ပါပီဆစ်ဆီ၊ အူဘာမီးယန်း၊ ဒူဘိုင်းသို့ လေ့ကျင့်ရေး၊ ထပ်ချီးကျူးခံရတဲ့ မာတင်နယ်လီနဲ့ အာဆင်နယ် သတင်းများ

အာဆင်နယ်နည်းပြ အာတီတာက ဘန်လေနဲ့သရေကျခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်လူ လိုကွန်ဂါကို ချီးကျူးခဲ့ပြီး လိုကွန်ဂါဟာ တိုးတက်လာခဲ့ပြီ ဖြစ်ကြောင်း၊ သူဟာ တဖြည်းဖြည်း ပိုကောင်းလာနေပြီး ကောင်းမွန်တဲ့ပွဲတစ်ပွဲကို ကစားခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဆောင်းရာသီအားလပ်ရက်မှာ အင်္ဂလန်ကနေ ထွက်ခွာပြီး ဒူဘိုင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်မှာ ဖြစ်ကြောင်း ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။ အာဆင်နယ်က လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲပျောက်ပြီး ရလဒ်တွေ ဆိုးရွားနေပါတယ်။

အာဆင်နယ် တောင်ပံကစားသမား ပီပီက အသင်းဖော်တိုက်စစ်မှူးအူဘာမီယန်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး “ကျွန်တော် မသိပါဘူး။ သူ ဆက်နေမယ်လို့ ထင်ရပေမဲ့ ဘာဖြစ်လာမလဲဆိုတာတော့ သေချာမသိဘူး” လို့ ဖွင့်ဟခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ အိုလံပီယာကော့စ်နောက်ခံလူ ပါပီဆစ်စီကို ခေါ်ယူဖို့အတွက် အာဆင်နယ်နဲ့ အပြိုင် ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။ အသက်၂၆ နှစ် အရွယ်နောက်ခံလူဟာ လက်ရှိကျင်းပလျက်ရှိနေတဲ အာဖရိဖလားပြိုင်ပွဲမှာ ဆီနီဂေါနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားတာပါ။

အာဆင်နယ် နောက်ခံလူ တိုမီယာဆုအနေနဲ့ ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ် အနားယူရဦးမှာဖြစ်ကြောင်း သိရပါတယ်။ တိုမီယာဆုဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်နေရပြီး လီဗာပူးနဲ့ပွဲမှာ ပါဝင်ကစားပြီးနောက် ဒဏ်ရာပြန်ရခဲ့တာပါ။

လန်ဒန်မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်းဟာ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ အဲဗာတန်တိုက်စစ်မူှး ကဲလ်ဗတ် လီဝင်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းလာခဲ့ပြီ ဖြစ်ပါတယ်။

နည်းပြ အာတီတာကတော့ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ဖီအိုရင်တီးနားတိုက်စစ်မူှး ဗလာဟိုဗစ်နဲ့ ဂျူဗင်တပ် ကွင်းလယ်လူ အာသာတို့နဲ့ ပတ်သက်ပြီး အားလျော့စကား ဆိုခဲ့ပါတယ်။

အာတီတာက ဇန်နဝါရီအပြောင်းအရွှေ့မှာ အကောင်းဆုံး ကြိုးပမ်းနေပေမဲ့ ကစားသမားသစ် ခေါ်နိုင်မလားဆိုတာ မသေချာကြောင်း၊ ဇန်နဝါရီေ ဈေးကွက်ဟာ ရှုပ်ထွေးမှုတွေ ရှိကြောင်း အာတီတာက ဆိုခဲ့ပါတယ်။

လီဗာပူးနည်းပြကလော့ကတော့ အာဆင်နယ် တိုက်စစ်မူှး မာတင်နယ်လီကို ထပ်လောင်းချီးကျူးမှု ပြုလုပ်ခဲ့ပြီး တကယလို့ မာတင်နယ်လီအနေနဲ့ ဒဏ်ရာပြဿနာကြီးကြီးမားမား မရှိဘူးဆိုရင်တောက်ပလာမှာဖြစ်ကြောင်း၊ မာတင်နယ်လီဟာ ပြိုင်ဘက်နောက်တန်းကို များစွာ အလုပ်ရှုပ်စေသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။