ပေါ့ဘာ မန်ယူကနေ ထွက်ခွာမယ် ဆိုတာ အတည်ပြု ပြောဆိုလိုက်တဲ့ နည်းပြ ရန်းနစ်

ပေါ့ဘာဟာ ဒီနွေမှာ စာချုပ်သက်တမ်းကုန်မှာဖြစ်ပြီး ယူနိုက်တက်ရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တဲ့နောက် ဒုတိယအကြိမ်အဖြစ် ဖရီးအေးဂျင့်အနေနဲ့ အသင်းကို စွန့်ခွာသွားတော့မှာပါ။

ပေါ့ဘာဟာ ဒဏ်ရာကနေ ပြန်ကောင်းလာဖို့ နီးစပ်နေပြီဖြစ်ပြီး စာချုပ်သက်တမ်းကုန်ရင် အသင်းကနေ ထွက်ခွာမှာ ဖြစ်ပေမယ့် အခု သူ့ကို ကစားချိန်တွေ ပေးသွားမှာဖြစ်ကြောင်း ရန်းနစ်က ပြောပြခဲ့ပြီး ဒါမှသာ မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ ကမ်းလှမ်းမှုတွေ ရလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

“အသင်းကနေ ပေါ့ဘာ ထွက်ခွာတော့မယ်ဆိုတာ ဟုတ်ပါတယ်။ ကျွန်တော့်ရဲ့ နည်းပြစာချုပ်ကလဲ နွေရာသီမှာ သက်တမ်းကုန်မှာပဲ။ ဒါကြောင့် ကျွန်တော်တို့မှာ တူညီတဲ့ ရည်မှန်းချက်တွေရှိပါတယ်။ နောက်သုံးလေးလအတွင်း တတ်နိုင်သလောက် အောင်မြင်မှုတွေယူဖို့ ရည်မှန်းချက်ပါ။

ကျွန်တော့်အတွက် ကစားသမားတစ်ယောက်က စာချုပ်သက်တမ်း ကုန်မကုန်ဆိုတာ မေးခွန်းတစ်ခုမဟုတ်ဘူး။ တကယ့်မေးခွန်းက ဒီအသင်းရဲ့ အစိတ်အပိုင်းဖြစ်ဖို့ သူ့မှာ ဘယ်လောက် ပြင်းပြမှုရှိလဲဆိုတာပဲ။ သူ ကစားချင်စိတ် ရှိနေသေးသရွေ့ ကျွန်တော် သူ့ကို ကစားခိုင်းမှာပါ။ သူကလဲ ကစားချင်ပါတယ်။

သူက ဘယ်လိုကစားသမားမျိုး ဖြစ်နိုင်လဲဆိုတာ ယူနိုက်တက်ပရိသတ်တွေ၊ ဘုတ်အဖွဲ့နဲ့ တကမ္ဘာလုံးကိုပြသချင်တယ်။ ဒါကို လုပ်ဖို့ သူ့မှာ စိတ်အားထက်သန်မှုရှိနေရင် ကျွန်တော်က ဘာလို့ ချန်လှပ်ထားရမှာလဲ။ ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ။ ကစားသမားတွေက သူတို့ရဲ့ လက်ရှိအခြေအနေကို ဘယ်လိုကိုင်တွယ်သလဲဆိုတာနဲ့ ပတ်သက်ပြီး ကွဲပြားမှုရှိကြတယ်။

သူတို့က ပရော်ဖက်ရှင်နယ် နည်းလမ်း၊ ရည်မှန်းချက်ကြီးမားတဲ့ နည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းမယ်ဆိုရင် သူတို့တွေ စာချုပ်သက်တမ်း ကုန်ခါနီးပြီဆိုရင်တောင်မှ ကျွန်တော်က ကစားခွင့်ပေးဦးမှာပဲ”လို့ ရန်းနစ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZG

ေပါ့ဘာဟာ ဒီေႏြမွာ စာခ်ဳပ္သက္တမ္းကုန္မွာျဖစ္ၿပီး ယူႏိုက္တက္ရဲ႕ စာခ်ဳပ္သစ္ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တဲ့ေနာက္ ဒုတိယအႀကိမ္အျဖစ္ ဖရီးေအးဂ်င့္အေနနဲ႔ အသင္းကို စြန႔္ခြာသြားေတာ့မွာပါ။

ေပါ့ဘာဟာ ဒဏ္ရာကေန ျပန္ေကာင္းလာဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး စာခ်ဳပ္သက္တမ္းကုန္ရင္ အသင္းကေန ထြက္ခြာမွာ ျဖစ္ေပမယ့္ အခု သူ႔ကို ကစားခ်ိန္ေတြ ေပးသြားမွာျဖစ္ေၾကာင္း ရန္းနစ္က ေျပာျပခဲ့ၿပီး ဒါမွသာ မက္ဒရစ္ထံ ေျပာင္းေ႐ႊ႕ဖို႔ ကမ္းလွမ္းမႈေတြ ရလာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

“အသင္းကေန ေပါ့ဘာ ထြက္ခြာေတာ့မယ္ဆိုတာ ဟုတ္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ နည္းျပစာခ်ဳပ္ကလဲ ေႏြရာသီမွာ သက္တမ္းကုန္မွာပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔မွာ တူညီတဲ့ ရည္မွန္းခ်က္ေတြရွိပါတယ္။ ေနာက္သုံးေလးလအတြင္း တတ္ႏိုင္သေလာက္ ေအာင္ျမင္မႈေတြယူဖို႔ ရည္မွန္းခ်က္ပါ။

ကြၽန္ေတာ့္အတြက္ ကစားသမားတစ္ေယာက္က စာခ်ဳပ္သက္တမ္း ကုန္မကုန္ဆိုတာ ေမးခြန္းတစ္ခုမဟုတ္ဘူး။ တကယ့္ေမးခြန္းက ဒီအသင္းရဲ႕ အစိတ္အပိုင္းျဖစ္ဖို႔ သူ႔မွာ ဘယ္ေလာက္ ျပင္းျပမႈရွိလဲဆိုတာပဲ။ သူ ကစားခ်င္စိတ္ ရွိေနေသးသေ႐ြ႕ ကြၽန္ေတာ္ သူ႔ကို ကစားခိုင္းမွာပါ။ သူကလဲ ကစားခ်င္ပါတယ္။

သူက ဘယ္လိုကစားသမားမ်ိဳး ျဖစ္ႏိုင္လဲဆိုတာ ယူႏိုက္တက္ပရိသတ္ေတြ၊ ဘုတ္အဖြဲ႕နဲ႔ တကမာၻလုံးကိုျပသခ်င္တယ္။ ဒါကို လုပ္ဖို႔ သူ႔မွာ စိတ္အားထက္သန္မႈရွိေနရင္ ကြၽန္ေတာ္က ဘာလို႔ ခ်န္လွပ္ထားရမွာလဲ။ ဒါေပမယ့္ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ။ ကစားသမားေတြက သူတို႔ရဲ႕ လက္ရွိအေျခအေနကို ဘယ္လိုကိုင္တြယ္သလဲဆိုတာနဲ႔ ပတ္သက္ၿပီး ကြဲျပားမႈရွိၾကတယ္။

သူတို႔က ပေရာ္ဖက္ရွင္နယ္ နည္းလမ္း၊ ရည္မွန္းခ်က္ႀကီးမားတဲ့ နည္းလမ္းနဲ႔ ကိုင္တြယ္ေျဖရွင္းမယ္ဆိုရင္ သူတို႔ေတြ စာခ်ဳပ္သက္တမ္း ကုန္ခါနီးၿပီဆိုရင္ေတာင္မွ ကြၽန္ေတာ္က ကစားခြင့္ေပးဦးမွာပဲ”လို႔ ရန္းနစ္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။