တကိုယ်ကောင်း ဆန်လွန်းတယ် လို့ ရှယ် အပြောခံနေရတဲ့ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ကတော့ ညက ဝက်စ်ဟမ်းနဲ့ပွဲစဉ် ပထမပိုင်းမှာ တကိုယ်ကောင်းဆန်တဲ့ ကစားပုံကို ပြသခဲ့တယ်ဆိုကာ ပရိသတ်တွေရဲ့ ပြစ်တင်မှုကို ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ အသင်းအတွက် ပုံမှန်ကစားခွင့်ရနေသူဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ရော်နယ်ဒိုနဲ့ တွဲဖက် ကစားနေရတာလည်းဖြစ်ပါတယ်။

မနေ့က ကစားခဲ့တဲ့ပွဲမှာတော့ ဂရင်းဝုဒ်ဟာ ဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကို လက်ခံရရှိခဲ့ပြီးနောက် ကိုယ်တိုင် ကန်သွင်းယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်မှာ ရော်နယ်ဒိုက ဧရိယာအတွင်း လူကပ်ခံထားရခြင်းမရှိဘဲ လွတ်လွတ် ကျွတ်ကျွတ် ဖြစ်နေခဲ့ကာ သူ့ဆီကို ဘောလုံးပေးပို့ခဲ့ပါက ဂိုးရနိုင်တဲ့ အခွင့်အရေးပိုကောင်းမှာဖြစ်ပေမယ့် ဂရင်းဝုဒ်က လူကပ်ခံထားရတဲ့ အနေအထားမှာ ကိုယ်တိုင်ကန်သွင်းခဲ့ပြီး ဂိုးမရခဲ့ဘဲဖြစ်ခဲ့ပါတယ်။

သူ့ကို ဘောလုံးထိုးမပေးခဲ့လို့ ရော်နယ်ဒိုကိုယ်တိုင်လည်း ဒေါသထွက်ခဲ့ပြီး သူ့လက်တွေကို မြှောက်ကာ အမူအယာနဲ့ ပြသခဲ့ပါတယ်။ ထိုအချိန်မှာ မန်ယူ ပရိသတ်တွေကလည်း ဂရင်းဝုဒ်အနေနဲ့ ရော်နယ်ဒိုကို ပေးသင့်ခဲ့တယ်လို့ ယူဆခဲ့ပြီး ကစားသမားရဲ့ တကိုယ်ကောင်းဆန်မှုအပေါ် အပြစ်တင်ခဲ့ကြပြီး အသင်းအတွက်ကစားပေးဖို့တောင် မထိုက်တန်တော့ဘူး လို့ ဝေဖန်နေကြပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်က ဂရင်းဝုဒ်အတွက် ဖန်တီးပေးခဲ့မှုနဲ့ပတ်သက်ပြီးလည်း ပြန်လည် ခိုင်းနှိုင်း ခံနေခဲ့ရကာ အသင်းဖော်တွေဆီကနေ အတုယူသင့်တယ်လို့လည်း ထောက်ပြခံခဲ့ရပါတယ်။

အမှန်တကယ်လည်း အင်္ဂလန်သား တိုက်စစ်မှူးဟာ ရော်နယ်ဒိုကို ပေးခဲ့သင့်တာဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှု၊ ဂိုးရလိုဇောများနေမှုတွေက မန်ချက်စတာ ယူနိုက်တက် အတွက် နစ်နာစေခဲ့ပါတယ်။

ZG

မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉး ေမဆန္ ဂရင္း၀ုဒ္ကေတာ့ ညက ဝက္စ္ဟမ္းနဲ႔ပြဲစဥ္ ပထမပိုင္းမွာ တကိုယ္ေကာင္းဆန္တဲ့ ကစားပုံကို ျပသခဲ့တယ္ဆိုကာ ပရိသတ္ေတြရဲ႕ ျပစ္တင္မႈကို ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

အသက္ ၂၀ အ႐ြယ္ တိုက္စစ္မႉးဟာ အသင္းအတြက္ ပုံမွန္ကစားခြင့္ရေနသူျဖစ္ၿပီး တိုက္စစ္ပိုင္းမွာ ေရာ္နယ္ဒိုနဲ႔ တြဲဖက္ ကစားေနရတာလည္းျဖစ္ပါတယ္။

မေန႔က ကစားခဲ့တဲ့ပြဲမွာေတာ့ ဂရင္း၀ုဒ္ဟာ ဖာနန္ဒက္စ္ရဲ႕ ေပးပို႔မႈကို လက္ခံရရွိခဲ့ၿပီးေနာက္ ကိုယ္တိုင္ ကန္သြင္းယူဖို႔ ၾကိဳးစားခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ ေရာ္နယ္ဒိုက ဧရိယာအတြင္း လူကပ္ခံထားရျခင္းမရွိဘဲ လြတ္လြတ္ ကြၽတ္ကြၽတ္ ျဖစ္ေနခဲ့ကာ သူ႔ဆီကို ေဘာလုံးေပးပို႔ခဲ့ပါက ဂိုးရႏိုင္တဲ့ အခြင့္အေရးပိုေကာင္းမွာျဖစ္ေပမယ့္ ဂရင္း၀ုဒ္က လူကပ္ခံထားရတဲ့ အေနအထားမွာ ကိုယ္တိုင္ကန္သြင္းခဲ့ၿပီး ဂိုးမရခဲ့ဘဲျဖစ္ခဲ့ပါတယ္။

သူ႔ကို ေဘာလုံးထိုးမေပးခဲ့လို႔ ေရာ္နယ္ဒိုကိုယ္တိုင္လည္း ေဒါသထြက္ခဲ့ၿပီး သူ႔လက္ေတြကို ေျမႇာက္ကာ အမူအယာနဲ႔ ျပသခဲ့ပါတယ္။ ထိုအခ်ိန္မွာ မန္ယူ ပရိသတ္ေတြကလည္း ဂရင္း၀ုဒ္အေနနဲ႔ ေရာ္နယ္ဒိုကို ေပးသင့္ခဲ့တယ္လို႔ ယူဆခဲ့ၿပီး ကစားသမားရဲ႕ တကိုယ္ေကာင္းဆန္မႈအေပၚ အျပစ္တင္ခဲ့ၾကၿပီး အသင္းအတြက္ကစားေပးဖို႔ေတာင္ မထိုက္တန္ေတာ့ဘူး လို႔ ေဝဖန္ေနၾကၿပီျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဘရန႔္ဖို႔ဒ္နဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္က ဂရင္း၀ုဒ္အတြက္ ဖန္တီးေပးခဲ့မႈနဲ႔ပတ္သက္ၿပီးလည္း ျပန္လည္ ခိုင္းႏႈိင္း ခံေနခဲ့ရကာ အသင္းေဖာ္ေတြဆီကေန အတုယူသင့္တယ္လို႔လည္း ေထာက္ျပခံခဲ့ရပါတယ္။

အမွန္တကယ္လည္း အဂၤလန္သား တိုက္စစ္မႉးဟာ ေရာ္နယ္ဒိုကို ေပးခဲ့သင့္တာျဖစ္ၿပီး သူ႔ရဲ႕ ဆုံးျဖတ္ခ်က္မွားယြင္းမႈ၊ ဂိုးရလိုေဇာမ်ားေနမႈေတြက မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ နစ္နာေစခဲ့ပါတယ္။