နောက်နှစ်မှာ ဟာလန်းက အာဆင်နယ် ဒါမှမဟုတ် ယူနိုက်တက် ရောက်မယ်လို့ လေမန်း ဟောကိန်းထုတ်

ဒေါ့မွန် တိုက်စစ် ကြယ်ပွင် ကစားသမား အာလင်း ဟာလန်းဟာ နောက်နှစ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းထဲကမှ တစ်သင်းသင်းဆီကို ပြောင်းရွှေ့လာနိုင်တယ်လို့ အာဆင်နယ် ဂိုးသမားဟောင်းကြီး လေမန်းက ပြောဆိုလိုက်ပါတယ်။

ဟာလန်းကို ဒီအသင်းတွေကိုလည်း ထိပ်တန်းအဆင့် ရောက်နိုင်အောင် တွန်းတင်ပေးနိုင်ဖွယ် ရှိနေတယ်လို့ မှတ်ချက်ပြု လေမန်းက ဆိုပါတယ်။

ဂျာမနီဂိုးသမားဟောင်းကြီး လေမန်းက ကစားသမားဘဝအတွင်းမှာ ဒေါ့မွန်၊ အာဆင်နယ် အသင်းတွေနဲ့ အတူ ကျင်လည်ခဲ့ဖူးသူဖြစ်ပါတယ်။

လေမန်းက “ဟာလန်းမှာက ထင်ပေါ်ကျော်ကြားတဲ့ အရာတွေ ရှိနှင့်နေပြီးသားပါ။ သူရဲ့အားကောင်းတဲ့ ကစားဟန်နဲ့ အရပ်အမောင်း မြင့်မားလွန်းမှုတွေပေါ့။ သေချာတာကတော့ သူအနေနဲ့ ညာခြေ အဆုံးသတ်ပိုင်းမှာတော့ ဒီထက်ပိုတိုးတတ်လာဖို့ လိုအပ်နေသေးတယ်။

ဒါပေမယ့် သူ့လို လူကောင်ကြီးမားတဲ့ ဘောလုံးသမားတစ်ယောက်က ဒီလောက်ထိ ပြေးလွှားကစားနိုင်တာ အရမ်း လျင်မြန်စွာ ကစားနိုင်တာကိုတော့ လုံးဝကို မမြင်တွေ့ဖူးဘူး။ သူက အခု ဒေါ့မွန်အသင်းမှာပဲ ဆက်လက်ရှိနေသေးတယ်။ သူသွားနိုင်လောက်တဲ့ ကလပ်အသင်းနဲ့ သူ့ဘက်ကနေ ခြားနားချက် ကြီးကြီးမားမား လုပ်ပေးနိုင်မယ့် ကလပ်အသင်းတွေကတော့ သိပ်များများစားစား မရှိနိုင်လောက်ဘူး။

ဟာလန်း အနေနဲ့ အာဆင်နယ် ဒါမှမဟုတ် မန်ချက်စတာယူနိုက်တက်ထဲက တစ်သင်းသင်းဆီလည်း ပြောင်းရွှေ့သွားနိုင်ပါတယ်။ အဲ့ဒီမှာဆိုရင်တော့ သူအနေနဲ့ ဒီအသင်းတွေကို ထိပ်တန်းအဆင့်ထိ ပြန်ရောက်နိုင်အောင် ကူညီပေးနိုင်လိမ့်မယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

အသက်(၂၁)နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်ကစားသမား ဟာလန်းဟာ ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်သလို အသင်းအတွက် ပြိုင်ပွဲစုံ(၆၉)ပွဲ ပါဝင်ကစားထားပြီးနောက်မှာ သွင်းဂိုးစုစုပေါင်း (၇၀)အထိလောက်ကို သွင်းယူထားနိုင်ပါတယ်။

ဒါပေမယ့် လာမယ့် ၂၀၂၂ခုနှစ်မှာ သူရဲ့စာချုပ်လျော်ကြေး တန်ကြေးဖြစ်တဲ့ ပေါင်(၆၄)သန်းက စတင် သက်ရောက်တော့မှာဖြစ်လို့ ကလပ်အသင်းတိုင်းက ဟာလန်းကို အပြိုင်အဆိုင် ချိန်ရွယ်နေကြပါတယ်။

Zawgyi

ေဒါ့မြန္ တိုက္စစ္ ၾကယ္ပြင္ ကစားသမား အာလင္း ဟာလန္းဟာ ေနာက္နွစ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေစ်းကြက္အတြင္းမွာ အာဆင္နယ္အသင္းနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းထဲကမွ တစ္သင္းသင္းဆီကို ေျပာင္းေ႐ႊ႕လာႏိုင္တယ္လို႔ အာဆင္နယ္ ဂိုးသမားေဟာင္းၾကီး ေလမန္းက ေျပာဆိုလိုက္ပါတယ္။

ဟာလန္းကို ဒီအသင္းေတြကိုလည္း ထိပ္တန္းအဆင့္ ေရာက္ႏိုင္ေအာင္ တြန္းတင္ေပးႏိုင္ဖြယ္ ရွိေနတယ္လို႔ မွတ္ခ်က္ျပဳ ေလမန္းက ဆိုပါတယ္။

ဂ်ာမနီဂိုးသမားေဟာင္းႀကီး ေလမန္းက ကစားသမားဘဝအတြင္းမွာ ေဒါ့မြန္၊ အာဆင္နယ္ အသင္းေတြနဲ႕ အတူ က်င္လည္ခဲ့ဖူးသူျဖစ္ပါတယ္။

ေလမန္းက “ဟာလန္းမွာက ထင္ေပၚေက်ာ္ၾကားတဲ့ အရာေတြ ရွိႏွင့္ေနၿပီးသားပါ။ သူရဲ႕အားေကာင္းတဲ့ ကစားဟန္နဲ႔ အရပ္အေမာင္း ျမင့္မားလြန္းမႈေတြေပါ့။ ေသခ်ာတာကေတာ့ သူအေနနဲ႔ ညာေျခ အဆုံးသတ္ပိုင္းမွာေတာ့ ဒီထက္ပိုတိုးတတ္လာဖို႔ လိုအပ္ေနေသးတယ္။

ဒါေပမယ့္ သူ႔လို လူေကာင္ႀကီးမားတဲ့ ေဘာလုံးသမားတစ္ေယာက္က ဒီေလာက္ထိ ေျပးလႊားကစားႏိုင္တာ အရမ္း လ်င္ျမန္စြာ ကစားႏိုင္တာကိုေတာ့ လုံးဝကို မျမင္ေတြ႕ဖူးဘူး။ သူက အခု ေဒါ့မြန္အသင္းမွာပဲ ဆက္လက္ရွိေနေသးတယ္။ သူသြားႏိုင္ေလာက္တဲ့ ကလပ္အသင္းနဲ႔ သူ႔ဘက္ကေန ျခားနားခ်က္ ႀကီးႀကီးမားမား လုပ္ေပးႏိုင္မယ့္ ကလပ္အသင္းေတြကေတာ့ သိပ္မ်ားမ်ားစားစား မရွိႏိုင္ေလာက္ဘူး။

ဟာလန္း အေနနဲ႔ အာဆင္နယ္ ဒါမွမဟုတ္ မန္ခ်က္စတာယူႏိုက္တက္ထဲက တစ္သင္းသင္းဆီလည္း ေျပာင္းေ႐ႊ႕သြားႏိုင္ပါတယ္။ အဲ့ဒီမွာဆိုရင္ေတာ့ သူအေနနဲ႔ ဒီအသင္းေတြကို ထိပ္တန္းအဆင့္ထိ ျပန္ေရာက္ႏိုင္ေအာင္ ကူညီေပးႏိုင္လိမ့္မယ္” လို႔ သုံးသပ္ေျပာဆိုသြားခဲ့ပါတယ္။

အသက္(၂၁)ႏွစ္ အရြယ္ ေနာ္ေဝလက္ေ႐ြးစင္ တိုက္စစ္ကစားသမား ဟာလန္းဟာ ေဒါ့မြန္အသင္းရဲ႕ အဓိက ကစားသမားတစ္ေယာက္ျဖစ္သလို အသင္းအတြက္ ၿပိဳင္ပြဲစုံ(၆၉)ပြဲ ပါဝင္ကစားထားၿပီးေနာက္မွာ သြင္းဂိုးစုစုေပါင္း (၇၀)အထိေလာက္ကို သြင္းယူထားႏိုင္ပါတယ္။

ဒါေပမယ့္ လာမယ့္ ၂၀၂၂ခုႏွစ္မွာ သူရဲ႕စာခ်ဳပ္ေလ်ာ္ေၾကး တန္ေၾကးျဖစ္တဲ့ ေပါင္(၆၄)သန္းက စတင္ သက္ေရာက္ေတာ့မွာျဖစ္လို႔ ကလပ္အသင္းတိုင္းက ဟာလန္းကို အၿပိဳင္အဆိုင္ ခ်ိန္ရြယ္ေနၾကပါတယ္။