ဒိုလေး၊ ဖာနန်ဒက်စ်တို့ အပြင် နောက်ထပ် ပေါ်တူဂီ ကြယ်ပွင့် တစ်ဦး ထပ်ခေါ်ဖို့ လုပ်လာတဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက် အသင်းအပါအဝင် ပရီးမီးယားလိဂ် ထိပ်သီးကလပ် အတော်များများဟာ ပေါ်တိုကြယ်ပွင့် တောင်ပံတိုက်စစ်ကစားသမား ဒီယာ့ဇ်ကို ကင်းထောက် စောင့်ကြည့်မှုတွေ ပြုလုပ်နေကြကြောင်း သတင်းထွက် နေပါတယ်။
စွယ်စုံရ တောင်ပံတိုက်စစ်ကစားသမား ဒီယာ့ဇ်ဟာ လက်ရှိရာသီ ပါဝင်ကစားခဲ့တဲ့ ၁၈ ပွဲအတွင်း သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီ ဖြစ်ပြီး ဒီလအစောပိုင်းကတည်းက လီဗာပူးလ်အသင်းနဲ့ ချိတ်ဆက်မှုတွေ ရှိထားပါတယ်။
ခု နောက်ဆုံး အနေနဲ့ မန်ယူအသင်းနဲ့ အက်သလက်တီကို မက်ရစ် အသင်းတို့ကလည်း ၎င်းတို့ရဲ့ ကင်းထောက်တွေကို ထပ်မံစေလွှွတ်မှုတွေ ပြုလုပ်လာကြတာပါ။

ပေါ်တိုနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဒီယာ့ဇ် ရဲ့ စာချုပ်ဖြတ်သိမ်းကြေးဟာ ယူရို သန်း ၇၀ ကနေ သန်း ၈၀ ကြား ပမာဏမှာ ရှိနေပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့အတွင်း အဆိုပါ ပမာဏကို ပေးချေဖို့ ကလပ်အသင်းကြီးအချို့က ကြိုတင်စီစဉ်မှုတွေ ပြုလုပ်ထားပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။
ရော်နယ်ဒို၊ ဖာနန်ဒက်စ် ၊ နာနီ၊ ရိုဂျို ၊ လင်ဒီလော့ဖ်၊ အန်ဒါဆန် ၊ ဒါလော့ဒ် အစရှိတဲ့ ပေါ်တူဂီစတားတွေကို အသင်းထံ အရောက်ခေါ်ယူနိုင်ခဲ့တဲ့ ယူနိုက်တက်ကတော့ ပေါ်တူဂီ အပြောင်းအရွှေ့ဈေးကွက်နဲ့ ပိုမို ရင်းနှီးကျွမ်းဝင်မှု ရှိနေတာကြောင့် အခြားပြိုင်ဘက် အသင်းတွေထက် နှာတစ်ဖျား အသာရသွားနိုင်နေတာလည်း တွေ့ရပါတယ်။

မန်ယူအသင်းဟာ ၎င်းတို့ရဲ့ တောင်ပံတိုက်စစ်မှူး မာရှယ်လ်ကို ဆီဗီလာ အသင်းထံ အငှားစေလွှတ်ခဲ့သလို လင်ဂတ်ကိုလည်း နယူးကာဆယ် အသင်းထံ ထပ်မံရှင်းထုတ်ဖို့ ပြင်ဆင်နေပြီး တိုက်စစ်မှူး ကာဗာနီနဲ့ ရော်နယ်ဒိုတို့ရဲ့ အနာဂတ်ကလည်း လာမယ့်နွေရာသီအတွင်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် ခုကတည်းက ဒီယာ့ဇ် ကို ခေါ်ယူနိုင်ဖို့ စတင်စောင့်ကြည့်မှုတွေ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ZG
မန္ခ်က္စတာ ယူႏိုက္တက္ အသင္းအပါအဝင္ ပရီးမီးယားလိဂ္ ထိပ္သီးကလပ္ အေတာ္မ်ားမ်ားဟာ ေပၚတိုၾကယ္ပြင့္ ေတာင္ပံတိုက္စစ္ကစားသမား ဒီယာ့ဇ္ကို ကင္းေထာက္ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနၾကေၾကာင္း သတင္းထြက္ ေနပါတယ္။
စြယ္စုံရ ေတာင္ပံတိုက္စစ္ကစားသမား ဒီယာ့ဇ္ဟာ လက္ရွိရာသီ ပါဝင္ကစားခဲ့တဲ့ ၁၈ ပြဲအတြင္း သြင္းဂိုး ၁၄ ဂိုးအထိ သြင္းယူေပးထားႏိုင္ၿပီ ျဖစ္ျပီး ဒီလအေစာပိုင္းကတည္းက လီဗာပူးလ္အသင္းနဲ႔ ခ်ိတ္ဆက္မႈေတြ ရွိထားပါတယ္။
ခု ေနာက္ဆံုး အေနနဲ႕ မန္ယူအသင္းနဲ႔ အက္သလက္တီကို မက္ရစ္ အသင္းတို႔ကလည္း ၎တို႔ရဲ႕ ကင္းေထာက္ေတြကို ထပ္မံေစလႊြတ္မႈေတြ ျပဳလုပ္လာၾကတာပါ။
ေပၚတိုနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ ဒီယာ့ဇ္ ရဲ႕ စာခ်ဳပ္ျဖတ္သိမ္းေၾကးဟာ ယူ႐ို သန္း ၇၀ ကေန သန္း ၈၀ ၾကား ပမာဏမွာ ရွိေနေပမယ့္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕အတြင္း အဆိုပါ ပမာဏကို ေပးေခ်ဖို႔ ကလပ္အသင္းႀကီးအခ်ိဳ႕က ႀကိဳတင္စီစဥ္မႈေတြ ျပဳလုပ္ထားၿပီး ျဖစ္ေၾကာင္းလည္း သိရပါတယ္။
ေရာ္နယ္ဒို၊ ဖာနန္ဒက္စ္ ၊ နာနီ၊ ႐ိုဂ်ိဳ ၊ လင္ဒီေလာ့ဖ္၊ အန္ဒါဆန္ ၊ ဒါေလာ့ဒ္ အစရွိတဲ့ ေပၚတူဂီစတားေတြကို အသင္းထံ အေရာက္ေခၚယူႏိုင္ခဲ့တဲ့ ယူႏိုက္တက္ကေတာ့ ေပၚတူဂီ အေျပာင္းအေ႐ႊ႕ေဈးကြက္နဲ႔ ပိုမို ရင္းႏွီးကြၽမ္းဝင္မႈ ရွိေနတာေၾကာင့္ အျခားၿပိဳင္ဘက္ အသင္းေတြထက္ ႏွာတစ္ဖ်ား အသာရသြားႏိုင္ေနတာလည္း ေတြ႕ရပါတယ္။
မန္ယူအသင္းဟာ ၎တို႔ရဲ႕ ေတာင္ပံတိုက္စစ္မႉး မာရွယ္လ္ကို ဆီဗီလာ အသင္းထံ အငွားေစလႊတ္ခဲ့သလို လင္ဂတ္ကိုလည္း နယူးကာဆယ္ အသင္းထံ ထပ္မံရွင္းထုတ္ဖို႔ ျပင္ဆင္ေနၿပီး တိုက္စစ္မႉး ကာဗာနီနဲ႔ ေရာ္နယ္ဒိုတို႔ရဲ႕ အနာဂတ္ကလည္း လာမယ့္ေႏြရာသီအတြင္း အေျပာင္းအလဲေတြ ျဖစ္ေပၚလာႏိုင္တာေၾကာင့္ ခုကတည္းက ဒီယာ့ဇ္ ကို ေခၚယူႏိုင္ဖို႔ စတင္ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနၾကတာ ျဖစ္ပါတယ္။