အမ်ဘာပေ၊ ဆာဂျီနိုဒက်စ်၊ ဘာစီလိုနာကြယ်ပွင့် ဂါဗီ၊ လန်တေးနဲ့ ချဲလ်ဆီး အပြောင်းအရွှေ့ သတင်းများ
ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ ဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်အနေနဲ့ ဘာစီလိုနာမှာ ပျော်ရွှင်လျက်ရှိနေပြီး ဇန်နဝါရီမှာ အသင်းပြောင်းရွှ့မှာ မဟုတ်ကြောင်း သိရပါတယ်။ ချဲလ်ဆီးဟာ အစွန်နောက်ခံလူနေရာကိုဇန်နဝါရီမှာ အားဖြည့်ဖို့ စီစဉ်နေပေမဲ့ လက်ရှိအချိန်အထိ ကစားသမား ခေါ်မရဖြစ်နေတာပါ။
ချဲလ်ဆီး ကစားသမားဟောင်း ဖရန့်လီဘော်က ချဲလ်ဆီးအနေနဲ့ လာမဲ့ရာသီမှာ မန်စီးတီးကို လိုက်မှီပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူသင့်ကြောင်း၊ အမ်ဘာပေကို လာမဲ့နွေရာသီမှာ အလွတ်နဲ့ရနိုင်ကြောင်း၊ အမ်ဘာပေဟာ ချဲလ်ဆီးကို ခြားနားမှု ကြီးမားစေမှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ချဲလ်ဆီး ဂိုးသမားကီပါက မိမိတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ပြီး တိုးတက်အောင် ပြုလုပ်ရမှာဖြစ်ကြောင်း၊ သူတို့ အနေနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို တက်လှမ်းလိုတာကြောင့် အမှတ်များ ရရှိဖို့လိုအပ်ကြောင်း၊ သူတို့အနေနဲ့ တနင်္ဂနွေနေ့မှာ နောက်ထပ်ပွဲကြီးတစ်ပွဲ ယှဉ်ပြိုင်ရဦးမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ချဲလ်ဆီး တိုက်စစ်မှုး လူကာကူဟာ လောလောဆယ် ဂိုးပေါက်ပျောက်နေပေမယ့် နည်းပြ တူချယ်နဲ့ ထိပ်တိုက် တွေ့တာမျျိုး မလုပ်သမျှတော့ အကောင်းဆုံး ပုံစံ ပြန်ရဖို့ အခြေအနေကောင်း ရှိနေကြောင်း ဂျွန်ဘန်းစ်က သုံးသပ်ထားပါတယ်။

ချဲလ်ဆီး ကစားသမားဟောင်း ဂျိုလ်ကိုးက ကြယ်ပွင့်ဟောင်း လန်တေးနဲ့ ပတ်သက်ပြီး ချီးကျူးမှု ပြုလုပ်ခဲ့ပြီး မိမိအနေနဲ့ လန်တေးကို နည်းပြလုပ်ဆာင်ခဲ့ဖူးကြောင်း၊ လန်တေးဟာ အံ့အားသင့်ဖွယ်ကောင်းတဲ့လူငယ်ကစားသမားဖြစ်ကြောင်း၊ သူဟာ အလွန်ကြိုးပမ်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
လီဗာပူးနဲ့ ချဲလ်ဆီးတို့ဟာ ဘာစီလိုနာလူငယ်ကြယ်ပွင့် ဂါဗီကိုခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလျက်ရှိနေပါတယ်။ ၁၇ နှစ် အရွယ် ကြယ်ပွင့်ရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ယူရိုသန်း၅၀ သာရှိနေပြီး ၂၀၂၃ ခုနှစ်မှာစာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဘာစီလိုနာကလည်း သူ့ကို စာချုပ်တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေတာပါ။

ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်း ၃ သင်းထံကနေ ကမ်းလှမ်းမှုရရှိထားကြောင်း သိရပါတယ။် ဒါပေမဲ့ ခရစ္စတန်ဆန်အနေနဲ့ စတမ်းဖို့ဘရစ်ချ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်မယ်ဆိုရင်ပြင်ပလိဂ်ကိုသာ ရွေးချယ်မှာဖြစ်ပြီး ဘာစီလိုနာကို ပြောင်းဖို့ အနီးစပ်ဆုံးဖြစ်နေကြောင်းသတင်းတွေ ထွက်ပေါ်နေပါတယ်။