ကွင်းလယ် ပစ်မှတ် ဘစ်ဆိုမာ၊ မက်ဂင်၊ လင်ဂတ်ကို အပီကြိုးစားမယ့် ကာဆယ်နဲ့ မန်ယူ အပြောင်းအရွှေ့ သတင်းများ
မန်ယူနည်းပြရန်နစ်က မန်ယူနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ သရေရလဒ်ဟာ နှစ်သင်းစလုံးအတွက် မျှတကြောင်း ပြောကြားခဲ့တဲ့ ဒီလန်ရိုက်ရဲ့ ဖွင့်ဟချက်ကို လက်မခံခဲ့ပါဘူး။ ရန်နစ်က မိမိတို့အနေနဲ့ နိုင်ပွဲနဲ့ထိုက်တန်ခဲ့ကြောင်း၊ နောက်ဆုံးစက္ကန့်မှာ အနိုင်ရတာက ကောင်းမွန်မှုရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဝက်စ်ဟမ်း ပရိသတ် ၄ ဦးဟာ စနေနေ့ အိုးထရက်ဖို့ဒ် က ပွဲမှာ အများပြည်သူကို အနှောင့်ယှက် ဖြစ်စေတဲ့ အပြုအမူတချို့ ပြုလုပ်ခဲ့တာကြောင့် ဂရိတ်မန်ချက်စတာ ရဲတပ်ဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ဒေးလီးမေးလ် သတင်း က ဆိုပါတယ်။

နယူးကာဆယ် အသင်းဟာ မန်ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားတော့မယ် လို့ တယ်လီဂရပ်ဖ် သတင်းက ဖော်ပြထားပါတယ်။
နယူးကာဆယ်အနေနဲ့ မန်ယူပစ်မှတ်ထားနေတဲ့ ဘရိုက်တန်ကွင်းလယ်လူ ဘစ်ဆိုမာကို အပြိုင်ခေါ်ယူဖို့ ကြိုးပမ်း လာပါတယ်။ မန်ယူအနေနဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့စီစဉ်လျက်ရှိနေပြီး ဘစ်ဆိုမာကို ရေရှည်ပစ်မှတ်ထားနေတာပါ။
မန်ယူအသင်းဟာ စီ ရော်နယ်ဒို ကို ခေါ်ယူစဉ်က စာချုပ်ထဲမှာ အထူးအချက်အလက် ၃ ခု ထည့်သွင်းထားကြောင်း သိရပါတယ်။ ထို အချက်တွေကတော့ မန်ယူနဲ့ အတူ ချန်ပီယံလိဂ် ဗိုလ်စွဲရင်၊ ဘလွန်းဒီအော ဆုနဲ့ ယူအီးအက်ဖ်အေ အကောင်းဆုံး ကစားသမား ဆု ရရင် ဆုကြေး ပေါင် ၁သန်း ရမယ့် အချက် ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဒေါ့မွန် ကြယ်ပွင့် ဟာလန်းကို ခေါ်ယူမယ့် ကြိုးစားမှုကနေ လက်လျှော့လိုက်ရပြီ ဖြစ်ကြောင်း ESPN သတင်းက ဖော်ပြထားပါတယ်။ ကစားသမားက စပိန်ဘက်ကို ပို အားသန်နေတဲ့ အပြင် ချန်ပီယံလိဂ် ကစားခွင့် အာမခံချက်လည်း ရရှိလိုနေတာပါ။
မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ပွဲမှာ တိုက်စစ်မှူးရက်ဖို့ဒ်ရဲ့ခြေစွမ်းဟာ ကျေနပ်စရာ ကောင်းခဲ့ကြောင်း၊ ရက်ဖို့ဒ်တစ်ယောက်ခြေစွမ်းပြနိုင်ခဲ့တာ အသင်းအတွက် အလွန်အရေးပါကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရီးရဲမက်ဒရစ်တိုက်စစ်မှူး ဘန်ဇီမာက စီရော်နယ်ဒိုဆီကနေ သူ များစွာသင်ယူခဲ့ရကြောင်း၊ ဒါကြောင့် ရော်နယ်ဒို ထွက်သွားချိန်မှာ ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဗီလာနည်းပြ ဂျရတ်က မန်ယူပစ်မှတ်ထားနေတဲ့ သူတို့ရဲ့ကွင်းလယ်လူ မက်ဂင်ကို ဆက်ထိန်း သွားမှာဖြစ်ကြောင်း၊ သူတို့ဟာ ကြယ်ပွင့် ကစားသမားတွေကို ရောင်းထုတ်တတ်တဲ့ အသင်း မဟုတ်ကြောင်း သတိပေးခဲ့ပါတယ်။