ဇန်နဝါရီ အပြောင်းအရွှေ့မှာ မန်စီးတီးတို့ ကစားသမားသစ် စတင် ခေါ်ယူလိုက်ပါပြီ
မန်စီးတီးအသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ဂျူလီယန် အယ်ဗာရက်ဇ်ကို ရေးဗားပလိတ်ကနေ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်နဲ့ အာဂျင်တီးနားက သတင်းတွေအရ မန်စီးတီးဟာ ၂၁နှစ်သားကို ခေါ်ယူဖို့ ပေါင် ၁၅ သန်း သုံးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ နိုဝင်ဘာလက ရေးဗားပလိတ်ကို ၇နှစ်အတွင်း ပထမဆုံး အာဂျင်တီးနားလိဂ်ဖလား ရယူပေးခဲ့တဲ့ အယ်ဗာရက်ဇ်ဟာ စီးတီးကို ချက်ချင်းပြောင်းဦးမှာ မဟုတ်ပဲ နွေရာသီမှ ပြောင်းလာမယ်လို့ ခန့်မှန်းထားပါတယ်။

အာဂျင်တီးနားသတင်းစာ Ole ရဲ့ ဖော်ပြချက်အရ မန်စီးတီးဟာ ရေးဗားပလိတ်ကို ပေါင် ၁၅သန်းပေးဖို့ သဘောတူထားပေမဲ့ အယ်ဗာရက်ဇ်တစ်ယောက် အစောဆုံး ဇွန်လထိ အာဂျင်တီးနားမှာပဲ ရှိနေမယ်လို့ ဆိုထားပါတယ်။
အယ်ဗာရက်ဇ်အနေနဲ့ ၂၀၂၂ခုနှစ် တစ်နေရာသီလုံးတောင် ရေးဗားပလိတ်မှာ ဆက်နေနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိနေပြီး အသင်းနဲ့အတူ ကိုပါလေဘာတေးဒိုဖလား၊ အာဂျင်တီးနားနဲ့သက်ဆိုင်တဲ့ ချန်ပီယံလိဂ်တို့မှာ ကစားပေးချင်သေးတယ်လို့ ဆိုထားပါတယ်။
အယ်ဗာရက်ဇ်ဟာ ယမန်နှစ်ရာသီက ရေးဗားပလိတ်အတွက် ၁၈ဂိုးသွင်းကာ လိဂ်မှာ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့သလို အသင်းကိုလည်း ၂၀၁၄ခုနှစ်နောက်ပိုင်း ပထမဆုံး လိဂ်ဖလားယူပေးခဲ့ပါတယ်။
အယ်ဗာရက်ဇ်ဟာ ကိုပါအမေရိကဖလား ဆွတ်ခူးခဲ့တဲ့ အာဂျင်တီးနားအသင်းမှာလည်း ပါဝင်ခဲ့ပေမဲ့ ပွဲကစားခွင့်ကတော့ အကန့်အသတ် ရှိခဲ့ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်ကောင်းတွေကြောင့် အင်တာမီလန်၊ ယူနိုက်တက်တို့လို အသင်းကြီးတွေက စိတ်ဝင်စားခဲ့ကြပေမဲ့ မန်စီးတီးက လက်ဦးမှု ရယူကာ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဖာရန်တောရက်စ်ကို ဘာစီလိုနာထံ ရောင်းချလိုက်ပြီးနောက် တိုက်စစ်ကစားသမား၁ဦး ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။ ယခုအချိန်မှာ ဖာရန်တောရက်စ်နဲ့ အသက်အရွယ်ချင်းတူတဲ့ အယ်ဗာရက်ဇ်အတွက် ငွေကြေး အနည်းငယ် အသုံးပြုခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ZG
မန္စီးတီးအသင္းဟာ အာဂ်င္တီးနားတိုက္စစ္မႉး ဂ်ဴလီယန္ အယ္ဗာရက္ဇ္ကို ေရးဗားပလိတ္ကေန ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ၿပီ ျဖစ္ပါတယ္။ အဂၤလန္နဲ႔ အာဂ်င္တီးနားက သတင္းေတြအရ မန္စီးတီးဟာ ၂၁ႏွစ္သားကို ေခၚယူဖို႔ ေပါင္ ၁၅ သန္း သုံးခဲ့တယ္လို႔ သိရပါတယ္။
ဒါေပမဲ့ ႏိုဝင္ဘာလက ေရးဗားပလိတ္ကို ၇ႏွစ္အတြင္း ပထမဆုံး အာဂ်င္တီးနားလိဂ္ဖလား ရယူေပးခဲ့တဲ့ အယ္ဗာရက္ဇ္ဟာ စီးတီးကို ခ်က္ခ်င္းေျပာင္းဦးမွာ မဟုတ္ပဲ ေႏြရာသီမွ ေျပာင္းလာမယ္လို႔ ခန႔္မွန္းထားပါတယ္။
အာဂ်င္တီးနားသတင္းစာ Ole ရဲ႕ ေဖာ္ျပခ်က္အရ မန္စီးတီးဟာ ေရးဗားပလိတ္ကို ေပါင္ ၁၅သန္းေပးဖို႔ သေဘာတူထားေပမဲ့ အယ္ဗာရက္ဇ္တစ္ေယာက္ အေစာဆုံး ဇြန္လထိ အာဂ်င္တီးနားမွာပဲ ရွိေနမယ္လို႔ ဆိုထားပါတယ္။
အယ္ဗာရက္ဇ္အေနနဲ႔ ၂၀၂၂ခုႏွစ္ တစ္ေနရာသီလုံးေတာင္ ေရးဗားပလိတ္မွာ ဆက္ေနႏိုင္တယ္လို႔ ေျပာဆိုမႈေတြ ရွိေနၿပီး အသင္းနဲ႔အတူ ကိုပါေလဘာေတးဒိုဖလား၊ အာဂ်င္တီးနားနဲ႔သက္ဆိုင္တဲ့ ခ်န္ပီယံလိဂ္တို႔မွာ ကစားေပးခ်င္ေသးတယ္လို႔ ဆိုထားပါတယ္။
အယ္ဗာရက္ဇ္ဟာ ယမန္ႏွစ္ရာသီက ေရးဗားပလိတ္အတြက္ ၁၈ဂိုးသြင္းကာ လိဂ္မွာ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္ခဲ့သလို အသင္းကိုလည္း ၂၀၁၄ခုႏွစ္ေနာက္ပိုင္း ပထမဆုံး လိဂ္ဖလားယူေပးခဲ့ပါတယ္။
အယ္ဗာရက္ဇ္ဟာ ကိုပါအေမရိကဖလား ဆြတ္ခူးခဲ့တဲ့ အာဂ်င္တီးနားအသင္းမွာလည္း ပါဝင္ခဲ့ေပမဲ့ ပြဲကစားခြင့္ကေတာ့ အကန႔္အသတ္ ရွိခဲ့ပါတယ္။ အဆိုပါ စြမ္းေဆာင္ရည္ေကာင္းေတြေၾကာင့္ အင္တာမီလန္၊ ယူႏိုက္တက္တို႔လို အသင္းႀကီးေတြက စိတ္ဝင္စားခဲ့ၾကေပမဲ့ မန္စီးတီးက လက္ဦးမႈ ရယူကာ ေခၚယူသြားခဲ့တာ ျဖစ္ပါတယ္။
မန္စီးတီးအသင္းဟာ ဖာရန္ေတာရက္စ္ကို ဘာစီလိုနာထံ ေရာင္းခ်လိုက္ၿပီးေနာက္ တိုက္စစ္ကစားသမား၁ဦး ရွာေဖြေနခဲ့တာ ျဖစ္ပါတယ္။ ယခုအခ်ိန္မွာ ဖာရန္ေတာရက္စ္နဲ႔ အသက္အ႐ြယ္ခ်င္းတူတဲ့ အယ္ဗာရက္ဇ္အတြက္ ေငြေၾကး အနည္းငယ္ အသုံးျပဳခဲ့တယ္လို႔ ယုံၾကည္ရပါတယ္။