ဒိုလေးစကား နားထောင်ကြ ဆိုတဲ့ ဆာဟာ၊ ဒီဂီယာရဲ့ မှတ်တမ်း၊ ဇာကာရီယာနဲ့ မန်ယူ ထူးခြား သတင်းများ

မန်ယူအနေနဲ့ ပစ်မှတ်ထားနေတဲ့ မိုချန်ဂလာဘတ်ချ် ကွင်းလယ်လူ ဇာကာရီယာကို ခေါ်ယူတော့မှာ မဟုတ်ကြောင်း ဂျာမနီကလာတဲ့သတင်းတွေအရ သိရပါတယ်။ ဂလာဘတ်ချ်အနေနဲ့ ဇာကာရီယာကို ပေါင် ၅ သန်းနဲ့သာ လက်လွှတ်မှာ ဖြစ်ပေမဲ့ မန်ယူဘက်က သူ့ကို စိတ်ဝင်စားခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ပေါလ် ပေါ့ဘာဟာ ရာသီကုန်ရင် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ကုန်ဆုံးပြီး စိတ်ကြိုက်ကလပ် အသင်း ရွေးနိုင်မှာ ဖြစ်ပေမယ့် အခုထိ သူ့အနာဂတ်ကို မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။ ယူနိုက်တက်ကလည်း ပေါ့ဘာကို သက်တမ်းတိုးဖို့ လက်မလျှော့သေးပါဘူး။

မန်ယူ ကစားသမားတွေအနေနဲ့ ဝါရင့် တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ စကားကို နားထောင်ပြီး သူ့နောက်လိုက်သင့်ကြောင်း၊ ကစားသမားတွေအတွက် ဝေဖန်မှုဆိုတာ ကြုံရစမြဲဖြစ်ကြောင်း၊ စီ ရော်နယ်ဒိုက မန်ယူ ကစားသမားတွေကို ကူညီပေးနိုင်သူဖြစ်ကြောင်း မန်ယူ တိုက်စစ်မှူးဟောင်း ဆာဟာက မှတ်ချက်ပြုခဲ့ပါတယ်။

လီဗာပူးဂန္ထဝင်ဟောင်း ဂျွန်ဘန်းစ်က ဗီလာကွင်းလယ်လူ မက်ဂျင်းဟာ မန်ယူအတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာမှာဖြစ်ကြောင်း သုံးသပ် မှတ်ချက်ပြုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဘာစီလိုနာအသင်းက အရောင်းစာရင်း တင်လိုက်ပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့ပါပြီ။ ဒါပေမဲ့ မန်ယူဟာ ဒမ်ဘီလီကိုဇန်နဝါရီမှာ ခေါ်နိုင်မှာ မဟုတ်ဘဲ အလွတ် ပြောင်းရွှေ့ကြေးနဲ့သာ ခေါ်နိုင်မှာပါ။

မန်ယူနိုက်တက်နဲ့ စပါးတို့ဟာ အဘာဒင်း ညာအစွန်လူ ကယ်ဗင်ရမ်ဆေးကို စောင့်ကြည့်နေပြီး အင်္ဂါနေ့က ရိန်းဂျားနဲ့ တဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်ဟာ ကင်းထောက်တွေ စေလွှတ်ခဲ့တယ်လို့သိရပါတယ်။

မန်ယူနည်းပြရန်နစ်ကတော့ သူ့ကစားကွက်မှာ ကွင်းလယ်လူ ဖာနန်ဒက်စ်အတွက် လိုက်ဖက်တဲ့နေရာကို ရှာတွေ့ခဲ့ပြီလို့ ယုံကြည်လျက် ရှိနေပါတယ်။ ဖာနန်ဒ်က်စ်ဟာ လွတ်လွတ်လပ်လပ် လှုပ်ရှား ကစားရင် ခြေစွမ်းပြတတ်သူဖြစ်ကြောင်း၊ ဖာနန်ဒက်စ်အနေနဲ့ နံပါတ် ၈ နေရာမှာ ကစားတာက ခြေစွမ်းပြနိုင်မှာဖြစ်ကြောင်း၊ ဒီနေရာက သူ့နဲ့လိုက်ဖက်ကြောင်း ရန်စ်က ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂိုးသမား ဒီဂီယာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ကာကွယ်မှု အများဆုံး ပြုလုပ်ထားတဲ့ ဂိုးသမား အဖြစ် ရပ်တည်နေပါတယ်။

ဒီဂီယာဟာ ဒီရာသီမှာ ကာကွယ်မှုပေါင်း အကြိမ် ၈၀ ပြုလုပ်ထားပြီး ဒါဟာ တခြား ဂိုးသမားတွေထက် အနည်းဆုံး ၁၀ ကြိမ် ပိုများနေတာပါ။ မန်စီးတီးဂိုးသမား အီဒါဆန်ကတော့ နောက်ဆုံး နှစ်ရာသီ အတွင်း ကာကွယ်မှု ၉၉ ကြိမ်သာ ပြုလုပ်ထားရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဂိုးသမား ဒိန်းဟန်ဒါဆန်အနေနဲ့ အသင်းကနေ ထွက်ခွာမယ်လို့ သတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ မန်ယူမှာပဲ ဆက်ရှိနေမှာ ဖြစ်တယ်လို့ သိရပါတယ်။

အာဆင်နယ် ကစားသမားဟောင်း ပီတစ်က မန်ယူမှာ မပျော်မရွှင်ဖြစ်နေတဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာနဲ့ တိုက်စစ်မှုး မာရှယ်လ်တို့အနေနဲ့ အသင်းကနေ ထွက်ခွာမှာဖြစ်ကြောင်း၊ မန်ယူနဲ့ ပေါ့ဂ်ဘာတို့အကြား ဆက်နွယ်မှုက ဖြတ်တောက် သွားခဲ့ပြီဖြစ်ပြီး သူ့အနာဂတ်ဟာ မန်ယူမှာ မရှိတော့ကြောင်း ဆိုခဲ့ပါတယ်။