မန်ယူက ဝက်စ်ဟမ်းကို အနိုင်ရမှာ မဟုတ်ခြင်းကို ပြောပြပြီး ရလဒ်ပါ ခန့်မှန်းသွားတဲ့ အိုဝင်

ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၃ ပွဲတွေထဲက တစ်ပွဲအဖြစ် အဆင့် ၄ နေရာအတွက် အပြိုင် ကြိုးစားနေတဲ့ ကလပ်တွေထဲက နှစ်သင်းဖြစ်တဲ့ ယူနိုက်တက်နဲ့ ဝက်စ်ဟမ်းတို့ဟာ မန်ချက်စတာမှာ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

အဆိုပါပွဲ အတွက် နာမည်ကျော် တိုက်စစ်မှုးဟောင်း မိုက်ကယ်အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းချက်တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Manchester United v West Ham United

ဗီလာကို ၂ဂိုး အသာနဲ့ ဦးဆောင်ထားပြီးမှ အနိုင်မယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပွဲမှာတော့ ဘရန့်ဖို့ဒ်ကို အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူတို့က တိုက်စစ်လိုက်ပါတာ ကောင်းမွန်တဲ့ ပုံစံ တွေ့ရပါတယ်၊ ဒါပေမယ့် ခံစစ်မှာ ပြိုင်ဘက်ကို အခွင့်အရေးတွေ အများကြီးပေးနေတယ်။

ဒီဂီယာက ဒီတလော သီတင်းပတ်တွေမှာ လုံးဝ ပုံစံကောင်း ရနေပါတယ်။ ဒါပေမယ့် အရာရာ သူပဲ ကယ်တင်ပေးမယ်လို့ လုံးဝကြီး မှီခို အားထားနေလို့တော့ မရပါဘူး။

ဒေးဗစ်မိုယက်စ်က ပြီးခဲ့တဲ့အပတ် လိဒ်စ်ကို ရှုံးလိုက်လို့ အမျက်ထွက်နေပါလိမ့်မယ်။ ဝက်စ်ဟမ်းရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ တွန်းတင်နေတာက ဒီတလောမှာ အခြေမလှ ဖြစ်လာနေပါတယ်။ ဒိထက် ပိုပြီး ခြေချော်ဖို့လည်း သူတို့ အခွင့် မရှိတော့ဘူး။ အထူးသဖြင့် သူတို့ နိုင်နိုငေ်ခြ ရှိတဲ့ ပွဲတွေမှာ နိုင်မှ ရမှာပါ။

ဒီတပတ်မှာ ဝက်စ်ဟမ်းတို့ အရင်ပွဲရလဒ် အတွက် တုန့်ပြန်မှုတွေ မြင်ရမယ်လို့ ကျနော် ထင်တယ်။ ထူးထူးဆန်းဆန်းကတော့ သူတို့က အသင်းကြီးတွေနဲ့ တွေ့ရင် ပိုကောင်းနေတာပါ။ သူတို့ ကစားပုံနဲ့ ကိုက်ညီနေတာ မျိုးပေါ့။ ဒီပွဲကတော့ ၁-၁ သရေပဲ ကျမယ် ထင်တယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် ၁-၁ ဝက်စ်ဟမ်း