ထရာအိုရေးကို ရတော့မယ့် စပါး၊ ဒမ်ဘီလီ၊ အာတီတာ အတွက် စာချုပ်သစ်နဲ့ နံနက်ခင်း အပြောင်းအရွှေ့ သတင်းများ
စပါးအသင်းဟာ ၀ုဗ် တောင်ပံ တိုက်စစ်ကစားသမား ထရာအိုရေးကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းဟာ ၎င်းတို့ နည်းပြ အာတီတာကို နောက်ထပ် သက်တမ်း ၂ နှစ် ထပ်မံတိုးမြှင့် စာချုပ် ချုပ်ဆို သွားဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ တူချယ်ကတော့ ဘာစီလိုနာအသင်းမှ ထွက်ခွါဖို့ ပြင်ဆင်နေတဲ့ တပည့်ဟောင်း ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ပြသနေကြောင်း သတင်းရရှိပါတယ်။

အာဆင်နယ်ကွင်းလယ်လူ သောမတ်ပါတေးကတော့ လီဗာပူးနဲ့ပွဲက အနီကတ်ပြစ်ဒဏ်အတွက် တောင်းပန်စကာိးဆိုခဲ့ပါတယ်။ သူ့အနေနဲ့ ဒီထက်ပိုပြီး ဥာဏ်ရှိခဲ့သင့်ကြောင်း၊ ဒီထက်ပိုပြီး ကြိုးပမ်းသွားမှာဖြစ်ကြောင်း ပါတေးက ဆိုခဲ့တာပါ။
လက်ရှိ စူပါလိဂ်မှာ ကစားနေတဲ့ ချဲလ်ဆီး ကွင်းလယ်လူဟောင်း အော်စတာကတော့ ၎င်းနဲ့ ဘာစီလိုနာ အသင်းကြား ပြောဆိုဆွေးနွေးမှုတွေ ရှိနေကြောင်း ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပြီ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ ရေးဗားပလိတ် အသင်းရဲ့ လူငယ်ကြယ်ပွင့်တိုက်စစ်မှူးလေး အယ်လ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အခြားအသင်းတွေနဲ့ အပြိုင်ကြိုးစားနေသလို ယခုအခါမှာတော့ ပေါင် ၂၁ သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သတင်းထွက်လာပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ တူချယ်ကတော့ လက်ရှိ လူကာကူရဲ့ အခြေအနေဟာ ဝေဖန်မှုတွေနဲ့ မလွှဲမသွေ ကြုံတွေ့ရမယ့် အနေအထားမျိုး အောက်ကို ရောက်ရှိနေကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၀က်ဖို့ဒ်နဲ့ နော့ဝှစ်ခ်ျတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ နော့ဝှစ်ခ်ျက အဝေးကွင်းမှာပဲ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။။ နော့ဝှစ်အတွက် ဂိုးတွေကို ဆာဂျန့်က နှစ်ဂိုးနဲ့ ကူကာက OG သွင်းယူပေးခဲ့တာပါ။
အာဆင်နယ်အသင်းနဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဆီမီးမှာ ပွဲထွက်ကစားခဲ့တဲ့ လူငယ်ဂိုးသမားလေး ကယ်လယ်ဟာကို လာမယ့် ဖိုင်နယ်မှာပါ ဆက်လက် ပွဲထုတ်သွားမှာ ဖြစ်ကြောင်း လီဗာပူးလ်နည်းပြ ကလော့ပ်က ကတိပေး ပြောဆို သွားခဲ့ပါတယ်။
အက်စ်တွန်ဗီလာအသင်းဟာ ၎င်းတို့ရဲ့ အဓိက ဂိုးသမားဖြစ်သူ မာတီနက်ဇ်ကို ၂၀၂၇ ခုနှစ်အထိ ကာလရှည် စာချုပ်သစ် ထပ်မံချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။