲဟာ သရေ ရလဒ် လောက် နဲ့သာ အဆုံးသတ်သင့်တဲ့ ပွဲတပွဲ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ဖရန့်က – “ဒီနေ့ပွဲနဲ့ ပတ်သတ်ပြီး အသင်းအတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့က အင်္ဂလန်ရဲ့ အသေးဆုံး အသင်းတသင်းပါ။ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ အင်္ဂလန်ရဲ့ အကြီးမားဆုံး အသင်းပဲ ဖြစ်ပါတယ်။
ဒီနေ့ပွဲရဲ့ ပထမပိုင်းမှာ ကစားခဲ့တဲ့ ကစားပုံကို ပြန်ကြည့်လိုက်ရင် ကျွန်တော်တို့က သူတို့အသင်းရဲ့ ကစားကွက်ကို တစစီ ဖြစ်အောင် ဖျက်ဆီးနိုင်ခဲ့တာကို မြင်ရမှာပါ။ ကျွန်တော်တို့က ပထမပိုင်းမှာတင် ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အသာရခဲ့သင့်ပါတယ်။ သူတို့ကတော့ ပထမပိုင်းမှာ ဘာမှ မလုပ်နိုင်ခဲ့ဘူး။
ကျွန်တော်တို့တွေ အခွင့်အရေး ၅ကြိမ် ၊ ၆ကြိမ်လောက် ဖန်တီးနိုင်ခဲ့တဲ့ အချိန်မှာ အပိုင် အခွင့်အရေးက ၃ကြိမ် အထိ ရခဲ့ပါတယ်။ ဒီနေ့ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် အမြင့်ဆုံး ရလဒ်က သရေပဲ ဖြစ်သင့်ပါတယ်။ သူတို့က တော်တော်လေးကို ကံကောင်းသွားတယ်ဗျာ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။
ထိုပွဲစဉ်ရဲ့ ပထမပိုင်းမှာ ဘရန့်ဖို့ဒ်အသင်းရဲ့ ခြေစွမ်းပိုင်းက အတော်လေးကို ကောင်းမွန်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂိုးသမား ဒေးဗစ် ဒီဂီယာသာ လက်စွမ်းမပြခဲ့ရင် ဒီပွဲရဲ့ အနိုင်ရလဒ်ဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ လက်ထဲကို ရောက်ရှိသွားနိုင်ပါတယ်။

ZG
ဘရန႔္ဖို႔ဒ္အသင္း နည္းျပ ေသာမတ္စ္ ဖရန႔္ကေတာ့ ယေန႔မနက္ အေစာပိုင္းမွာ ယွဥ္ၿပိဳင္ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ သူတို႔အသင္းဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ေပမယ့္ မန္ယူအသင္းက ကံေကာင္းလို႔သာ သူတို႔ ကို အႏိုင္ရခဲ့တာပါလို႔ ပြဲအၿပီးမွာ ေျပာၾကားသြားခဲ့ပါတယ္။
ပြဲအၿပီးမွာေတာ့ ဘရန႔္ဖို႔ဒ္အသင္းရဲ႕ နည္းျပျဖစ္သူ ဖရန႔္က သူတို႔အသင္းဟာ ေျခစြမ္းပိုင္း ေကာင္းခဲ့ရဲ႕သားနဲ႔ ရမွတ္ ၁မွတ္မွ မရခဲ့တဲ့ အတြက္ စိတ္ပ်က္မိေၾကာင္းနဲ႔ ဒီေန႔ပြဲဟာ သေရ ရလဒ္ ေလာက္ နဲ႔သာ အဆုံးသတ္သင့္တဲ့ ပြဲတပြဲ ျဖစ္ေၾကာင္း ေျပာၾကားသြားခဲ့ပါတယ္။
ဖရန႔္က – “ဒီေန႔ပြဲနဲ႔ ပတ္သတ္ၿပီး အသင္းအတြက္ ဂုဏ္ယူမိပါတယ္။ ကြၽန္ေတာ္တို႔က အဂၤလန္ရဲ႕ အေသးဆုံး အသင္းတသင္းပါ။ မန္ခ်က္စတာ ယူႏိုက္တက္အသင္း ကေတာ့ အဂၤလန္ရဲ႕ အႀကီးမားဆုံး အသင္းပဲ ျဖစ္ပါတယ္။
ဒီေန႔ပြဲရဲ႕ ပထမပိုင္းမွာ ကစားခဲ့တဲ့ ကစားပုံကို ျပန္ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔က သူတို႔အသင္းရဲ႕ ကစားကြက္ကို တစစီ ျဖစ္ေအာင္ ဖ်က္ဆီးႏိုင္ခဲ့တာကို ျမင္ရမွာပါ။ ကြၽန္ေတာ္တို႔က ပထမပိုင္းမွာတင္ ၂-၀ ဆိုတဲ့ ရလဒ္နဲ႔ အသာရခဲ့သင့္ပါတယ္။ သူတို႔ကေတာ့ ပထမပိုင္းမွာ ဘာမွ မလုပ္ႏိုင္ခဲ့ဘူး။
ကြၽန္ေတာ္တို႔ေတြ အခြင့္အေရး ၅ႀကိမ္ ၊ ၆ႀကိမ္ေလာက္ ဖန္တီးႏိုင္ခဲ့တဲ့ အခ်ိန္မွာ အပိုင္ အခြင့္အေရးက ၃ႀကိမ္ အထိ ရခဲ့ပါတယ္။ ဒီေန႔ပြဲမွာ မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ အျမင့္ဆုံး ရလဒ္က သေရပဲ ျဖစ္သင့္ပါတယ္။ သူတို႔က ေတာ္ေတာ္ေလးကို ကံေကာင္းသြားတယ္ဗ်ာ” လို႔ ထုတ္ေဖာ္ ေျပာဆိုသြားခဲ့တာပါ။
ထိုပြဲစဥ္ရဲ႕ ပထမပိုင္းမွာ ဘရန႔္ဖို႔ဒ္အသင္းရဲ႕ ေျခစြမ္းပိုင္းက အေတာ္ေလးကို ေကာင္းမြန္ခဲ့ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ ဂိုးသမား ေဒးဗစ္ ဒီဂီယာသာ လက္စြမ္းမျပခဲ့ရင္ ဒီပြဲရဲ႕ အႏိုင္ရလဒ္ဟာ ဘရန႔္ဖို႔ဒ္အသင္းရဲ႕ လက္ထဲကို ေရာက္ရွိသြားႏိုင္ပါတယ္။