လင်ဂတ် နယူးကာဆယ်၊ ဟာလန်း မလာချင်တဲ့ အကြောင်းရင်း၊ ဒီကလန်ရိုက်စ်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ

နယူးကာဆယ်ဂန္ထဝင်တိုက်စစ်မူှးဟောင်း အလန်ရှီးယားက သူ့အသင်းဟောင်းအနေနဲ့ မန်ယူတိုက်စစ် ကစားသမား လင်ဂတ်ကို အရခေါ်ယူသင့်ကြောင်း၊ လင်ဂတ်ဟာ ကစားသမားကောင်းဖြစ်ပြီး နယူးကာဆယ်ကိုများစွာ ကူညီပေးနိုင်မဲ ကစားသမားဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

မန်ယူတိုက်စစ်မူှး ရက်ဖို့ဒ်က ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ သူ့ရဲ့ နောက်ကျသွင်းဂိုးဟာ လူမကျွံ့ဘူးလို့ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။

ကာဗာနီက သူ့ဆီကို လှမ်းပေးတဲ့ အနေအထားက လူမကျွံ့သလို မာရှယ်လ်နဲ့ ကာဗာနီတို့အနေအထားကလည်း လူကျွံ့တယ်လို့ မထင်ကြောင်း၊ နောက်ဆုံးမိနစ်မှာ ဂိုးသွင်းနိုင်တဲ့အပေါ် ဝမ်းမြောက်မိကြောင်း ရက်ဖိုဒ်က ဖွင့်ဟခဲ့ပါတယ်။

ဝက်စ်ဟမ်းကွင်းလယ်လူ ဒီလန်ရိုက်က အိုးထရက်ဖို့ဒ်ဟာ အံ့အားသင့်စရာကွင်းတွေထဲက တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ သူ့အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ကစားရတာ နှစ်သက်မိကြောင်း၊ အိုးထရက်ဖို့ဒ်ကို လာကစားတိုင်းအမြဲတမ်း ကျေနပ်မိကြောင်း ဆိုခဲ့ပါတယ်။

ဒေါ့မွန်တိုက်စစ်မူှး ဟာလန်းဟာ မန်ယူနည်းပြရန်နစ်ကို လေးစားပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မသေချာတဲ့ အနေ အထားကြောင့် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့မှာ မဟုတ်ကြောင်း သိရပါတယ်။ ဟာလန်းအနေနဲ့ ရီးရဲမက်ဒရစ်ကိုသာ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားဟောင်းဂျိုလ်ကိုးက ဖရက်ဒ်နဲ့ တွမ်မီနေးတို့ကွင်းလယ်အတွဲဟာ မန်ယူအတွက် မလုံလောက်ဘူးလို့ ဆိုလိုက်ပြီး မိမိအနေနဲ့ တွမ်မီနေးကို ကြိုက်နှစ်သက်ပေမယ့် မန်ယူကွင်းလယ်ဟာ ခြားနားတဲ့ ကစားသမားတစ်ဦးကို လိုအပ်နေကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း အီယန်ရိုက်က ဝက်စ်ဟမ်းအနေနဲ့ နောက်ဆုံးမိနစ်မှာ ဂိုးပေးလိုက်ရတဲ့ခြင်းအတွက် VAR အစားကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်သင့်ကြောင်း၊ ဘိုဝင်အနေနဲ့ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်ခဲ့သင့်ကြောင်း ဝေဖန်ခဲ့ပါတယ်။

မန်ယူနည်းပြရန်နစ်က သူ့အနေနဲ့ လွန်ခဲ့တဲ့ တစ်ပတ်ခွဲလောက်က တိုက်စစ်မူှးမာရှယ်လ်နဲ့ နောက်ဆုံးအကြိမ် စကားပြောဖြစ်ကြောင်း၊ အသင်းမှာ နောက်ဆုံးနေ့ရက်အထိ ပရော်ဖက်ရှင်နယ်ဆန်ဖို့ မာရှယ်လ်ကိုတိုက်တွန်းခဲ့ကြောင်း၊ ဝက်စ်ဟမ်းနဲ့ပွဲမှာ မာရှယ်လ်ဟာ အရေးပါတဲ့ နေရာကပါဝင်ခဲ့ပြီး အခွင့်အရေးတွေ ဖန်တီးပေးခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။